မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူပြည်သားတွေအပေါ် အကြမ်းဖက်နေတဲ့လုပ်ရပ်တွေကို အိန္ဒိယနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အမြဲတမ်း ခိုလှုံခွင့် မပေးနိုင်ပေမယ့် ယာယီနေထိုင်ဖို့နဲ့ အကူအညီတွေတော့ ပေးသွားမယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးAnutin Charnvirakul က ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိဖြစ်လာတဲ့ ဗီယက်နမ် နိုင်ငံ က မြန်မာနိုင်ငံအတွက် အခုအချိန်မှာ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းသွားစေဖို့ ပထမဦးစားပေး ဖြစ်ကြောင်း ဧပြီလတရက် သဘာပတိတာဝန်ယူတဲ့နေ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ သတင်းသမားတွေ အထူးသဖြင့် အမျိုးသမီးသတင်းသမားတွေကို တာလီဘန်တွေက တမင်ပစ်မှတ်ထားတာ၊ ခြိမ်းခြောက်တာ၊ သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ် တစောင်မှာ ဖေါ်ပြထားသလို ၊ VOA ရဲ့ သုတေသန ပြုချက်အရလည်း သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အတိုက်ခိုက်ခံနေရတာနဲ့ သတင်းထောက်တွေ၊ မီဒီယာသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ် ပူပန်ကြောင်း သတင်းသမားများ အကာကွယ်ပေးရေး ဆိုင်ရာ ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့ ပူးတွဲသဘာပတိ ၃ နိုင်ငံက ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင်း ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ပြည်သူအားလုံးကို ဒေသတွင်းနိုင်ငံတွေက အကာကွယ်ပေးဖို့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ UNHCR ကုလသမဂ္ဂရုံးက ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဒေတာနဲ့ အင်တာနက်လိုင်းတွေကို ဧပြီလ(၂)ရက်နေ့ကစလို့ ယာယီ ပိတ်ထားဖို့ အာဏာသိမ်းကောင်စီက ညွှန်ကြား လိုက်ပါတယ်။ သောကြာနေ့ မနက်(၁)နာရီကစပြီး မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားဖို့ ညွှန်ကြားလိုက်တာပါ။
မြန်မာစစ်တပ်နဲ့ဆက်စပ်ပတ်သက်နေတဲ့ စီးပွါးရေးလုပ်ငန်းကြီးတခုကို ဗြိတိန်နိုင်ငံက ကြာသပတေးနေ့မှာ အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပေါ် ဗြိတိန်နိုင်ငံက အခုချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေ ချက်ချင်းအသက်ဝင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာကြောင့် နိုင်ငံတကာက ဒဏ်ခတ်အရေးယူမှုတွေတိုးလာနေချိန်မှာပဲ မြန်မာ့အထည်ချုပ်လုပ်ငန်းက အဝတ်အစားအော်ဒါမှာယူမှုတွေဆိုင်းငံ့လိုက်တဲ့ ဥရောပနိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံ Next တံဆိပ်လည်းပါဝင်လာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့ ကြေညာထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသားတရပ်လုံး ပါဝင်နိုင်မယ့် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့နိုင်ရေး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို မတ်လ ၃၁ ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ ကိုကျော်ကျော်သိန်းကပြောပြပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ ရှေ့နေ ဒေါ်မင်းမင်းစိုး ပြောပြချက် [Unicode] ဒေါျအောငျဆနျးစုကွညျရဲ့ အခွအေနေ ရှေ့နေ ဒေါျမငျးမငျးစိုး ပွောပွခကြျ
မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး မတ်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးအစည်းအဝေးမှာ မြန်မာကိုဒဏ်ခတ်အရေး ယူဖိမယ့်ကိစ္စကို တရုတ်နိုင်ငံက ပယ်ချခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မတ်လ ၃၁ ရက်နေ့စွဲနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။
ဘယ်နိုင်ငံမှာမဆို ပြည်သူတွေဟာ သူတို့ တိုင်းပြည်ကို ငြိမ်းချမ်းစွာနဲ့ သာယာဝပြော ချမ်းသာစေချင်ကြပေမယ့် တိုင်းပြည်ရဲ့အာဏာပိုင်တွေက သူတို့အတ္တအတွက် အာဏာကို အသုံးပြုနေခြင်းဟာ မသင့်တော်ဘူးလို့ အလှမယ် ဟန်လေးက ထောက်ပြ ပြောဆိုသွားပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ သူ့သြဇာကိုသုံးပြီး မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein တို့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး အာဆီယံအဖွဲ့အပါအဝင် အင်ဒိုပစိဖိတ်ဒေသနဲ့ အမေရိကန်ပြည်ထောင်စုကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
R2P မြန်မာ့အရေးမှာ နိုင်ငံတကာကဝင်ရောက်စွတ်ဖက်ဖို့ တောင်းဆိုတဲ့ လန်ဒန်မြို့က ဆန္ဒပြပွဲမှာ မြန်မာ့ဒီမိုကရေစီနဲ့တိုင်းရင်းသားလှုပ်ရှားသူတွေ စုစုပေါင်း နှစ်ရာလောက် ဒီကနေ့ နေ့လည်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်နေသူတဦးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံထဲ မတည်မငြိမ်မူတွေကြောင့် ရွှေတြိဂံနယ်မြေမှာ၊ မူးယစ်ဆေး Methamphetamine ရာဘားဆေးပြားထွက်တာ မြင့်မားလာတယ်လို့၊ ကုလသမဂ္ဂ အေဂျင်စီတစ်ခုက ပြောလိုက်ပါတယ်။
COVID -19 ရောဂါပိုးရဲ့မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လတ်တလော ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအပေါ် စိုးရိမ်ကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ အခြား ၁၃ နိုင်ငံတို့က အင်္ဂါနေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ကြပါတယ်။
“အာဆီယံအဖွဲ့ကြီးကနေ မြန်မာ့အရေး ပါဝင်ဆောင်ရွက်ဖို့ ကြိုစားမှုအတွက် ဂျပန်အစိုးရရဲ့ ထောက်ခံမှုကို ကျမ ကြိုဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံမှုရှိဖို့နဲ့ ချမ်းသာသုခရဖို့ဟာ အဓိကပါ။"
နောက်ထပ်ကြည့်ရှုရန်