အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံဆက်ဆံရေးမှာ သံတမန်ရေးအရ အဆက်အသွယ် မပြတ်ရှိနေဖို့ အရေးကြီးတယ်ဆိုတာ အဓိကဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တရုတ်နိုင်ငံကို သွားရောက်နေပါပြီ။
ဝါရှင်တန်မြို့တော်ကို လာရောက်တဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဇွန်လ ၁၆ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြ
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ ချိန်ကစပြီး မြန်မာ့နိုင်ငံရေး အခြေနေတိုးတက်တဲ့ အရိပ်အယောင် မတွေ့ရဘူးလို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့ စွမ်းအင်ဌာနအပါအဝင် အစိုးရအေဂျင်စီ အများအပြားကို ရုရှားရဲ့ ခြိမ်းခြောက် ငွေညှစ်တဲ့ ဆိုက်ဘာ ဂိုဏ်းတခုက ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၃ ခုနှစ် နှစ်စဉ် နိုင်ငံတကာ လူကုန်ကူးမှုအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို အဆုံးဆိုးအဆင့် Tier 3 မှာဆက်ပြီးထည့်ထားပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် အရေးယူဖို့ အခြေခံ စံသတ်မှတ်ချက်ကိုတောင် ပြည့်မှီအောင် မဆောင်ရွက်နိုင်ဘူးဆိုပြီးထည့်သွင်းထားတာပါ။
ဘလင်ကန်ရဲ့ ခရီးစဥ်တွင်းမှာ တရုတ် အကြီးတန်း အရာရှိ တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာစေဖို့ ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိန်းသိမ်းထားရေး ဆွေးနွေးကြမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
သူလျှိုမှုစွပ်စွဲချက်တွေနဲ့ ရုရှားနိုင်ငံမှာ မတ်လနှောင်းပိုင်းကတည်းက ထိန်းသိမ်းခံထားရတဲ့ အမေရိကန် သတင်းထောက် Evan Gershkovich ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကို အမေရိကန် အောက်လွှတ်တော်က အင်္ဂါနေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာပြည်ဖွား လူမျိုးစုံ ဘာသာစုံ နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းက ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော် Sacramento က ပြည်နယ် လွှတ်တော် အဆောက်အအုံ State Capitol မှာ မြန်မာ-အမေရိကန် တွေရဲ့ အထိမ်းအမှတ်နေ့ Burma Day ကို ပထမဆုံး အကြိမ် အနေနဲ့ ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
ထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွေကို နိုင်ငံတော်မှတ်တမ်းရုံးကိုမလွှဲပဲ ထိမ်းသိမ်းထားတာနဲ့ပတ်သက်လို့ စွဲချက်တွေမှာ သူ အပြစ်မရှိဘူးလို့ သမ္မတဟောင်း DonaldTrump က တရားရုံး လာရောက်ထွက်ဆိုပါတယ်။
မိုင်ယာမီမြို့လယ်က ဖက်ဒရယ်တရားရုံးမှာ Trump ကိုယ်တိုင် လာရောက်ဖို့ တရားရုံးက ဆင့်ခေါ် ထားတာကြောင့် သူ ရောက်လာတဲ့အချိန် ထောက်ခံသူတွေနဲ့ ကန့်ကွက် ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်တာမျိုးတွေ မကြုံရအာင် တရားရုံးနေရာတဝိုက် လုံခြုံရေး အထူး ကြပ်မတ်ထားတဲ့ အကြောင်း မိုင်ယာမီ ရဲဌာနကပြောပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာလျှို့ဝှက်မှတ်တမ်းတွေကို ပြန်မအပ်ပဲ သိမ်းထားတာနဲ့ပတ်သက်လို့ သမ္မတဟောင်း Trump အပေါ် ဂျူရီအဖွဲ့ရဲ့ ရာဇဝတ်မှုစွဲချက်ဟာ အတော်ကြီးဆိုးဆိုးဝါးဝါးဖြစ်စဉ်ပဲလို့ သမ္မတ Trump လက်ထက် ရှေနေချုပ်ဖြစ်ခဲ့သူ William Barr က မှတ်ချက်ပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။