အမေရိကန် ဒုသမ္မတဟောင်း Mike Pence ဟာ အများမျှော်လင့်ထားတဲ့အတိုင်း ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာပြီး ရှေ့သီတင်း Iowa ပြည်နယ်မှာ တရားဝင် မဲဆွယ်စည်းရုံးမှုတွေ စတင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်နဲ့ အာရှနိုင်ငံတော်တော်များများ သူပိုင် ကိုယ်ပိုင်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်နဲ့ဆက်နေတဲ့ Manila ပင်လယ်အော်မှာ သီတင်းတပါတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်မှာဖြစ်ပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်အတွက် ချေးယူနိုင်မယ့် ငွေပမာဏ ကန့်သတ်ချက်ကို ၂၀၂၅ ခုနှစ် အစောပိုင်း အထိ ဆိုင်းငံ့ထားဖို့ အတွက် ဥပဒေပြုရေးကိစ္စကို အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ မဲခွဲဆုံးဖြတ်ကြပါမယ်။
ဒီသီတင်းပတ်ကုန် စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် နှစ်ပတ်လည် လုံခြုံရေးညီလာခံမှာ ၂ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်တွေ တွေ့ဆုံဖို့အတွက် အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်တာကြောင့် အင်အားကြီးနိုင်ငံကြား တင်းမာမှုသစ်အဖြစ် တွေ့မြင်ကြရပါတယ်။
ကမ္ဘာကျော် အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွိဖ်ရဲ့ (Taylor Swift)Eras ဖျော်ဖြေရေးခရီးစဥ်မှာ ပွဲတိုင်းကို ပရိသတ်တွေ အထူးအားပေး ကျေနပ်မှု ရခဲ့ကြပြီး စံချိန်သစ်တွေလည်း တင်နိုင်ခဲ့တာပါ။
အမေရိကန်အစိုးရ အသုံးစရိတ်အတွက် ချေးယူနိုင်မယ့် ငွေပမာဏကို တိုးမြှင့်ဖို့အတွက် ဥပဒေပြုရေးကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ကြားမှာ မူအားဖြင့် သဘောတူညီမှုရသွားခဲ့ပြီ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံမှာ အစိုးရတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကြား တပတ်ကြာ အပစ်အခတ်ရပ်စဲထားတာကို မနက်ဖြန် တနင်္လာနေ့မှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် နောက်ထပ်သက်တမ်းထပ်တိုးဖို့ အမေရိကန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်အတွက် ချေးယူနိုင်မယ့်ငွေ ပမာဏတိုးဖို့ အစိုးရနဲ့ လွှတ်တော်ကြား သဘောတူညီမှု မရသေးပေမဲ့ ဇွန် ၅ ရက်နေ့အထိ အစိုးရလည်ပတ်လို့ ရနိုင်သေးတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောလိုက်တာမို့ စိတ်သက်သာရာ ရစေခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မေလ ၂၉ ရက်၊ လာမယ့်တနင်္လာနေ့ကျရင် စစ်ပွဲတွေတွင်း ကျဆုုံးခဲ့တဲ့စစ်သည်တွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဘွယ်နေ့ ကျရောက်မှာမို့ နိုင်ငံတဝန်းက ဧည့်သည်တွေ ဝါရှင်တန်မြို့တော်ကို လာရောက်နေကြပါတယ်။
Oath Keepers ဆိုတဲ့ လက်ယာစွန်းဝါဒီလက်နက်ကိုင်အဖွဲ့ တည်ထောင်သူ Stewart Rhodes ကို နိုင်ငံတော် အကြည်အညိုပျက်အောင် ပူးပေါင်းကြံစည်မှုအပါအဝင် တခြားပြစ်မှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ်ချလိုက်ပါတယ်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimond နဲ့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao တို့ ကြား တရုတ် အမေရိကန် ကူးသန်ရောင်းဝယ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်းနဲ့ အနှစ်သာရရှိရှိ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အမေရိကန် ကူသန်းရောင်းဝယ်ရေးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပါတယ်
အမေရိကန် ကောင်စစ်ဌာနတွေမှာ ဗီဇာလျှောက်ထားမှုတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် စိစစ်ပေးနိုင်ဖို့ ခုလို ဗီဇာကြေးတွေ တိုးကောက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။