အမေရိကန် နဲ့ တရုတ်နိုင်ငံကြားက ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီနေ့ ပြောလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Yellen ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ ၄ ရက်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ထိခိုက်လာနိုင်ချေမရှိဘူးလို့ ပြောလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း တရာကျော်မှာ တားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ကလက်စတာ အမျိုးအစား ခဲယမ်းတွေ ယူကရိန်းပေးမယ့် အမေရိကန်ဆုံးဖြတ်ချက်အပေါ်မှာ အမေရိကန်မဟာမိတ်တွေရော ရုရှားကပါ စိုးရိမ်မကင်း တုန့်ပြန်ခဲ့ကြပါတယ်။ ကလပ်စတာဗုံး အသုံးပြုမှုတားမြစ်ထားတဲ့ နိုင်ငံတွေထဲမှာတော့ အမေရိကန် မပါဝင်ပါဘူး။
တရုတ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jenet Yellen နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng တို့ ဘေဂျင်းမြိုတော်မှာ ဒီနေ့စနေ့နေ့မှာ တွေ့ဆုံခဲ့ကြစဉ် ၂ နိုင်ငံကြား ပိုမိုကောင်းမွန်တဲ့ဆက်သွယ်ရေးလမ်းကြောင်း ထားနိုင်ဖို၌ မျှော်လင့်ကြောင်း ၂ ယောက်လုံးက ပြောကြားခဲ့ကြပါတယ်။
ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster Bomb ဗုံးလက်နက်တွေကို ယူကရိန်းနိုင်ငံကို ပို့ပေးမယ့် ဆုံးဖြတ်ချက်နဲ့ပါတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ကာကွယ်ပြောဆိုနေပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေကို ဆွေးနွေးဖို့ အမေရိကန် အဆင့်မြင့် သံတမန်တယောက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်နေပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန် ဒုတိယမြောက် အမေရိကန်အစိုးရရဲ့ အဆင့်မြင့်အရာရှိအနေနဲ့ တရုတ်နိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီးရောက်နေတာပါ။
အမေရိကန်နဲ တရုတ်ကြားက ဆက်ဆံရေး တင်းမာနေတာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဟာ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံခရီး စတင်ပါမယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ နေတိုးမဟာမိတ်အဖွဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ လစ်သူယေးနီးယားနိုင်ငံမှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာဘဲ အခုလို တွေ့ဆုံတာပါ။
အမေရိကန်ပြည်ထောင်စု တဝှမ်းမှာ ၂၄၇နှစ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ကို ပျော်ပွဲရွှင်ပွဲတွေ အခမ်းအနားတွေ ကျင်းပနေကြသလို၊ သမ္မတအိမ်ဖြူတော် လွတ်လပ်ရေးနေ့အခမ်းအနားမှာလည်း သမ္မတဘိုင်ဒန်က အမေရိကန်စစ်တပ်မိသားစုတွေကို ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောဆိုပါတယ်။
ဒီနှစ် ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၇ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပြီး ၁၇၇၆ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်အတွက် ပြည်သူတွေရဲ့ ပြင်းပြတဲ့ လိုလားတောင်းတမှုတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၂ စုကျော်က အမေရိကန်ပြည်ထောင်စုကို မွေးဖွားစေခဲ့တဲ့ ပြင်းပြတဲ့ဆန္ဒမျိုးပါပဲလို့ ရန်ကုန် အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဒက်ဘ် လင်း (Deb Lynn) က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟာ ရုရှားကဖမ်းဆီးခံထားရတဲ့ Wall Street Journal သတင်းထောက် Evan Gershkovich ကို မော်စကိုမှာ တနင်းလာနေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ The Wall Street သတင်းစာက ရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။