"မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို တကယ်လုပ်ရမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့ အကူအညီကတော့ ကျနော်တို့ အပြောင်းအလဲကို ကိုယ်တိုင်လုပ်ဖို့အတွက် အထောက်အကူ ဖြစ်စေတဲ့အရာတွေပါ။" - AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်
"အဲ့ဒီမှာပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးနဲ့ ပတ်သက်ပြီးတော့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ စိုးရိမ်ပြီး ရှောင်နေတဲ့ ရွာသားတွေရှိရင်လည်း ပြစ်မှုမှာ မပတ်သက်ဘူးဆိုရင် ဘာမှ စိုးရိမ်စရာ မရှိဘူး။ မိမိဒေသမှာ အေးအေးချမ်းချမ်း နေနိုင် တယ်။" - ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်
(၈) လေးလုံးအရေးတော်ပုံနောက်ပိုင်း ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ရာမှာ အားလုံးသဘောတူညီချက်မရခင် မှတ်ပုံတင်လိုက်တယ်ဆိုတဲ့ သဘောထားကွဲလွဲမှုတချို့ ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
"တပ်မတော်မှာ ဥပဒေရှိတယ်။ ဒါပေမဲ့ ဒါတွေက အမြဲတမ်း ကင်းလွတ်ခွင့် ရနေတာလေ။ ကျူးလွန်တဲ့လူက ရိုးရိုးလူပဲဖြစ်ဖြစ်၊ စစ်တပ်ကလူပဲဖြစ်ဖြစ် ကျူးလွန်တဲ့အတိုင်း ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူစေချင်တယ်။ အဲဒါတခုပေါ့နော်။ နောက်ပြီးတော့ စစ်တပ်မို့လို့ အထူးအရေးပေးတာမျိုး၊ အဲဒါမျိုးကိုလည်း မလိုချင်ဘူးပေါ့နော်။ ဒါတွေကို.."
အာဆီယံနိုင်ငံများ အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ အစိုးရတွေကို တင်ပြတာ၊ ထိထိရောက်ရောက် ကာကွယ်ဖြေရှင်းပေးတာမျိုး မလုပ်ခဲ့ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်မှုများ အပေါ်သုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်။
“အဲ့ဒီ ၁၃ ရက်နေ့က ကုန်းလမ်းပို့ဆောင်ရေးတွေလည်း အကုန်လုံး ပိတ်မှာလေ။ တက္ကဆီတွေရော၊ လိုင်းကားတွေရော အကုန်လုံး ပိတ်မယ်ဆိုတော့ ရထားလမ်းကလွဲလို့ အဲ့ဒီတခုတည်းဖွင့်မယ်ဆိုတော့ အဲ့ဒီနေရာတွေမှာ တကယ်လို့ ဆန္ဒပြတဲ့နေရာတွေမှာ ဖြစ်နေလို့ရှိရင်တော့ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။”
"ဒေါ်အောင်ဆန်းစုကြည်ကတော့ ပညာရေးပွင့်ရေးအနေနဲ့ ကျောင်းတကျောင်း အရှင်ဆန္ဒာဒိကနဲ့ ပတ်သက်ပြီး ကျောင်းတကျောင်း လှူပေးတယ်ပေါ့နော်။ အဲဒီလိုပဲ နောက်မှာလည်းပဲ တိုးတက်မှု၊ ဖွံ့ဖြိုးမှု အနည်းဆုံး နေရာတွေကို အဓိကအားဖြင့်ကတော့ ပညာရေးပွင့်ရေးကို အဓိက ဦစားပေးပြီး သူဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ ကျနော်မြင်ပါတယ်။"
ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေးနေ့အခမ်းအနားမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ဖို့ တပ်မတော်အပါအဝင် တနိုင်ငံလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှားအလုပ်သမားတွေနဲ့ အချင်းများရာကနေ အသက်အန္တရာယ်စိုးရိမ်တဲ့အတွက် ပုန်းအောင်းနေကြတဲ့ မြန်မာအလုပ်သမားတွေရှိရာကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားရေးရာသံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့က သွားရောက်အားပေးခဲ့ကြပြီး လိုအပ်တဲ့အကူအညီတွေကို စတင်ဆောင်ရွက်နေပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရတဲ့ ကားပါမစ်တွေထုတ်ပေးတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန် အစိုးရဘက်က ဒါဟာ လက်နက်ကိုင်အဖွဲ့တွေ တရားဝင်ရပ်တည်ရေးအတွက် ဖြေရှင်းပေးတာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
၂၀၁၃ မကုန်ခင် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီပြုစုနေဆဲ စာရင်းကို စောင့်နေတဲ့အကြောင်းနဲ့ စာရင်းထွက်လာတာနဲ့ သမ္မတဦးသိန်းစိန်က အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်တဲ့အကြောင်း သမ္မတရဲ့ပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။
"ပတ်သက်မှုတော့ ဘာမှမရှိဘူး။ ကျနော်တို့က Construction လုပ်တာ၊ အလုပ်လုပ်လို့ရမယ်၊ အဆင်ပြေမယ့်ဟာဆို ကျနော်တို့ လုပ်လိုက်တယ်။ ဒီအခြားဆက်ဆံမှုကျတော့ ကျနော်တို့လည်း အဲ့လောက် ဘယ်လိုပြောရမလဲ ဒီဟာ ဘာလုပ်တယ်ဆိုတာလည်း တကယ် မသိခဲ့ဘူးပေါ့နော်။"
"တိုင်းဒေသကြီး အစိုးရပေါ့နော် သူတို့ဆက်ပြီး လုပ်ပါလိမ့်မယ်။ တရားဥပဒေ စိုးမိုးရေးအရ ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါပေမဲ့ ဒီလူတွေရဲ့ ခံစားချက်ကိုတော့ စာနာနားလည် ပေးလို့တော့ ရပါတယ်။ သို့သော်လည်းပဲ တိုင်းဒေသကြီး အစိုးရအနေနဲ့ သူ့ရဲ့ ဆောင်ရွက်ရမယ့် ဝတ္တရားအရ သူ ဆောင်ရွက်သင့်တာလည်း ဆောင်ရွက် ပါလိမ့်မယ်"
"ဒီမိုကရေစီအခွင့်အရေးမရတာတွေ၊ လူ့အခွင့်အရေး အာမခံချက် မရှိတာတွေ၊ ပြည်ထောင်စုမူ ကင်းလွတ်နေတာတွေ၊ တန်းတူညီမျှတဲ့အခွင့်အရေး မရတာတွေ၊ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဥပဒိရုပ်ကလည်း မူလကတည်းကိုက မကောင်းဘူးပေါ့ဗျာ။ အဲဒါတွေပါ ကျနော်ဆွေးနွေးပါတယ်။” (ဦးဝင်းမြင့်- NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့ချုပ် သဘောထားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်နဲ့ ပဲခူးတိုင်း သာယာဝတီမြို့တွေက လူထုသဘောထားရယူပွဲမှာ လူထုနဲ့ တိုက်ရိုက် ရှင်းလင်းဆွေးနွေးမှာဖြစ်ပါတယ်။
“တိုက်ပွဲ အခြေအနေကတော့ မနက်ကိုးနာရီလောက်ကစပြီး ကျနော်တို့ လှုပ်ရှားတပ်ပေါ့နော်။ လှုပ်ရှားတပ် ၁၀၁ ရှိတယ်။ အစိုးရတပ်ဘက်ကတော့ ၅၀၂ပေါ့။ လှုပ်ရှားနယ်မြေဖြစ်တဲ့ မန်စီဘက်ကနေ နမ့်ဆန်ဘက်အဝင်ပေါ့။ တပ်တွေထိပ်တိုက်တွေ့တယ်ပေါ့။"
“တောင်အာဖရိကအနေနဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့သလို၊ ဖခင်တစ်ယောက် ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက် ဆရာကောင်းတစ်ယောက် ဆုံးရှုံးရတာပါ။ Nelson Mandela ဟာ ကျနော်တို့ခေတ်အတွက် အကြီးမားဆုံးခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက အကြီးမားဆုံး ဆရာတဆူလည်း ဖြစ်ပါတယ်။”
ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် တာဝန်ခံတွေကလည်း တက်ရောက်မှာဖြစ်ပါတယ်။
ကျနော်တို့က မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ တောင်အာဖရိကနိုင်ငံ ကိုယ်စားရယ်၊ မြန်မာပြည်သူလူထုရဲ့ကိုယ်စားရယ်၊ နောက်တစ်ခုက ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားရယ် သမ္မတ မန်ဒဲလားကို လာရောက်ပြီး ဂါဝရပြုတယ်ဆိုတာလုပ်ဖို့ပါ"
"ဆန္ဒပြကြရတဲ့အခြေခံအကြောင်းတရားကိုက လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ ဥပဒေမူကြမ်းအပေါ်မူတည်ပြီးတော့ ဆန္ဒပြနေတာဖြစ်တဲ့အခါကျတော့ အတိုက်အခံတွေဘက်ကနေပြီး နိုင်ငံရေးအခြေအနေအရ ကန့်ကွက်နေတဲ့အခါမှာ ဘုရင်ကြီးမွေးနေ့လိုမျိုးမှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပြန်ဖို့ရှိတယ်။ ချက်ခြင်း မထုတ်ပြန်နိုင်ဘူးပေါ့နော်။"
နောက်ထပ်ကြည့်ရှုရန်