ယူကရိန်းကို အနောက်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ပေးပို့တာဟာ ပဋိပက္ခကို ပိုမိုရှည်ကြာစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့လည်း ရုရှားက ကျင်းပတဲ့ နှစ်ပတ်လည် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ပြောလိုက်တာပါ။
တတိုင်းပြည်လုံးညီညွတ်မှု စိတ်ဓါတ်ခွန်အားကို အမှတ်ရဖို့နဲ့ နိုင်ငံရေးအရအစွန်းရောက်မှုတွေမဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စုအကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတခုမှာ သမ္မတ Joe Biden က ပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလက လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့ရတဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှု ၂၂ နှစ်ပြည့် သမ္မတ Joe Biden က Alaska ပြည်နယ် Anchorage အခြေစိုက် စစ်စခန်းမှာ စစ်မှုထမ်းတွေ၊ အရေးပေါ် ဝန်ထမ်းတွေနဲ့ မိသားစုတွေကို ဒီကနေ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
အမေရိကန်နဲ့ ဗီယက်နမ်နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူညီတာကို နှစ်နိုင်ငံခေါင်းဆောင်တွေ ကြိုဆိုလိုက်ပြီး နည်းပညာတီထွင်မှုတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ခြေ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း သမ္မတ Joe Biden က ဒီနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ ပြောဆိုပါတယ်။
ဒေသတွင်းက ECOWAS- အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းအဖွဲ့နဲ့အတူ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ ကျူးကျော်နိုင်ခြေပြင်ဆင်မှုအနေနဲ့ အနောက်အာဖရိကတိုင်းပြည်အတော်များများမှာ ပြင်သစ်တပ်တွေ တပ်ဖြန့်ချထားတယ်လို့ နိုင်ဂျာ စစ်အာဏာ သိမ်းအစိုးရက စွပ်စွဲလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတိုင်းကို ဆန့်ကျင်ရှုတ်ချသလို လူမျိုးရေးမုန်းတီးမှု အခြေခံတဲ့ တိုက်ခိုက်မှုတွေကိုလည်း လက်သင့်မခံကြောင်း 9/11 ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုကို ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။ နယူးယောက်မြို့က ကိုရွှေ ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။
"ဗီယက်နမ်နိုင်ငံဟာ ဒေသတွင်းပြိုင်ဖက် တရုတ်နဲ့လည်း အဆင့်မြင့်သံတမန်ဆက်ဆံရေးထားတဲ့နိုင်ငံဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ခိုင်ခိုင်မာမာယူဆထားတဲ့ အခုလို အလွန်တရာအရေးကြီးတဲ့အချိန်မျိုးမှာ ဗီယက်နမ်နဲ့ အမေရိကန်ဟာ အရေးကြီးတဲ့ မိတ်ဖက်တွေဖြစ်ကြတယ်"( အမေရိကန်သမ္မတ Biden)
အမေရိကန်သမ္မတ ဂျိုဘိုင်ဒန်ဟာ သူ့ရဲ့ ဗီယက်နမ်ချစ်ကြည်ရေးခရီးစဉ်အတွက် ဒီကနေ့မှာ မြို့တော်ဟနွိုင်းကို ဆိုက်ရောက်လာပါတယ်။
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုံယမ်းမြိုတော်မှာ သောကြာနေ့ညက စစ်ရေးပြအခမ်းအနားကျင်းပခဲ့ပါတယ်။ Kim Il Song ရင်ပြင်မှာ ကျင်းပတဲ့အခမ်းအနားကို ခေါင်းဆောင် Kim Jong Un နဲ့ သမီးဖြစ်သူတို့ တက်ရောက်တာကို နိုင်ငံပိုင်သတင်းတွေမှာ ထုတ်ပြန်ပါတယ်။
မနက်ဖြန် အိန္ဒိယနိုင်ငံမှာ စတင်ကျင်းပမယ့် စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀၊ G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden နယူးဒေလီမြို့တော်မှာ ရောက်ရှိနေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သူ့ရဲ့ ယူကရိန်းခရီးစဉ် ဒုတိယမြောက်နေ့ ဒီနေ့ကြာသပတေးနေ့မှာ Kyiv မြို့တော်ကို လှည့်ပတ်လေ့လာခဲ့သလို ယူကရိန်းစစ်တပ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး၊ စစ်လက်နက်ပစ္စည်းတွေကို ကြည့်ရှုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုတလွှား အခြေခံပညာကျောင်းတွေမှာပါ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်တာကြောင့် လက်နက်ကိုင် လုံခြုံရေးတွေချထားပေးဖို့ တချို့ပြည်နယ်တွေမှာ စီစဉ်နေပါတယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့ ရဲအင်အားရော၊ ငွေကြေးရော အလုံအလောက် မရှိတာကြောင့် အခက်တွေ့နေကြောင်း အေပီသတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။