ဆက်လက်ပြီး သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ် အစီအစဉ်တွေကို ထုတ်လွှင့်ပါ့မယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တရုတ်တန်းမှာ ကိုဗစ်အလွန်ကာလ စီးပွါးရေးလုပ်ငန်းငယ်တချို့ ပြန်လည်ပတ်နိုင်ဖို့ မျိုးဆက်သစ်လူငယ်တွေ ကြိုးပမ်းနေကြတဲ့ အကြောင်း VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားတာကို တင်ပြပေးချင်ပါတယ်။
အထင်ကရ တက္ကသိုလ်ကြီးဖြစ်တဲ့ Harvard နဲ့ မြောက် Carolina တက္ကသိုလ် ၂ ခုရဲ့ အမှုကို ပြည်ထောင်စု တရား ရုံးချုပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် သမ္မတ Biden က သူ့အနေနဲ့တော့ သဘောမတူဘူးလို့ ခုလိုတုံ့ပြန်လိုက်တာပါ။
အမေရိကန် ဒုသမ္မတဟောင်း Mike Pence ဟာ ကြာသပတေးနေ့မှာ ကြိုတင် မကြေညာပဲ ယူကရိန်းကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံက ရီပတ်ဘလစ်ကင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲက ပထမဆုံးသူအဖြစ် ယူကရိန်းသမ္မတကို သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။
အမေရိကန်က တက္ကသိုလ်တွေမှာ လူနည်းစု လူအုပ်စုဝင်တွေ၊ ခွဲခြားဆက်ဆံ ခံရသူတွေကို ဦးစားပေးတဲ့ မူဝါဒအဖြစ် လူမျိုးကိုအခြေခံပြီး ခွဲတမ်းစနစ်နဲ့ ကျောင်းဝင်ခွင့်ပေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဗဟိုတရားရုံးချုပ်က ကြာသာပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ရုရှား Wagner ကြေးစားတပ်အတွက် အသုံးစရိတ်ရဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနဲ့ ရုရှားနိုင်ငံတို့မှာရှိတဲ့ ကုမ္ပဏီတွေဟာ ဥပဒေမဲ့ ရွှေအရောင်းအဝယ်တွေ လုပ်ခဲ့ကြတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ဆုတ်ယုတ်လာတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး လူကုန်ကူးဂိုဏ်းတွေဟာ ဆင်းရဲတဲ့ နိုင်ငံတချို့က လူငယ်တွေကို ဆိုက်ဘာရာဇဝတ်မှုမှာ အဓမ္မခိုင်းစေနေကြတယ်လို့ အမေရိကန်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီးက ပြောပါတယ်။
ဗီယက်နမ် ရေပိုင်နက်မှာ တရုတ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့အပေါ် ဗီယက်နမ်အစိုးရက ကန့်ကွက်ရှုတ်ချခဲ့ပြီး သီတင်းပတ်တွေအကြာ အမေရိကန် လေယာဉ်တင်သင်္ဘောဟာ ဗီယက်နမ်အလယ်ပိုင်း ဒါနန်မြို့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆိုက်ကပ်ခဲ့ပါတယ်။
NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်အစိုးရမှာ မြန်မာ့အရေး အဓိကကိုင်တွယ်နေသူတွေနဲ့ ဝါရှင်တန်မြို့တော်မှာ အခုရက်ပိုင်း တွေ့ဆုံနေပါတယ်။
မြောက်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ နစ်မြုပ်နေတဲ့ Titanic သင်္ဘောရှိရာနားကို သွားရောက်စူးစမ်းတဲ့ Titan ရေငုပ်ယာဉ်ငယ် ပေါက်ကွဲမှုကို ကနေဒါအစိုးရက စတင်စုံစမ်းနေပါပြီ။
အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်လာရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ သူ့ခရီးစဉ်နောက်ဆုံးနေ့မှာ အမေရိကန်နဲ့အိန္ဒိယ နည်းပညာအမှုဆောင်အရာရှိတွေနဲ့ ဝါရှင်တန်ဒီစီမှာတွေ့ဆုံပြီး ကာကွယ်ရေးနဲ့နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရုတ်ရဲ့ စိန်ခေါ်မှုကိုရင်ဆိုင်ရေး သဘောတူခဲ့ပါတယ်။
အမေရိကန်ရေတပ်ရဲ့ အကြီးဆုံးသင်္ဘောတွေထဲ တစီးဖြစ်တဲ့ ယူအက်စ်အက်စ် ရော်နယ်ရေဂင် လေယာဉ်တင် သင်္ဘောကြီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဗီယက်နမ် ဆိပ်ကမ်းတခုမှာ ခရီးတထောက်နား ဆိုက်ကပ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ဗီယက်နမ် VnExpress အွန်လိုင်းသတင်းစာက ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ဒုတိယသမ္မတ Kamala Harris၊ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နဲ့အတူ နေ့လည်စာအတူစားရင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။