စစ်ကိုင်းတိုင်း ပုလဲမြို့ကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက် မြောက်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ စစ်ကောင်စီတပ်တွေက လေကြောင်းက တိုက်ခိုက်သလို၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်အင်အား ထပ်ဖြည့်တင်းခဲ့ပြီး အခုအချိန်မှာတော့ မြို့ကို ထိန်းချုပ်ထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးဆက်လက်စစ်ဆင်နေချိန်မှာပဲ ဂါဇာမှာ အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့အမှုတွေ ချိုးဖောက်နေတယ်လို့ Human Rights Watch အဖွဲ့ကြီးက စွပ်စွဲလိုက်ပါတယ်။
ရန်ကုန်အင်းစိန် အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဓာတ်ပုံသတင်းထောက် ကျော်စွာထွန်းဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာခဲ့ပါတယ်။ စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀၅ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာပြဿနာထပ်ပြီး ရှည်ကြာနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Jashim Uddin တို့ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်စစ်ဆင်ရေး စတင်နေတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပိုပြီးပြင်းထန်လာနေတာ ၆ ရက်ရှိလာပါပြီ။ ဒီကနေ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ နေအိမ်မီးလောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် နေရာ ၂၁၈ နေရာ အနိုင်ရလိုက်ပြီဖြစ်တဲ့အတွက် အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ပါ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လွန်ခဲ့တဲ့ ၇ နှစ်က ကြုံခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး အခုထက်ထိ ကြုံရနိုင်တဲ့အခြေအနေရှိနေဆဲဖြစ်တယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးက ပြောကြားလိုက်ပါတယ်။
ပီရူးနိုင်ငံ Lima မြို့တော်မှာ နက်ဖြန်သောကြာနဲ့ စနေနေ့မှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံဘေးပန်းမှာ အမေရိကန်နဲ့တရုတ်သမ္မတတို့ စနေနေ့ကျရင် တွေ့ဆုံမှာဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကပြောပါတယ်။
အိုးဘိုထောင်မှာအကျဉ်းကျခံနေရတဲ့ (NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ဟာ အစာအိမ်ရောဂါ အပြင်းအထန်ခံစားနေရလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ပြင်ပထွက်ပြီး ဆေးကုသမှုခံယူခဲ့ရသလို အိုးဘိုထောင်မှာပဲ အကျဉ်းကျခံနေရတဲ့ NLD မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်လည်း ကင်ဆာဝေဒနာခံစားနေရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို အဓိက ကုန်စည်တင်ပို့နေတဲ့ လမ်းကြောင်းတွေကို ဒီလ ၁၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီဘက်ကပိတ်လိုက်သလို ဒီလ ၁၃ ရက်နေ့မှာလည်း လားရှိုး- မိုင်းရယ်လမ်းကိုလည်း ထပ်ပိတ်လိုက်ပါတယ်။
ကချင်ပြည်နယ်မှာ အပစ်အခတ်တွေရပ်ပြီး အခုသီတင်းပတ်ထဲမှာ မြေရှားသတ္တုကို ပြန်ပြီး တင်သွင်း လို့ရအောင် မြန်မာဘက်က လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ တရုတ်ကညှိနှိုင်းနေတယ်လို့ တရုတ်အွန်လိုင်း သတင်းဆောင်းပါးတချို့မှာ ရေးသားထားပါတယ်။ တရုတ်က တနှစ်ကို မြေရှားသတ္တုတန်ချိန် ၄၀,၀၀၀ နီးပါး မြန်မာဆီကနေရနေတာ ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ထဲက ကျပ်ငွေ သုံးသောင်းပေးကြတဲ့ အယောက် ၆၀ ကျော်ကို ပြန်လွှတ်လိုက်ပြီး ကျန်တဲ့သူတွေကို စစ်ကောင်စီက ထိန်းသိမ်းထားဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။
အာရက္ခတပ်တော်A A ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ၈ခုကိုသိမ်းပိုက်ထားနိုင်ပြီလို့ AA ဘက်က ရခိုင်တကျော့ပြန်စစ်စတင်ခဲ့တဲ့ အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
တခါတလေ အသက်ဘေးက ကပ်ပြီးလွတ်မြောက်တဲ့ ဖြစ်ရပ်တွေ ရှိတတ်ပြီး အခုလည်း အဝေးပြေး လမ်းပြင်လုပ်သား အသက်ဘေးက သီသီလေးလွတ်မြောက်သွားတဲ့ ဗွီဒီယိုကို နယူးယောက်ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၇ ရက် ၂၀၂၄ က တင်ထားပါတယ်။
လာမယ့်နှစ် အထက်လွှတ်တော် အများစု အမတ်ခေါင်းဆောင်အဖြစ် John Thune ကို အထက်လွှတ်တော် ရီပါဘလီကန် အမတ်တွေက ဗုဒ္ဓဟူးနေ့မှာ ရွေးချယ်လိုက်ကြပါတယ်။ အခုလို ခေါင်းဆောင်အဖြစ် အခြားသူ ၂ ယောက်နဲ့ ယှဥ်ပြိုင်ရာမှာ တောင်ဒါကိုတာ ပြည်နယ် အထက်လွှတ်တော် အမတ် John Thune လျှို့ဝှက်မဲနဲ့ အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။
အစောပိုင်းက အီရန်ကို တိုက်ခိုက်မယ့် အစ္စရေး ရဲ့ အစီအစဥ်ပေါက်ကြားမှု နဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတဦးကို တရားစွဲဆိုလိုက်ပါတယ်။ Asif William Rahman ကို ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ကမ္ဘောဒီးယား မှာ ဒီအပတ်အတွင်း ဖမ်းဆီးလိုက်တာပါ။
ဖလော်ရီဒါ ပြည်နယ် အထက်လွှတ်တော် အမတ် Marco Rubio ကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အရွေးကောက်ခံ သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရွေးချယ်လိုက်ပြီး လွှတ်တော် အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။
အသက် ၄၄ နှစ်အရွယ် Pete Hegseth ဟာ Army National Guard ခေါ် ကြည်းတပ် ပြည်စောင့်တပ် အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး၊ ကာကွယ်ရေး ဝန်ကြီး အဖြစ် ရီပါဘလီကန် အမတ်အများစု အထက်လွှတ်တော်က သူ့ကို အတည်ပြုခဲ့ရင် အမေရိကန် စစ်တပ်မှာ အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်လို့ သုံးသပ်သူတွေက မျှော်လင့်ထားကြောင်း အေပီသတင်းက ဆိုပါတယ်။
ရွေးကောက်ခံ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ ဗုဒ္ဓဟူးနေ့က သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒန် နဲ့ တွေ့ခဲ့ပြီး အကူးအပြောင်း ချောမွေ့ရေး စကား ပြောကြပါတယ်။ ဒီလို အစဥ်အလာအရ တွေ့ဆုံပွဲကို သမ္မတ ဂျိုးဘိုင်ဒန် က ထရမ့်ကို ဖိတ်ကြားခဲ့တာပါ။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်မွေး တိရိစ္ဆာန်အများအပြား သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်