တနင်္ဂနွေနေ့ကကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အမှတ် ၉ ဘောလုံးပွဲတွေမှာ အမှတ်ပေးဇယား ထိပ်ဆုံး ၅ သင်းထဲက အသင်းသုံးသင်းလုံး အနိုင်ရသွားကြပါတယ်။
Brexit နောက်ဆုံးသတ်မှတ်ရက် ထပ်တိုးပေးဖို့ ပန်ကြားတဲ့စာကို ဗြိတိန်ဝန်ကြီးချုပ်က EU ကို ပေးပို့လိုက် ပေမယ့် လက်မှတ်တော့ ထိုးမထားပါဘူး။
အီရန် အပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်မှုနဲ့ သံတမန်ရေး မပြေလည်မှုတွေ ဖြစ်ခဲ့ရတဲ့ အီရန် ရေနံတင် သဘောၤကြီးက ဂျီဘရော်တာ ကနေ တနင်္ဂနွေ ဒါမှမဟုတ်လည်း တနလာၤနေ့မှာ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီလို့ သဘောၤပို့ဆောင်ရေး လုပ်ငန်းကြီးက ပြောဆိုလိုက်ပါတယ်။
ပြည်မအစိုးရ လိုလားတဲ့ ဆန္ဒပြပွဲမှာတော့ ဟောပြောသူတွေက သူတို့ဟာ ဟောင်ကောင်ကိုရော တရုတ်ပြည်မကြီးကိုပါ ချစ်မြတ်နိုးတယ်ပြောပြီး ဘာ့ကြောင့် တရုတ်အစိုးရကို သူတို့ ကြောက်နေကြသလဲလို့ အတိုက်အခံတွေကို မေးခွန်း ထုတ်သွားပါတယ်။
ဆူဒန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး စစ်ကောင်စီနဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကြား အာဏာခွဲဝေရေး သမိုင်းဝင် သဘောတူညီချက်ကို မြို့တော် Khartoum မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က မြေအောက်ရထားဘူတာရုံတခုမှာ မင်္သကာဖွယ် ပေါင်းအိုးလို့ယူဆရတဲ့ ပစ္စည်း နှစ် ခုလာချ သွားတယ်လို့ သံသယရှိသူတဦးကို ဖမ်းထားတယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Oregon ပြည်နယ် Portland မြို့မှာ လက်ယာစွန်း ဆန္ဒပြသမားတွေ ဒီကနေ့ စနေနေ့မှာ ဆန္ဒပြကြဖို့ ရှိတာကြောင့် ဒေသခံ ဖက်ဆစ်ဆန့်ကျင်ရေး တန်ပြန်ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်တွေ့ကြမယ့်အလားအလာရှိနေပြီး အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ Portland မြို့က ရဲတပ်ဖွဲ့တွေ အသင့်ပြင်ဆင်နေကြပါတယ်။
ဂျမူးနဲ့ ကက်ရှ်မီးယားအရေး အိန္ဒိယနိုင်ငံရဲ့ ကိုင်တွယ်ပုံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးခဲ့ကြပြီး အငြင်းပွားနေတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေအတွက် သတ်မှတ်ထားတဲ့ အထူး အဆင့်အတန်း အခွင့်အရေးကို ရုပ်သိမ်းကြောင်း သြဂုတ်လ (၅)ရက်နေ့က အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။
တိုင်းပြည်ရဲ့ နိုင်ငံရေးလောကမှာ စစ်တပ်ပါဝင်နေမှုအပါအဝင် မြန်မာနိုင်ငံ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး လွန်စွာစိုးရိမ်မကင်းဖြစ်မိကြောင်း ရန်ကုန်မြို့ ရိုမန်ကက်သလစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီးက စာလွှာတစောင် ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားက နိုင်ငံအရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲကို ဒီကနေ့ တာတိုပစ်ဒုံးကျည်တွေ ထပ်ပြီး ပစ်လွှတ်စမ်းသပ်တာဟာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေတဲ့ အပေါ် မကျေနပ်ဘူးဆိုတာကို ဆက်ပြီး ပြနေတဲ့ပုံရတယ်လို့ တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ ရာဇဝတ်မှုတွေအတွက် ကျူးလွန်ခံရသူတွေ အနေနဲ့ သူတို့ရဲ့အမြင်၊ စိုးရိမ်ချက်၊ မျှော်လင့်ချက် စတာတွေကို နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC တရားသူကြီးတွေဆီ ပေးပို့ နိုင်တဲ့အကြောင်း ICC ရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပါလက်စတိုင်းအရေး အစ္စရေးရဲ့ပြုမူပုံတွေကို လူသိရှင်ကြားထုတ်ဖော်ပြောခဲ့တဲ့ အမေရိကန် အမျိုးသမီး လွှတ်တော်အမတ် ၂ ယောက်ကို အစ္စရေးက ပြည်ဝင်ခွင့် ပိတ်ခဲ့ပြီးနောက် တယောက်ကိုတော့ ပြည်ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ချက် ပြင်ဆင်လိုက်ပါတယ်။
အလှုမင်္ဂလာပွဲတွေမှာ မပါမဖြစ်ပါရတဲ့ မြန်မာ့စားသောက်ဖွယ်ရာ လက်ဖက်ကို နိုင်ငံတကာစားသောက်ကုန်တခုဖြစ်အောင် လုပ်နိုင်ဖို့ လက်ဖက်လုပ်ငန်းရှင်တွေရဲ့ ရည်မှန်းချက်ပါ။ ဦးကာက လက်ဖက်လုပ်ငန်းဒါရိုက်တာ ကိုကျော်ဇေယျ ပြောပြတာကို သူ့အကြောင်းအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဂျပန်ဓားထိုးတိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံး၊ ဂျပန် အမေရိကန်စစ်ရေးပူးပေါင်းမှု Trump အလေးပေး၊ မြစ်ဆုံစီမံကိန်းစာချုပ်ထုတ်ပြန်ပေးဖို့ လှုပ်ရှားသူတွေတောင်းဆို
နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ဗင်နီဇွဲလား နိုင်ငံရေးအရ ပြေလည်မှုမရနိုင်ဘဲ ဖြစ်နေတာတွေကို ဆွေးနွေးဖို့ အစိုးရနဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ နော်ဝေနိုင်ငံမှာ ရောက်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ်မှာ ကိုယ်ဝန်သက်တမ်း သီတင်း ၈ ပတ်ကျော်ရင် ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ရှေးရိုးစွဲ နိုင်ငံရေးသမားလောကအတွင်း ထိုးဖေါက်လှုပ်ရှား ခဲ့တဲ့သူလို့ စွပ်စွဲခံ နေရတဲ့ ရုရှားနိုင်ငံက သေနတ်ပိုင်ဆိုင်ခွင့် ထောက်ခံရေး အမျိုးသမီး Maria Butina ကို မနေ့ကပဲ ထောင်ဒဏ် ၁၈ လချမှတ်လိုက်ပါတယ်။
လုံခြုံရေးတွေ ထောင်နဲ့ချီပြီး စောင့်ကြပ်နေပါတယ်။ မနေ့ကသောကြာနေ့ဟာ မူဆလင်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့နေ့လည်း ဖြစ်ပါတယ်။
အိမ်အကူအဖြစ် အလုပ်လုပ်မယ့် မြန်မာအလုပ်သမားတွေ စင်္ကာပူနိုင်ငံကို စေလွှတ်နေမှုု ပိတ်ပင်ထားတာကို မြန်မာနိုင်ငံက ရုပ်သိမ်းလိုက်ပြီလို့ စင်ကာပူက The Ttrait Times သတင်းစာက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်