အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ ရဲတပ်ဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတချို့က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာပါ။
၂၀၂၁ ခုနှစ်အတွက် သတင်းဌာနဦးဆောင်သူများအဖွဲ့ News Leaders Association – NLA ဥက္ကဋ္ဌ အထူးဆုကို VOA အစီအစဉ်ဒါရိုက်တာ Kelu Chao နဲ့ VOA ဌာနသတင်းထောက်တွေကို ချီးမြှင့်လိုက်ပါတယ်။
မြန်မာနဲ့ နယ်စပ် တရုတ်နိုင်ငံ ရွှေလီမှာ COVID-19 ကူးစက်ခံ လူနာ ၃၂ ဦးရှိပြီး မြန်မာနိုင်ငံသား ၁၁ ဦးပါဝင်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုအချိန်အထိ ဆန္ဒပြပြည်သူ ၅၆၈ ယောက် သေဆုံးရပြီ ဖြစ်ကြောင်းနဲ့ သေဆုံးသူ အရေအတွက်ဟာ အတော်လေးကို များနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
တရုတ်ဟာ ရုရှားရဲ့ လုပ်နည်းလုပ်ဟန်တွေကို အတုယူပြီး အမေရိကန်ရဲ့ ချို့ယွင်းချက်တွေကို ဖော်ထုတ် ထင်ဟပ်ပြနိုင်အောင်ကြိုစားနေသလို လက်ရှိ အနောက်နိုင်ငံတွေမှာ အခြေအတင် ဖြစ်နေတဲ့ လူမျိုးရေး၊ နိုင်ငံရေး သဘောထား ကွဲပြားမှုတွေကို အသုံးချနေကြောင်း သတင်းတု သတင်းမှားများဆိုင်ရာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံး စံချိန်ကျိုးအောင်မြင့်တက်သွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီနှစ်အတွင်း နေ့စဉ် ပိုးတွေ့လူနာအသစ် ကူးစက်နှုန်း ၁၀၀,၃၅၅၈ ယောက်အထိမြင့်တက်ခဲ့တာပါ။
CDM လုပ်နေသူတွေကတော့ သူတို့မှာ ဝင်ငွေမရှိသလို ကြောက်ရွ့ံ့နေတဲ့ကြားက ပဲ ဒီအာဏာရှင်စံနစ်ကို ခြေမှုန်းဖို့မှ တပါး တခြားရွေးစရာလမ်း မရှိဘူးလို့ ခံယူထားကြကြောင်း CDM မှာ ပါဝင်နေသူတွေရဲ့ ပြောြ့ကားချက်ကို AFP မှာ ဖေါ်ပြထားပါတယ်။
ပြင်သစ် Total ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရတနာဓာတ်ငွေ့ တူးဖော်ရေးက ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘေးကင်းကင်းနဲ့ ထုတ်နိုင်နေသ၍ ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်ချိန်ကစလို့ ၆၃ ရက်မြောက် ဒီကနေ့မှာလည်း မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်တွေကို ပုံစံမျိုးစုံနဲ့ မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်နေတာမှာ ဒီကနေ့လည်း ရန်ကုန်မြို့ နေရာတချို့မှာ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်အပါအဝင် ပြည်နယ်တိုင်းအသီးသီးမှာ စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်နေသလို အရုဏ်ဦးသပိတ်၊ လမ်းလျှောက်သပိတ်၊ လူမဲ့သပိတ်၊ ဆိုင်ကယ်သပိတ် စတဲ့ လူထုပါဝင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဗာတီကန်မှာ ဒီနေ့ကျင်းပတဲ့ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့ အီစတာပွဲတော်အတွင်း ပုပ်ရဟန်းမင်းကြီး Francis က မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ငြိမ်းချမ်းစွာနဲ့ တောင်းဆိုဆန္ဒပြနေကြတဲ့ လူငယ်တွေကို ချီးကျူးပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရောက်နေတဲ့ CNN ရုပ်သံသတင်းဌာနက နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarissa Ward က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို တွေ့ဆုံမေးမြန်းနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် တက်လာပါတယ်။
ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ရှေ့နေတွေအပေါ် အရင် အမေရိကန်သမ္မတ လက်ထက် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ခဲ့တာကို အခု ပယ်ဖျက်ပေးလိုက်ပါပြီ။
မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အားပေးပြီး အခြေအနေ ပြန်ပြီး တည်ငြိမ်လာစေရေး လုပ်နိုင်သမျှ အားလုံးလုပ်သွားဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ချက်ချင်းပြန်တည်ဆောက်ရေး လက်တွဲလုပ်ဆောင်သွားကြဖို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်တွေက ကလေးငယ်တွေ အပါအဝင် လူထု ၁၂,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ကလေးငယ် ၄၀ ကျော်သေဆုံးခဲ့ရပြီး ဆန္ဒပြသူ ရာနဲ့ချီ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ ပိုမြင့်တက်လာနေပါတယ်။
အမေရိကန်လွှတ်တော်ရှေ့မှာချထားတဲ့ အတားအဆီးတွေအနီးမှာ တာဝန်ကျနေတဲ့ လွှတ်တော်ရဲ အရာရှိ ၂ ယောက်ဆီကို သောကြာနေ့နှောင်းပိုင်းက လူတယောက် ကားနဲ့ဝင်တိုက်ပြီး ဓားနဲ့ပါလိုက်ပြီးတိုက်ခိုက်ခဲ့တဲ့အတွက် ရဲအရာရှိတဦး သေဆုံးသွားပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 အကူးစက်ခံရသူဟာ သောကြာနေ့တနေ့ ထဲမှာတင် ၈၁,၀၀၀ ကျော်ရှိနေတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်