အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ အပူချိန် စံချိန်တင်လောက်အောင် မြှင့်တက်နေတာကြောင့် လူတွေသန်းနဲ့ချီပြီး ပြင်းထန်တဲ့ အပူဒဏ်ကိုရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေး မြန်မာစစ်ကောင်စီကို ဖိအားဆက်ပေးနိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တူညီတဲ့သဘောထားရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ အာဆီယံ ဘုံသဘောထားကို စစ်ကောင်စီ အကောင်အထည်ဖေါ်လာရေး အားထုတ်မှုကိုထောက်ခံသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုက Hollywood ရုပ်ရှင်နဲ့ ရုပ်သံစာရေးဆရာတွေ၊ ဇာတ်ညွှန်းဆရာတွေအပါအဝင် သရုပ်ဆောင်များသမဂ္ဂအဖွဲ့ဝင်တွေ ဒီနေ့ ဆန္ဒပြနေကြတာကြောင့် ရိုက်ကူးရေးတွေ ထိခိုက်နေပါတယ်၊
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်သွားအောင်နဲ့ ဒီမိုကရေစီအစိုးရ ပြန်လည် ပေါ်ပေါက်အောင် စစ်အာဏာပိုင်တွေကို ဖိအားပေးရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကဒီနေ့ပြောကြားလိုက်ပါတယ်။
နိုင်ငံကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုလွယ်ကူအောင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် ဗဟိုနိုင်ငံခြားရေးရာကော်မရှင် ညွှန်ကြားရေးမှူးတို့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို နေရပ်ပြန်ဖို့ အခြေအနေတွေ မလုံခြုံဘူးလို့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ အမေရိကန်ထိပ်တန်း လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ကြာသပတေးနေ့မှာပြောပြီး ရိုဟင်ဂျာတွေအတွက် အကူအညီတွေလည်း ထပ်မံ ပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာဆီယံနဲ့မဟာမိတ်နိုင်ငံများအစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကို ဇူလိုင်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာသွားရောက်မှာဖြစ်ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ် စွဲဆိုထားတဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ အမှုတွေရဲ့ တရားခွင်ကို နောက်ဆုတ်ပေးဖို့ တနင်္လာနေ့နှောင်းပိုင်းက ဖက်ဒရယ် တရားသူကြီး တဦးကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးဟာ အခိုင်အမာရှိနေကြောင်း နဲ့ နှစ်နိုင်ငံကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိသလို ဆွေးနွေးမှုတွေဆက်လုပ်သွားဖို့ မျှော်လင့်တဲ့ အကြောင်း ဗြိတိန်ကိုရောက်နေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောဆိုပါတယ်။
အမေရိကန် နဲ့ တရုတ်နိုင်ငံကြားက ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီနေ့ ပြောလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Yellen ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ ၄ ရက်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ထိခိုက်လာနိုင်ချေမရှိဘူးလို့ ပြောလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း တရာကျော်မှာ တားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ကလက်စတာ အမျိုးအစား ခဲယမ်းတွေ ယူကရိန်းပေးမယ့် အမေရိကန်ဆုံးဖြတ်ချက်အပေါ်မှာ အမေရိကန်မဟာမိတ်တွေရော ရုရှားကပါ စိုးရိမ်မကင်း တုန့်ပြန်ခဲ့ကြပါတယ်။ ကလပ်စတာဗုံး အသုံးပြုမှုတားမြစ်ထားတဲ့ နိုင်ငံတွေထဲမှာတော့ အမေရိကန် မပါဝင်ပါဘူး။
တရုတ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jenet Yellen နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng တို့ ဘေဂျင်းမြိုတော်မှာ ဒီနေ့စနေ့နေ့မှာ တွေ့ဆုံခဲ့ကြစဉ် ၂ နိုင်ငံကြား ပိုမိုကောင်းမွန်တဲ့ဆက်သွယ်ရေးလမ်းကြောင်း ထားနိုင်ဖို၌ မျှော်လင့်ကြောင်း ၂ ယောက်လုံးက ပြောကြားခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။