မြန်မာနိုင်ငံက ရောက်နေကြတဲ့ ဒုက္ခသည်တွေကို အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးတဲ့နေရာမှာ မလေးရှားအစိုးရရဲ့ ရံပုံငွေကို အသုံးမပြုဘဲ နိုင်ငံက ကူညီထောက်ပံ့တဲ့ငွေတွေကို သုံးစွဲသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့မှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေးနေကြရတယ်လို့ ကိုယ်တိုင် တိမ်းရှောင်နေတဲ့ ရွာသားတချို့က ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့တာ တနှစ်ပြည့်ဖို့ တရက်ပဲ လိုတော့တဲ့ စနေနေ့မှာ ပညာရေး၊ အလုပ်အကိုင်နဲ့ နိုင်ငံရေး ကဏ္ဍတွေမှာ ပါဝင်ခွင့် တောင်းဆိုသူ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေကို ကာဘူးလ်မြို့တော်မှာ လုံခြုံရေးတပ်တွေက ရိုက်နှက်တာတွေအပြင် လေထဲ သေနတ်ပစ်ဖေါက်ပြီး ဆန္ဒပြပွဲကို ဖြိုခွဲခဲ့ပါတယ်
တရုတ်လေတပ်ဟာ တနင်္ဂနွေနေ့က ထိုင်းစစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေကို ထိုင်းနိုင်ငံကို စေလွှတ်နေပါတယ်။
အမေရိကန်သမ္မတဟောင်း Donal Trump ရဲ့ ဖလော်ရီဒါက နေအိမ်ကို ဒီသတင်းပတ်အစောပိုင်းမှာ FBI က ဝင်ရောက်ရှာဖွေပြီးနောက် သူလျှိုအက်ဥပဒေအပါအဝင် အခြားရာဇဝတ်မှုတွေ ချိုးဖောက်နိုင်ခြေ ရှိနေတယ်ဆိုတဲ့ စွဲချက်နဲ့ Trump ကို အမေရိကန်ပြည်ထောင်စု တရားရေးဌာနက စုံစမ်းစစ်ဆေးနေပါပြီ။
မြန်မာနိုင်ငံမှာ သြဂုတ်လ ၁၀ ရက်စပြီး စက်သုံးဆီ ပြတ်လပ်မှုအခြေနေ ဆိုးလာနေပြီး ဈေးတွေလည်း တရိပ်ရိပ်တက်လာနေပါတယ်။ တပတ်အတွင်းမှာပဲ စက်သုံးဆီက တလီတာကို ကျပ် ၅၀၀ တက်လာတာဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေက ဆီဆိုင်အများစုမှာ ဆီမရှိတော့ပဲ ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့အထိ အရောင်းပိတ်ထားတာပါ။
ရာဘင်ဒြာနတ် တဂိုး ရဲ့ တေးသီချင်းနဲ့ စာပေတွေဟာ ဘင်္ဂါလီ ယဉ်ကျေးမှုအပေါ် အများကြီး လွှမ်မိုးခဲ့တယ်လို့ တဂိုးရဲ့ တေးသီချင်းတွေကို သီဆိုသူ၊ လွတ်လပ်ရေး တိုက်ပွဲဝင်တဦးလည်း ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အဆိုတော် Milia Ali က ပြောပါတယ်။ ဗွီအိုအေ Anis Ahmed က မေးမြန်းထားပါတယ်။ မခင်ဖြူထွေးက အပြည်စုံ တင်ပြပေးပါမယ်။
ယူကရိန်းက ရုရှားတပ်တွေရဲ့ လှုပ်ရှားတိုက်ခိုက်နေတဲ့ ဗွီဒီယိုဖိုင်တခုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တဆင့်ဖြန့်ဝေထားတဲ့ AP သတင်းဌာနအနေနဲ့ ဗွီဒီယိုထဲက အချက်အလက်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
မြန်မာ့အရေး ဖြေရှင်းရာမှာ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့ အာဆီယံ အသင်းဝင်နိုင်ငံတွေကို မလေးရှားက ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတခုက ရိုဟင်ဂျာအရပ်ဖက်ခေါင်းဆောင် ၂ ယောက် သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားတယ်လို့ ဘင်္ဂလာဒေ့ရှ်ရဲတို့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa က ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့် တောင်းခံထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ပိုင်တဲ့ ဖလော်ရီဒါပြည်နယ်က Mar-a-Largo ဇိမ်ခံ အပန်းဖြေနေအိမ်ကို ဖယ်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျုရို FBI က ဝင်ရောက်စီးနင်း ရှာဖွေတဲ့ကိစ္စနဲ့ပတ်သက်လို့ သမ္မတအိမ်ဖြူတော်က အထူးတလည် မှတ်ချက်ပေးပြောဆိုတာမရှိပါဘူး။
မန္တလေး အိုးဘိုထောင်မှာ အကျဉ်းသားတချို့က မကျေနပ်ချက်တွေကို ဖြေရှင်းဖို့ ထောင်အာဏာပိုင်တွေကို တောင်းဆိုရာက အင်္ဂါနေ့မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။
ကမ္ဘာကျော် အမေရိကန် အမျိုးသမီး တင်းနစ် အားကစားသမား Serena Williams ဟာ Grand Slam ချန်ပီယံ ၂၃ ဆုရရှိပြီးနောက် အားကစားလောကကို ကျောခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ နောက်ထပ် ကလေးတယောက် ထပ်ယူဖို့နဲ့ စီးပွားရေးကို အာရုံစိုက်တော့မယ်လို့လည်း ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကျွန်းကို သွားရောက်မှုက အစပြုပြီး သူ့ခရီးစဉ်အပြီး စတင်ပြုလုပ်တဲ့ တရုတ်ရဲ့စစ်အင်အားပြ စစ်ရေးလေ့ကျင့်မှုပြီးဆုံးတော့ ထိုင်ဝမ်ကလည်း ဒေသတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။ တရုတ်ကလည်း စစ်ရေးလေ့ကျင့်မှု အသစ်တွေ ထပ်လုပ်မယ်လို့ ကြေညာထားတာပါ။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နဲ့ အနီးဝန်းကျင်ဒေသမှာ မိုးသည်းသည်းထန်ထန်ရွာခဲ့ပြီး ရေကြီးလို့ လူတွေသေဆုံး၊ ပျောက်ဆုံးမှုတွေ ရှိနေပါတယ်။ နောက်ထပ်သေဆုံးမှုတွေ မကြုံရအောင် အန္တရာယ်ရှိတဲ့နေရာတွေကနေ လူတွေကို ပြောင်းရွှေ့ဖို့ သမ္မတက ညွှန်ကြားထားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော်ဂျေးလ်ဘိုင်ဒန်တို့ဟာ ကန်တာကီပြည်နယ် Lost Creek ရပ်ကွက်က ရေဘေးသင့်ပြည်သူတွေကို သြဂုတ်လ ၈ရက်နေ့က သွားရောက်နှုတ်ဆက်အားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ နှောင်းပိုင်းအတွင်း ကန်တာကီပြည်နယ် အရှေ့တောင်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး ၃၈ ယောက်သေဆုံးခဲ့ရတာပါ။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ကို အစွဲပြုပြီး ၈ လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု ၃၄ နှစ်ပြည့် အထိမ်းအမှတ်ကို မြန်မာနိုင်ငံ အပါအဝင် ကမ ္ဘာတဝှမ်းနိုင်ငံတွေမှာ ကျင်းပနေကြရာမှာ တနလာၤနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်က စစ်ကောင်စီသံရုံးရှေ့မှာလည်း စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က အထက်မြန်မာပြည် ဓါတ်ပုံအသင်းရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအေးကျော် ကို စစ်ကိုင်းမြို့ နေအိမ်ကနေ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကာ နေလည်ပိုင်းမှာ သေဆုံးသွားပြီးလို့ အကြောင်းကြားခဲ့တဲ့အကြောင်း လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာန နဲ့ ရန်ကုန် ခေတ်သစ်မီဒီယာတို့မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်