ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်ဖက်တပ်ဖွဲ့တွေ ဘက်ပေါင်းစုံကနေ အကြီးအကျယ် ထိုးစစ်ဆင်လာမယ့် အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အတွက်နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဆောင်ရွက်ပေးဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက အင်္ဂါနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို အထောက်အကူဖြစ်စေတဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်မလုပ်ကြဖို့ နိုင်ငံတကာ စီးပွါးရေးလုပ်ငန်း ကုမ္ပဏီကြီးတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ကွန်ဂိုနိုင်ငံ စစ်အာဏာရှင်ဟောင်းတယောက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုခုံရုံး ICC က အင်္ဂါနေ့မှာ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေထဲက ဒုက္ခသည် ၄၀၀၀ ကျော်ကို ဆဋ္ဌမမြောက် အသုတ်အဖြစ် Bhasan Char ကျွန်းကို မတ်လ ၃၀ အင်္ဂါနေ့မှာ ပို့ဆောင်နေပြီ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံက ဘောလုံး ကလပ်အသင်းမှာ ကစားတဲ့ မြန်မာဘောလုံးသမားတဦး ပွဲစဉ်တခု ကစားရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာဆန္ဒပြသူတွေရဲ့ သင်္ကေတ လက် ၃ ချောင်းထောင်ခဲ့လို့ နောက်ပွဲတပွဲ မကန်ရဘူးလို့ တားမြစ်ခံရတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အထူးစိုးရိမ်စရာရှိနေတဲ့အတွက် ကုလသမဂ္ဂပဋိညဉ်စာတန်းပါ အပိုဒ် ၉၉ ကို အကောင်အထည်ဖော်ဖို့ ဆိုတာရော R2P ကိစ္စရော ဒီလ အစောပိုင်းတွေမှာကတည်းက သူတို့အဖွဲ့က တိုက်တွန်းထားတာပါ။
ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ကရင် ရွာသူ၊ ရွာသားတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်တယ်ဆိုတာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ငြင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲနေတာရပ်ဖို့ ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့ တောင်းဆိုလိုက်သလို ထိုင်းနိုင်ငံကလည်း အကြမ်းဖက်မှုလေ ျှာ့ချဖို့ တောင်းဆိုထားကြောင်း ရိုက်တာသတင်းဌာနရဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အကာအကွယ်မဲ့နေတဲ့ ဆန္ဒပြပြည်သူတွေအပေါ် အာဏာသိမ်း စစ်တပ်က မတရား ဖိနှိပ်နေတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ပြည်သူတွေကို စုပေါင်းကာကွယ်စောင့်ရှောက်ပေးဖို့ လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ GSCN က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ထားပါတယ်။
(၆)ရက် အကြာ စူးအက်တူးမြောင်းထဲ ပိတ်မိနေခဲ့တဲ့ ကြီးမားတဲ့ ကုန်သင်္ဘောကြီး Ever Given ကို ၈၀ ရာခိုင်နှုန်း လမ်းကြောင်းပြန်တည့်ပေးလိုက်ပြီလို့တူးမြောင်း အရာရှိတွေက တနင်္လာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတွေက အရပ်သား ပြည်သူတွေ အပေါ် မျက်ကန်းလို ရမ်းပြီး သတ်ဖြတ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာဘက်က ဒုက္ခသည် ၂၀၀၀ ကျော်ကို ပြန်မောင်းထုတ်ခဲ့တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက ငြင်းဆိုလိုက်ပါတယ်။
တနင်္လာနေ့မှာလည်း ဆန္ဒပြပြည်သူ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တနင်္လာနေ့ တရက်ထဲ မှာတင် သေဆုံးရသူက ၁၄ ယောက် ရှိနေတာပါ။ သေဆုံးရသူတွေထဲမှာ ရန်ကုန် တောင်ဒဂုံမှာတင် သေဆုံးရသူက ၈ ဦးရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ တခြားနေရာတွေမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တံ့ဖို့ ရန်ကုန် ဆွီဒင်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ် အနေနဲ့ သတ်ဖြတ်နေမှုတွေ၊ ဆန္ဒပြပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေကို ရပ်ပစ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ပြည်သူအများအပြားကို သတ်ဖြတ်နေတာ အတွက် အမေရိကန်အစိုးရက ရှုတ်ချကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေတိုးလာနေတာကြောင့် ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံတွင်းကနေ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ထွက်သွားသင့်တယ်လို့ ရန်ကုန် ဗြိတိန်သံရုံးက တနင်္ဂနွေနေ့မှာ သူ့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ပွားနေတဲ့ ဝမ်းနည်းကြေကွဲစရာ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ အချိန်ကြာနိုင်ပြီး အာဆီယံအနေနဲ့ ဒီပြဿနာကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အရေးတကြီးဖြစ်နေတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။
၂၀၁၃ ခုနှစ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူညီချက် TIFA အရ မြန်မာနိုင်ငံနဲ့ ရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အားလုံးကို အမေရိကန်ပြည်ထောင်စုက ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။
မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တခါးပိတ်ခေါ်ယူ ကျင်းပဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်