ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဧပြီလ ၁၀ ရက်၊ စနေနေ့ညက စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ဝါးသပိတ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာပြည်သူတွေအပေါ် အလွန်ရက်စက်ကြမ်းကြုတ် ယုတ်မာတဲ့ပြစ်မှုတွေ ကျူးလွန်နေတာကို ကာကွယ်ဖို့ နိုင်ငံတကာအနေနဲ့ Rights To Protect အကာအကွယ်ပေးဖို့ တာဝန်ရှိကြောင်း နော်ဒစ်နိုင်ငံတွေရဲ့ သောကြာနေ့ ထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ နောက်ထပ် COVID-19 ပိုးတွေ့သူ ဆက်တိုက် မြင့်တက်လာတာကြောင့် ကုတင် ၁၀,၀၀၀ ဆန့် အရေးပေါ်ဆေးရုံကြီးတခု သီးသန့်တည်ဆောက်ဖို့ ပြင်ဆင်နေပါပြီ။
စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပင်မသပိတ်စခန်း အပါအဝင် ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အပြင်းအထန် အကြမ်းဖက် ဖြိုခွဲခဲ့ပေမယ့်လည်း ဒီကနေ့ထိ ဆန္ဒပြပွဲတွေ ဆက်ရှိနေဆဲပါပဲ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကြပ်အတည်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှာ ဧပြီလနှောင်းပိုင်း အရေးပေါ် အစည်းအဝေး ခေါ်ယူမယ့်အပေါ် ပြင်သစ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ကြင်ယာတော် အသက် ၉၉ နှစ်အရွယ် မင်းသားကြီး Philip သောကြာနေ့က ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပေးပို့နေကြပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သောကြာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့ရေး သီးသန့်ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။
သောကြာနေ့က ထိုင်းနိုင်ငံကို ရောက်သွားတဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို ဝင်ခွင့်ပေးဖို့ မြန်မာစစ်တပ်က ကြာသပတေးနေ့မှာပဲ ငြင်းပယ်ခဲ့တာလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။
လွတ်လပ်၊ တရားမျှတပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်ကို ယုံကြည်သူတွေအားလုံးရဲ့ မျှော်လင့်ချက်တွေနဲ့ ယုံကြည်မှုတွေကို ထောက်ပံ့ကူညီဖို့ အတူတကွ ရပ်တည်လျက်ရှိပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေရဲ့ ဒီကနေ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တရုတ်နိုင်ငံက ဆက်သွယ်ပြောဆိုမှုရှိပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ဒီကနေ့ သူရောက်သွားပြီဖြစ်တဲ့အကြောင်း တွစ်တာမှာ ရေးပါတယ်။
မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်မထိုးရသေးတဲ့ နိုင်ငံတွေအားလုံး လက်မှတ်ရေးထိုး လိုက်နာကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်ကို သိရဖို့ ဗြိတိန်နိုင်ငံက ကြီးမှုးတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ သီးသန့်ဆွေးနွေးပွဲကို ဧပြီလ ၉ ရက် ကျင်းပမှာဖြစ်ပါတယ်။
AstraZeneca ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးတဲ့သူတွေမှာ သေနိုင်လောက်အောင် သွေးခဲတာမျိုး ရှားရှားပါးပါး ကြုံရတတ်တယ်လို့ ဥရောပ သမဂ္ဂ (EU) ဆေးဝါးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့က ကြေညာလိုက်ပြီးနောက် နိုင်ငံတော်တော်များများမှာ ဒီဆေးနဲ့ ပတ်သက်လို့ လမ်းညွှန်ချက်သစ်တွေ ထုတ်ပြန်လိုက်ကြပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာအဝန်း သေဆုံးမှုတွေနဲ့ ကူးစက်မှုအသစ်တွေ ကြာသပတေးနေ့က စံချိန်တင်လောက်အောင် များပြားခဲ့သလို၊ ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံတချို့မှာပါ ကူးစက်မှုတွေ ပြန်တိုးလာနေပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုနဲ့ ဆက်လက်ကြိုးစားနေတယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး အစီအစဉ်တွေကို သမ္မတ Joe Biden က သမ္မတအာဏာနဲ့ ကြာသပတေးနေ့မှာပဲ ပြဌာန်းလိုက်ပါတယ်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တစ်ဦးနဲ့ မလေးရှား သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက ကြာသပတေးနေ့က ကာကွယ်ပြောဆိုလိုက်ပါတယ်။
မဇ္ဈိမသတင်းဌာနရဲ့ ဝန်ထမ်းဟောင်း ၂ ဦးကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီးသွားကြောင်း သတင်းဌာနတာဝန်ရှိသူတွေက အတည်ပြု ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ အမေရိကန်ပြည်ထောင်စုကိုယ်စား ဆုမွန်ကောင်းတောင်းလိုက်တဲ့ တချိန်ထဲမှာပဲ မြန်မာပြည်သူတွေအတွက်လည်း နှလုံးစိတ်ဝမ်းမအေး ဖြစ်ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်