အမေရိကန်နဲ တရုတ်ကြားက ဆက်ဆံရေး တင်းမာနေတာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဟာ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံခရီး စတင်ပါမယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ နေတိုးမဟာမိတ်အဖွဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ လစ်သူယေးနီးယားနိုင်ငံမှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာဘဲ အခုလို တွေ့ဆုံတာပါ။
အမေရိကန်ပြည်ထောင်စု တဝှမ်းမှာ ၂၄၇နှစ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ကို ပျော်ပွဲရွှင်ပွဲတွေ အခမ်းအနားတွေ ကျင်းပနေကြသလို၊ သမ္မတအိမ်ဖြူတော် လွတ်လပ်ရေးနေ့အခမ်းအနားမှာလည်း သမ္မတဘိုင်ဒန်က အမေရိကန်စစ်တပ်မိသားစုတွေကို ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောဆိုပါတယ်။
ဒီနှစ် ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၇ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပြီး ၁၇၇၆ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်အတွက် ပြည်သူတွေရဲ့ ပြင်းပြတဲ့ လိုလားတောင်းတမှုတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၂ စုကျော်က အမေရိကန်ပြည်ထောင်စုကို မွေးဖွားစေခဲ့တဲ့ ပြင်းပြတဲ့ဆန္ဒမျိုးပါပဲလို့ ရန်ကုန် အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဒက်ဘ် လင်း (Deb Lynn) က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟာ ရုရှားကဖမ်းဆီးခံထားရတဲ့ Wall Street Journal သတင်းထောက် Evan Gershkovich ကို မော်စကိုမှာ တနင်းလာနေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ The Wall Street သတင်းစာက ရေးပါတယ်။
Gallup စစ်တမ်းရဲ့ လေ့လာချက်အရ ၂၀၂၂ ခုနှစ်ထဲ အမေရိကန်မှာ စစ်တမ်းကောက်ယူခဲ့တဲ့ အရွယ်ရောက်သူတွေရဲ့ ၃၁ ရာခိုင်နှုန်းကသာ အစိုးရကို ယုံကြည်အားထားကြောင်း သဘောထားပေးခဲ့ကြပြီး၊ ဗြိတိန်မှာ ၃၃ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ဟာ နေတိုး ထိပ်သီးအစည်းအဝေး ကျင်းပမယ့် လစ်သူရေးနီးယား အပါအဝင်၊ ငါးရက်ကြာ ဥရောပ သုံးနိုင်ငံ ခရီး ကို လာမယ့် တစ်ပါတ်အကြာမှာ ထွက်မယ်လို့ အိမ်ဖြူတော် က တနင်္ဂနွေနေ့ က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု Indiana ပြည်နယ်မှာ ဒီလ ဇူလိုင်လကို မြန်မာ-အမေရိကန်လအဖြစ် ကြေညာလိုက်ပါတယ်။ Indiana ပြည်နယ်မှာ မြန်မာလူမှုအသိုင်းအဝိုင်း ကြီးထွားလာတာနဲ့အမျှ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု အားကောင်းလာတယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Eric Holcomb က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်၊ ဘော်လတီမိုးမြို့က ညဘက်ပါတီပွဲတခုမှာ လူ ၃၀ လောက် ပစ်ခတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Brooklyn အရပ်က ရပ်ကွက်ပါတီပွဲမှာ ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး၊ ဒဏ်ရာရသူတွေထဲမှာ ၃ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ရဲ့ လက်နက်ကိုင် ပုန်ကန်မှုဟာ ရုရှားအစိုးရကို အကျပ်အတည်း ဖြစ်စေပြီး၊ သမ္မတ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲကို ထိခိုက် ယိုယွင်းစေတယ် ဆိုတာကို ဖေါ်ပြနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး CIA ရဲ့အကြီးအကဲ William Burns က စနေနေ့တုန်းက ပြောဆိုလိုက်ပါတယ်။
အမေရိကန်မှာ ခွဲခြားခံခဲ့ရတဲ့ လူနည်းစုဦးစားပေးခွဲတမ်းနဲ့ တက္ကသိုလ်တွေမှာ ဝင်ခွင့်ပေးတာကို တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။ ဒီလို ခွဲတန်းနဲ့ ဝင်ခွင့်ပေးတဲ့ စံနစ် Afirmative Action မူဝါဒ အပေါ် အမေရိကန်ရောက် မြန်မာပါမောက္ခနဲ့ ကျောင်းသားတွေရဲ့ အမြင်ကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။