မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ၊ သွေးမြေကျမှုတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ တကယ်တမ်း နစ်နာသူတွေဟာ မြန်မာပြည်သူတွေပဲ ဖြစ်တယ်လို့ တရုတ်နိုင်ငံက သတိပေးပြောဆိုပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ရေရှည်တည်ဆောက်ထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဝမ်းနည်းစရာဖြစ်ရပ်တွေကို ထောက်ခံတဲ့သဘော မဟုတ်ဘူးလို့ ရုရှားအစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက အခြေအနေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံကြား အနီးကပ်ဆွေးနွေးနေတယ်လို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထိန်းချုပ်မှုတွေကို ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ကမ္ဘာ့ဘဏ်က စတင်ခဲ့တာ ဖြစ်ပြီး ADB ကလည်း ကန်ထရိုက်အသစ်တွေနဲ့ လုပ်လက်စ စီမံကိန်းတွေအတွက် ရံပုံငွေတွေကိုပါ မတ်လ ၁၀ ရက်နေ့မှာ ဆိုင်းထားလိုက်တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ အရာရှိကြီးနှစ်ဦးက ဒီကနေ့ ပူးတွဲသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ သတင်းအချက်အလက်တွေ ဖော်ပြထားတာကြောင့် ဗင်နီဇွဲလားသမ္မတ Nicolas Maduro ရဲ့ Facebook စာမျက်နှာကို ရက် ၃၀ ယာယီပိတ်ထားတယ်လို့ Facebook ပြောခွင့်ရက ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရဖို့အတွက် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးနဲ့ မတ်လ ၂၅ ရက်နေ့မှာ တွေ့ဆုံပြီး မေတ္တာရပ်ခံခဲ့ကြောင်း လန်ဒန်မြို့ မြန်မာသံရုံးရဲ့ Facebook စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ကျရောက်တဲ့ တပ်မတော်နေ့မှာ စစ်တပ် အနေနဲ့ မူလတာဝန်ဖြစ်တဲ့ ပြည်သူလူထုကို စောင့်ရှောက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
RSF လို့အတိုခေါက်ခေါ်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က၊ မြန်မာစစ်ကောင်စီအနေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာကို အမြစ်ဖြတ်ထုတ်ပစ်နေတယ်လို့၊ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ အားကောင်းလာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ တရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေ အတိုက်ခိုက်ခံနေရတာအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြင်းပြင်းထန်ထန်ရှုတ်ချ လိုက်ပါတယ်။
တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆန္ဒပြသူတွေကို ဆက်တိုက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ၆ ဦးသေကြေရပြီး ထိခိုက်ဒဏ်ရာရရှိသူ၊ အဖမ်းခံရသူတွေ ရှိသလို မနေ့ညက စစ်ကိုင်းတိုင်၊း တမူးမြို့မှာ ပစ်ခတ်မှုကြောင့် သေဆုံးနဲ့ ဒဏ်ရာရသူရှိခဲ့ပါတယ်။ ကိုရန်နိုင်က ပြောပြပေးပါမယ်။
ဦးတင်ဦးနဲ့ မိသားစုကို မနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် တပ်မတော်နေ့အခမ်းအနားတက်ရောက်ဖို့ လာရောက် ဖိတ်ကြားပေမယ့် ကိုဗစ် ကပ်ရောဂါ အခြေအနေတွေကြောင့် တော်လှန်ရေးနေ့အခမ်းအနား အစီအစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အာရှတိုက်တလွှားက ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၁၂ ဦးတို့က ပူးတွဲ တောင်းဆိုလိုက်ကြပါတယ်။ ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့အတူရပ်တည်နေတယ်လို့လဲ သူတို့ရဲ့ ကျေညာချက်မှာဖော်ပြထားပါတယ်။
ထရမ့်ခေတ်က တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတချို့ကို လိုက်မလုပ်တဲ့အတွက် သူ့အနေနဲ့ တောင်းပန်ဖို့မရှိဘူးလို့သမ္မတ ဂျိူးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဖမ်းဆီးထားတဲ့ အရပ်သားအစိုးရ တာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပဲ ဖြစ်နေသလို၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်သွားသူတချို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပဲရစ်မြို့မှာ ဒါဇင်နဲ့ချီတဲ့ လူတွေဟာ က Total ရေနံကုမ္မဏီရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ဆန္ဒပြသူတွေရဲ့ ဒဏ်ရာရ ဓာတ်ပုံတွေကို ကိုင်ဆောင်၊ သွေးတုတွေကို သွန်ချပြီး ရေနံနဲ့သဘာဝဓတ်ငွေ့ ကုမ္မဏီကြီးအနေနဲ့မြန်မာနိုင်ငံမှာ ဆက်ပြီး လုပ်ကိုင်နေတာကို ရှုတ်ချတဲ့အနေနဲ့အခုလို ဆန္ဒပြကြတာဖြစ်ပါတယ်။
ကလေးငယ်တွေ အပါအဝင် ပြည်သူတွေကို မြန်မာစစ်တပ်က သတ်ဖြတ်နေတာ အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရုတ်ချကြောင်း မတ်လ ၂၅ ရက် ကြာသပတေးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
“မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဟာ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူ ၃ပုံ ၁ပုံပါဝင်တဲ့ ဒေသခံ တသန်းလောက်ကို အကူညီပေးနေတာဖြစ်ပြီး လက်ရှိနိုင်ငံရေးပြဿနာတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ဒေသက ဒေသခံ တွေ အပေါ် သက်ရောက်မှုရှိနေတာအတွက် အထူးစိတ်ပူကြောင်း” ပြောသွားတာပါ။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းခဲ့ပြီး၊ ဆန္ဒပြပြည်သူတွေ အသက်ဆုံးပါးတဲ့ အထိ ရက်ရက်စက်စက် နှိမ်နင်းနေတဲ့ မြန်မာစစ်တပ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အမေရိကန်ပြည်ထောင်စုကရော ဗြိတိန်အစိုးရကပါ ကြာသပတေးနေ့မှာ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်