တရုတ်နိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ရဲ့ သံတမန်ရေး စွမ်းဆောင်ရည်ကို တရုတ်ထိပ်တန်းသံတမန်က ချီးကျုးလိုက်ပါတယ်။
မြန်မာနိုင်ငံအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်တဲ့သူတွေဆီ ပေးအပ်နိုင်ဖို့၊ အထူးသဖြင့် အာဏာရှင်အဖွဲ့အစည်းရဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတဲ့အကြောင်း Susan Stevenson က ပြောဆိုထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ G-20 စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြွေးမြီ ကိစ္စနဲ့ အခြားကမ္ဘာစိန်ခေါ်မှုတွေအတွက် တရုတ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ အမေရိကန်က စိတ်အားထက်သန်နေကြောင်း ပြောကြားလိုက်ပါတယ်။
ကမ္ဘာပေါ်က ကာဗွန်ဓါတ်ငွေ ထုတ်လွှတ်မှုအများဆုံး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ရပ်ဆိုင်းနေတဲ့ ဆွေးနွေးမှုတွေကို ပြန်လည်စတင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ သံတမန် တရုတ်နိုင်ငံကို ဒီနေ့ ရောက်ရှိလာတယ်လို့ တရုတ်အစိုးရပိုင်မီဒီယာက ပြောလိုက်ပါတယ်။
အမေရိကန်မှာ လောလောဆယ်ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ထိရောက်မှုမရှိလှဘူးလို့ အမေရိကန်ပြည်သူလူထု ၄၉% က ယူဆကြောင်း AP သတင်းဌာနက ဇွန်လ ၂၂ ရက်ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်တဲ့ သဘောထားစစ်တမ်းတခုက ပြသလိုက်ပါတယ်။ ၁၀% က ဒီမိုကရေစီဟာ ကောင်းမွန်စွာ အလုပ်ဖြစ်နေတယ်ယူဆပြီး၊ ၄၀% ကတော့ တဝက်တပျက် အလုပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ အပူချိန် စံချိန်တင်လောက်အောင် မြှင့်တက်နေတာကြောင့် လူတွေသန်းနဲ့ချီပြီး ပြင်းထန်တဲ့ အပူဒဏ်ကိုရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေး မြန်မာစစ်ကောင်စီကို ဖိအားဆက်ပေးနိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တူညီတဲ့သဘောထားရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ အာဆီယံ ဘုံသဘောထားကို စစ်ကောင်စီ အကောင်အထည်ဖေါ်လာရေး အားထုတ်မှုကိုထောက်ခံသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုက Hollywood ရုပ်ရှင်နဲ့ ရုပ်သံစာရေးဆရာတွေ၊ ဇာတ်ညွှန်းဆရာတွေအပါအဝင် သရုပ်ဆောင်များသမဂ္ဂအဖွဲ့ဝင်တွေ ဒီနေ့ ဆန္ဒပြနေကြတာကြောင့် ရိုက်ကူးရေးတွေ ထိခိုက်နေပါတယ်၊
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်သွားအောင်နဲ့ ဒီမိုကရေစီအစိုးရ ပြန်လည် ပေါ်ပေါက်အောင် စစ်အာဏာပိုင်တွေကို ဖိအားပေးရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကဒီနေ့ပြောကြားလိုက်ပါတယ်။
နိုင်ငံကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုလွယ်ကူအောင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် ဗဟိုနိုင်ငံခြားရေးရာကော်မရှင် ညွှန်ကြားရေးမှူးတို့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို နေရပ်ပြန်ဖို့ အခြေအနေတွေ မလုံခြုံဘူးလို့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ အမေရိကန်ထိပ်တန်း လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ကြာသပတေးနေ့မှာပြောပြီး ရိုဟင်ဂျာတွေအတွက် အကူအညီတွေလည်း ထပ်မံ ပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာဆီယံနဲ့မဟာမိတ်နိုင်ငံများအစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကို ဇူလိုင်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာသွားရောက်မှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။