အမေရိကန်နဲ့ တောင်ကိုရီယားနိုင်ငံအကြား ဆယ်စုနှစ် ၇ ခုကြာ မဟာမိတ်ဖြစ်မှု အထိမ်းအမှတ်ကာလမှာပဲ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေတိုးလာနေတာကို ပူးတွဲဟန့်တားရေး တိုးမြှင့်ဆောင်ရွက်မယ်လို့ နှစ်နိုင်ငံ ကတိကဝတ်ပြုခဲ့ကြပါတယ်။
အမေရိကန် အာကာသ အေဂျင်စီ NASA က ရယူခဲ့တဲ့ အာကာသထဲက ဥက္ကာခဲ၊ ဂြိုလ်သိမ် ဂြိုလ်မွှား နမူနာပါလာတဲ့ ယာဉ်ငယ်ဟာ ပင်မအာကာသယာဉ်ကနေ လေထီးနဲ့ ကမ္ဘာမြေကို ပြန်ဆင်းသက်လာပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၊ ကုလသမဂ္ဂမှာ မြန်မာလူထုကိုယ်စား ဆက်လက်ကိုယ်စားပြုနိုင်ရေး ထောက်ခံဆန္ဒပြပွဲတွေ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့အပါအဝင် ကမ္ဘာ့မြို့တချို့မှာ စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ သမ္မတ Joe Biden စီစဥ်နေပါတယ်။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားလာတာကို တန်ပြန်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ သံတမန်ရေးဆက်ဆံရေး အမေရိကန်ဘက်က တိုးမြှင့် တည်ဆောက်လာတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သပိတ်မှောက်နေကြတဲ့ ကားစက်ရုံ အလုပ်သမားတွေဘက်က အားပေးရပ်တည်တယ်ဆိုတာ ပြသဖို့ သမ္မတ Joe Biden ဟာ အင်္ဂါနေ့ကျရင် Michigan ပြည်နယ် Detroit မြို့ကို သွားရောက်မှာဖြစ်ပါတယ်။
မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံမှာ အခြေချဖို့ ကြိုးစား ဝင်ရောက်လာသူ အခုစက်တင်ဘာ ပထမ လဝက်အတွင်းမှာတင် တသိန်းခွဲနီးပါး ရှိနေပြီလို့ အမေရိကန် နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းကလိုအပ်နေတဲ့ပြည်သူတွေအတွက် အမေရိကန်က လူသားချင်းစာနာကူညီမှု နောက်ထပ် ဒေါ်လာ ၁၁၆ သန်းထောက်ပံ့မယ့်ထဲမှာ ဒေါ်လာ ၇၄ သန်းကိုတော့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအကူအညီပေးထားတဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းကို ထောက်ပံ့ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံကိုရောက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူမှာတွေ့ဆုံခဲ့ပြီး ရုရှားကျူးကျော်စစ်အတွက် ယူကရိန်းရဲ့တွန်းလှန်နေမှုကို ဆက်လက် ကူညီမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့ အကူအညီတွေ လိုအပ်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်ကို လာရောက်ပြီး အမေရိကန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေသန်ယာဟုနဲ့ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအရေးကိစ္စအပြင် ဒေသဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရုရှားက နေ့တိုင်းလို ကျူးလွန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်န်တော်နီ ဘလင်ကန် (Antony Blinken) က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။