သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သီးသန့်တာဝန်ရှိသူသာ ဖတ်ခွင့်ရှိတဲ့ လျှို့ဝှက်အချက်အလက်ပါ စာရွက်စာတမ်းတွေကို သမ္မတတာဝန်ပြီးဆုံးချိန်မှာ ကိုင်တွယ်လုပ်သင့်တဲ့အတိုင်း မလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကြီးလေးတဲ့ ပြစ်မှု ၃၇ ခုနဲ့ စွဲချက် အတင်ခံနေရပါတယ်။ ဒီအထဲမှာ နျူကလီယားနဲ့ ကာကွယ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေပါပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Alabama ပြည်နယ်က မဲဆန္ဒနယ် သတ်မှတ်ချက်ဟာ မဲပေးပိုင်ခွင့် ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
ကနေဒါနိုင်ငံမှာ လောင်ကျွမ်းနေတဲ့တောမီးကနေ ပျံ့လွင့်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုအရည်အသွေး စိုးရိမ်ရတဲ့အဆင့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတဲ့ အမေရိကန်အရှေ့ခြမ်းမြို့တွေမှာ ဒီနေ့ အခြေအနေ အနည်းငယ် ပြန်ကောင်းလာပါတယ်။
သီးသန့်တာဝန်ရှိသူတွေသာဖတ်ခွင့်ရှိတဲ့ လျှို့ဝှက်အချက်အလက်တွေကို သမ္မတတာဝန်ပြီးဆုံးချိန်မှာ ကိုင်တွယ်ဆောင်ရွက်သင့်တဲ့အတိုင်း မလုပ်ခဲ့တဲ့အတွက် သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကို Federal ဥပဒေချိုးဖောက်မှုနဲ့ ဖလော်ရီဒါပြည်နယ်တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ဟာ ကြာသပတေးနေ့က သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေ ရခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
အာဂျင်တီးနားက ကမ္ဘာကျော်ဘောလုံးသမား Lionel Messi က ဘာစီလိုနာမဟုတ်တဲ့ တခြားဥရောပအသင်းမှာ ထပ်မကစားချင် တာကြောင့် အမေရိကန် မေဂျာလိဂ်က အင်တာမိုင်ယာမီအသင်းကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ကနေဒါနိုင်ငံနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောင်မီးကနေပျံ့နှံ့လာတဲ့ မီးခိုးတွေဟာ လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်နိုင်လောက်တဲ့အထိ များပြားနေတာကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းက မြို့တွေမှာ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းဝတ်ကြဖို့ တာဝန်ရှိသူတွေ ဆော်သြနေပါတယ်။
အမေရိကန် ဒုသမ္မတဟောင်း မိုက်ပန့်စ်ဟာ ၂၀၂၄ ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးပွဲအတွက် မဲဆွယ်စည်းရုံးမှုကို ဗုဒ္ဓဟူးနေ့မှာ တရားဝင် စတင်လိုက်ပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh (ရာချ်နသ် ဆင်းဂ်) နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် နယူးဒေလီမှာ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန် နဲ့ တရုတ်နိုင်ငံသာ ထိပ်တိုက်တွေ့ကြမယ်ဆိုရင် ကမ္ဘာကြီးအတွက် ဘေးဒုက္ခကပ်ဆိုးကြီး ဖြစ်လာလိမ့်မှာ ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri La လုံခြုံရေးညီလာခံအတွင်း ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့အင်အားကြီးအမေရိကန်နဲ့ တရုတ်အကြားဆက်သွယ်ရေးလမ်းကြောင်းဆက်လက်ဖွင့်လှစ်ထားဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှပစ္စဖိတ်လုံခြုံရေး ဆိုင်ရာထိပ်သီးအစည်း-ရှန်ဂရီလာဆွေးနွေးပွဲမှာ စနေနေတုန်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။