ယူကရိန်းနိုင်ငံတွင်းက လက်နက်ကြီးဒဏ်သင့် Zaporizhzhia နျူးကလီးယား ဓာတ်အားပေးစက်ရုံကို နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေ ဝင်ရောက်ခွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ပါတယ်။
ခွေးရေလှိုင်းစီး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းရိုးတန်း ပိစိဖိတ်ကမ်းခြေတခုမှာ ကျင်းပတော့ ကမ်းခြေတခုလုံး ခွေးတွေ၊ ခွေးလေးတွေကို ချစ်တဲ့သူတွေနဲ့ စည်ကားနေခဲ့တာပါ။
ကယား(ကရင်နီ) ပြည်နယ်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွှတ်ရာကို ပြောင်းရွှေ့နေထိုင်နေရတဲ့ စစ်ပြေးဒုက္ခသည် လူဦးရေ ၁၁၀,၀၀၀ (၁သိန်း၁သောင်း) ကျော်ရှိနေပြီးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောပါတယ်။ ကရင်နီပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ဝါရှင်တန်မြို့တော်အတွက် အရင်နှစ်တွေထက် အပူအပြင်းဆုံး သြဂုတ်လ အစပိုင်းရက်တရက်မှာ ထစ်ခြုံးမိုးရွာသွန်းပြီး မိုးကြိုးတွေပစ်လို့ ၃ ဦးက သေဆုံးပြီး တဦးက ဒဏ်ရာပြင်းထန်ပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် အမေရိကန်ပြည်ထောင်စုတလွှား မိုးကြိုးပစ်ကြိမ်နှုန်း ပိုများလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေးဘက်က Iron Dome သံမဏိ လိပ်ခုံး ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ သြဂုတ် ၇ရက် တနင်္ဂနွေနေ့က ပစ်ချခဲ့တာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့ရဲ့ အာဖရိက(၃) နိုင်ငံခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။Blinken ဟာ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး ၁၉၇၆ ခုနှစ် ဆန္ဒပြပွဲမှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေအတွက် တည်ဆောက်ထားတဲ့ Soweto မြို့က ဗိမာန်တခုကို ပထမဆုံး သွားရောက် ဂါရဝပြုခဲ့တာပါ။
ရိုဟင်ဂျ ာဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက်က ပြန်လည်လက်ခံရေးအတွက် တရုတ်နိုင်ငံ ရဲ့ အကူအညီကို ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းခံလိုက်ပါတယ်။
မြန်မာ့အကျပ်အတည်းကို Superman တောင် မဖြေရှင်းနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က စေနေန့မှာ ဝန်ခံလိုက်ပါတယ်။ အာဆီယံက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှု မရှိဘူးလို့ သောကြာနေ့က ထုတ်ပြန်ချက်မှာ အာဆီယန်က ပြောပါတယ်။
ပါလက်စတိုင်းဒေသ၊ ဂါဇာကမ်းမြောင်က ဒုက္ခသည်အများအပြား နေထိုင်တဲ့ စခန်းအတွင်းမှာ ရှိနေတဲ့ ထိပ်တန်းအစ္စလာမ် စစ်သွေးကြွခေါင်းဆောင် နှစ်ဦးကို ဒီကနေ့ သတ်ဖြတ်လိုက်ကြောင်း အစ္စရေးက ပြောပါတယ်။
ကိုလမ်ဘီယားနိုင်ငံမှာ ပထမဆုံး လက်ဝဲသမ္မတအဖြစ် အထက်လွှတ်တော် အမတ် Gustavo Petro က ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ Gustavo Petro ဟာ အရင် က M-19 ပြောက်ကျားအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ ကွန်ဆာဗေးတစ်ပါတီက သမ္မတလောင်းတွေကို ဇွန်လ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။
ယူကရိန်းက သီးနှံတင်လာတဲ့ သင်္ဘော ၄ စင်း ကို ပူးတွဲပေါင်းစပ်ညှိနှိုင်းရေးစင်တာက ခွင့်ပြုလိုက်ပါတယ်။ ယူကရိန်းကနေ ထွက်လာတဲ့ သင်္ဘောတွေဟာ တရုတ်၊ အီတလီ နဲ့ တူရကီက နေရာ ၂ နေရာကို ဦးတည်သွားနေကြပါပြီ။
စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာရေး အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ဂျပန်အစိုးရက ပံ့ပိုးပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို မကြာသေးခင်က သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အတွက် မြန်မာ့အရေး အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်သွားစေတယ်လို့ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ကပြောလိုက်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသက အဓိက မြို့ ၂မြို့ကို စနေနေ့က စတင်တိုက်ခိုက်နေသလို ဥရောပမှာအကြီးဆုံး နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ရှိတဲ့ မြို့အပါအဝင် မြို့အတော်များများကိုလည်း မစ်ဇိုင်းဒုံးကျည် အမြောက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပြည်ကို တတိယအကြိမ် သွားရောက်ဖို့ ပြင်ဆင်နေပြီး၊ မြန်မာနိုင်ငံကို အကူအညီပေးဖို့ သူ့ကြိုးစားမှုတွေကိုလည်း လက်လျှော့လိုက်မှာ မဟုတ်ဘူးလို့ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သတင်းထောက်တွေကို ပြောပါတယ်။
ဖိလစ်ပိုင်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဖိလစ်ပိုင်သမ္မတသစ် Ferdinand Marcos Jr.နဲ့ အခု ဩဂုတ်လ ၆ ရက်နေ့ စနေနေ့မှာ တွေ့ဆုံပြီး၊ အာရှဒေသတွင်း အမေရိကန်ရဲ့ သက်တမ်းရင့်မဟာမိတ်ကြီး ဖိလစ်ပိုင်နိုင်ငံနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်သွားမယ်လို့ ပြောပါတယ်။
နျူကလီယားလက်နက်ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေတွေကို နျူကလီယားစစ် ဖြစ်လာနိုင်ချေ ခွင့်ပြုပေးလို့ မရဘူးလို့ ကုလသမဂ္ဂအတွေင်းရေးမှုးချုပ် Antonio Guterres က အခု ဩဂုတ်လ ၆ ရက်နေ့ စနေနေ့မှာ ပြောလိုက်ပါတယ်။
ပါလက်စတိုင်းဒေသမှာတော့ အခု စနေနေ့ အစောပိုင်း အစ္စရေးတိုက်လေယာဉ်တွေဟာ ဂါဇာမှာရှိတဲ့ စစ်သွေးကြွလို့ ယူဆတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေသလို၊ အစ္စရေးတောင်ပိုင်းမှာလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံနေရပါတယ်။
၂၀၂၀ ပြည့်နှစ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ အမုန်းတရားအပေါ် အခြေခံပြီး မြန်မာမိသားစုတစုအပေါ် တိုက်ခိုက်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် Jose Gomez III ကိုထောင်ဒဏ် ၂၅ နှစ်ချမှတ်လိုက်ကြောင်း ပြည်ထောင်စု တရားရုံးကသောကြာနေ့မှာ ထုတ်ပြန်ပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ် Everglades အမည်ရှိ အပူပိုင်း စိုစွတ် သဘာဝ အမျိုးသား ဥယျာဉ် အတွင်းမှာ နှစ်စဉ်ကျင်းပတဲ့ မြန်မာစပါးအုံးမြွေတွေ ရှာဖွေ ဖမ်းဆီးသတ်ဖြတ်တဲ့ပြိုင်ပွဲကို သောကြာနေ့ မနက်ပိုင်း စတင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်