မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဒဏ်ခတ်အရေးယူလိုက်ပါ တယ်။
ဒေသတွင်းဆန္ဒပြပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတဲ့ Milk Tea Alliance hashtag အတွက် သီးခြား emoji သင်္ကေတလေး Twitter က ထုတ်ပြန်လိုက်ပါတယ်။
မကြာသေးခင်ရက်တွေအတွင်း ကိုဗစ်ရောဂါပိုး နေ့စဉ်ကူးစက်မှုနှုန်း တိုးလာတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ကပ်ရောဂါကူးစက်မှု အချက်အခြာ နေရာတခုဖြစ်လာနေပါတယ်။ ရောဂါကူးစက်မှုတွေ သီတင်းပတ်နဲ့ချီ ကျဆင်းလာခဲ့ပြီးမှ တကျော့ပြန် ကူးစက်မှုတွေ ကြုံနေရတာပါ။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲကနေ လတ်တလောရက်တွေအတွင်း နေရပ်ထွက်ခွာ ထွက်ပြေးနေရတဲ့ပြည်သူ ထောင်နဲ့ချီရှိတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းစာမျက်နှာမှာ ဧပြီလ ၇ ရက်နေ့က ဖော်ပြေထားပါတယ်။
ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကူးစက်မြန် ကိုဗစ်ရောဂါ အမျိုးအစားကို အမေရိကန်မှာ အတွေ့ရများလာနေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ် တားဆီးရေးဌာန (CDC) အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
" ဒါ အာဏာသိမ်းတဲ့သဘောပါ။ လန်ဒန်မြို့လယ်ခေါင်မှာဖြစ်နေတာပါ။ ဒီလိုအာဏာသိမ်းတဲ့ပုံစံမျိုး လုပ်လို့မရပါဘူး" လို့ သံအမတ်ကြီး ဦးကျော်စွာမင်းကပြောသွားတာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးမှာ ရုံးတွင်းအာဏာသိမ်းမှု သဘောဖြစ်ပေါ်နေပါတယ်။
အလွန်ကူးစက်မြန်ပြီး အရင်ဗြိတိန်မှာတွေ့ခဲ့တဲ့ ကိုဗစ်ပိုးအမျိုးအစားသစ် ထိုင်းနိုင်ငံတွင်းမှာ အချင်းချင်းကူးစက်တာကို ပထမဆုံး စတွေ့ခဲ့ပါတယ်။ ဗြိတိန်မှာအရင်တွေ့ခဲ့တဲ့ B.1.1.7 အမျိုးအစားကို လူပေါင်း ၂၄ ဦးမှာ အခုလိုအချင်းချင်းကူးစက်ခဲ့တာ တွေ့ရှိလိုက်တယ်လို့ ဒီနေ့ ပြောပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ ကြိုးပမ်းမှုတွေကို ဗြိတိန် ကလည်း ထောက်ခံသွားဖို့ရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အီရန်နိုင်ငံ နျူကလီးယားအရေး သြစတြီးယားနိုင်ငံ Vienna မြို့မှာ ကနဦးဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးဟာ ခန့်မှန်းထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် နာလန်ထူလာကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
“စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားတွေ အပေါ် တိုက်ခိုက်မှု၊ လူနာတင်ယာဉ်တွေ တိုက်ခိုက်မှုဟာဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ ထိခိုက်ဒဏ်ရာရကြတဲ့ အရပ်သားတွေကို အသက်ကယ် အကူအညီပေးနိုင်ရေးကို အဟန့်အတား ဖြစ်စေတယ်”--ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည် ကျေးရွာမှာ စစ်ကျန် လက်နက် ပေါက်ကွဲတာကြောင့် ကလေး ၂ ဦးနဲ့ မိခင် ဖြစ်သူ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရပြီး ကလေး တဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ မြန်မာဆိုင်ရာရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ဆက်လက် အားပေးထောက်ခံမယ့်အကြောင်း အမေရိကန်က အင်္ဂါနေ့မှာ ကတိပြုပြောကြားလိုက်ပေမဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်အဖြစ် တရားဝင် ထောက်ခံမှုတော့ မပေးခဲ့ပါဘူး။
မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဥရောပသမဂ္ဂ EU က တပေါင်းတစည်းတည်း ပြစ်ဒဏ်ခတ် အရေးယူမှု ချမှတ်ရေး ပြင်ဆင်နေကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drian က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အရွယ်ရောက်သူတွေအားလုံး ဧပြီလ ၁၉ ရက်နေ့ကစလို့ ကိုဗစ်ကာကွယ်ဆေးထိုးခွင့် ရတော့မှာဖြစ်ကြောင်း သမ္မတ Joe Biden က အင်္ဂါနေ့မှာပဲ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သွေးထွက်သံယိုပဋိပက္ခ ဆက်မဖြစ်အောင် ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အားလုံးကို တရုတ်နိုင်ငံက တိုက်တွန်းသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာကို မထောက်ခံပေမဲ့ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုအားလုံးကို လိုက်နာတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး Dang Dinh Quy ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဆိုတော် ရဲတိုက်ကို ဖမ်းထားတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နယ်ပယ်အသီးသီးက ထင်ရှားတဲ့ အနုပညာရှင်တွေ၊ သတင်းမီဒီယာသမားတွေကိုလည်း ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။
တရုတ် လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်နေပြီး ဒီလိုလေ့ကျင့်တာမျိုးကို ပုံမှန်လုပ်သွားမယ်လို့ တရုတ်ရေတပ်က တနင်္လာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်