အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ဒုတိယသမ္မတ Kamala Harris၊ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နဲ့အတူ နေ့လည်စာအတူစားရင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
Titanic သင်္ဘောပျက်ရှိရာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ရေအောက်ကို ရေငုပ်သင်္ဘောယာဉ်ငယ်နဲ့ စူးစမ်းလေ့လာရေးခရီးသွားရင်း ပေါက်ကွဲသေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ မိတ်ဆွေတွေ ဝမ်းနည်းစကားဆိုနေကြပါတယ်။
မြန်မာနိုင်ငံ အခြေအနေဆိုးဝါးလာတဲ့အပေါ် အင်မတန်စိုးရိမ်တယ်လို့ အိမ်ဖြူတော်မှာ သမ္မတ Joe Biden နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့တွေ့ဆုံအပြီး ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီဟာ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိမ်နင်းမှုတွေလုပ်ဖို့ ပြည်ပက အကူအညီတွေကို ရယူနေရာမှာ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ ရုရှားလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံပိုင်ဘဏ်လုပ်ငန်း ၂ ခုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတ Xi Jinping (ရှီကျင့်ဖျင်) ကို အာဏာရှင်အဖြစ် ခေါ်ဝေါ်သုံးစွဲလိုက်တဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့် အပေါ် စွဲဆို ထားတဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ အမှုရဲ့ ပထမဆုံး ရုံးချိန်းကို လာမယ့် သြဂုတ်လ ၁၄ ရက်မှာ စတင်ဖို့ ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီက ဖက်ဒရယ်တရားရုံးက သတ်မှတ်လိုက်ပါတယ်။
နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှုတွေ အပြန်အလှန်လေးစားဖို့နဲ့ ရိုးသားမှုကို အခြေခံဖို့၊ ဝန်ကြီး ဘလင်ကန်အနေနဲ့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်ဖို့အတွက်ပိုပြီး အပြုသဘောဆောင် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်သမ္မတ Xi Jinping ပြောဆိုသွားတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ မနေ့ တနင်္ဂနွေနေ့တုန်းက ဘေကျင်းမြို့ မှာ ပွင့်ပွင့်လင်းလင်း တိုက်ရိုက် ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
သူ့ခရီးစဉ်ဟာ တရုတ်နဲ့ အမေရိကန်ကြား ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးထူထောင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီး Blinken က ပြောဆိုထားတာပါ။ Blinken ဟာ ၂၀၁၈ခုနှစ်နောက်ပိုင်း တရုတ်ပြည်ကို လာရောက်ခဲ့တဲ့ ပထမဆုံးသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) ဟာ လာမယ့်ဇွန်လ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မှာဖြစ်ပြီး၊ ဒီခရီးစဉ်က ၂ နိုင်ငံဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ်တွေ စိုက်ထူနိုင်လိမ့်မယ်လို့ ၂ ဘက်တာဝန်ရှိသူတွေက အပြုသဘောဆောင် ရှုမြင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံဆက်ဆံရေးမှာ သံတမန်ရေးအရ အဆက်အသွယ် မပြတ်ရှိနေဖို့ အရေးကြီးတယ်ဆိုတာ အဓိကဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တရုတ်နိုင်ငံကို သွားရောက်နေပါပြီ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။