မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာတွေကို ရပ်ဖို့ အင်ဒိုနီးရှားနဲ့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။
အခုမြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်မှုက အမေရိကန်သမ္မတ Joe Biden တက်လာအပြီး ပထမဆုံးဖြစ်ခါ တရုတ်နဲ့တင်းမာစွာ ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေသတွင်း ခရီးစဉ်အပြီးလေးမှာလည်း ဖြစ်လာတာပါ။
ဇန်နဝါရီမှာ သမ္မတ တာဝန်စယူခဲ့တဲ့ Biden ရဲ့ အိမ်ဖြူတော် အရှေ့ဘက်ခန်းမမှာ လုပ်မယ့် ဒီ သတင်းစာရှင်းလင်းပွဲဟာ ဆယ်စုနှစ် ၄ ခုအတွင်း နောက်အကျဆုံးလုပ်တဲ့ သမ္မတသစ် သတင်းစာရှင်းလင်းပွဲလည်းဖြစ်ပါတယ်။
အထူးကိုယ်စားလှယ်တင်ပြတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ သက်ဆိုင်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို တင်သွင်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်နဲ့ အကြံပြုချက်တွေပေးဖို့လည်း လူ့အခွင့်အရေးကောင်စီက မနေ့က ဆုံးဖြတ် အကြံပြုခဲ့ပါတယ်။
မြန်မာနိုင်ငံအနှံ့မြို့တွေမှာ မနေ့ဗုဒ္ဓဟူးနေ့က အသံတိတ်သပိတ်ဆင်နွဲှခဲ့ကြပေမဲ့ ဒီကနေ့တော့လမ်းမပေါ်ချီတက်ဆန္ဒပြတာတွေ ပြန်လုပ်လာကြပါတယ်။ ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ ပဲခူး၊ ထားဝယ်၊ ပြင်ဦးလွင်၊ ကသာစတဲ့မြို့တွေမှာ လူထောင်ချီပါဝင်တဲ့သပိတ်တွေ၊ အရုဏ်ဦးသပိတ်တွေအပြင် ဆိုင်ကယ်သပိတ်တွေပြုလုပ်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့တဲ့သူတွေကို အကူအညီပေးရေး ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ၁၄ သန်း သုံးစွဲခွင့်ပြုလိုက်ပါတယ်။
ကုန်သွယ်ရေး၊ သဘာဝအရင်းအမြစ်တူးဖော်ရေး၊ အဖျော်ယာမကာ၊ ဆေးလိပ်နဲ့ လူသုံးကုန်ပစ္စည်းတို့နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စစ်တပ်ရဲ့ လုပ်ငန်းကြီးတွေက လက်ဝါးကြီးအုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တမူးမြို့နယ်ရဲ့ သပိတ်စစ်ကြောင်း မြင်ကွင်း။ ~~~ တမူးမွို့နယျရဲ့ သပိတျစဈကွောငျး မွငျကှငျး။
ကလေးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းမြင်ကွင်း။ ~~~ ကလေးမွို့ ဆိုငျကယျသပိတျစဈကွောငျးမွငျကှငျး။
ဥရောပတိုက်အတွင်း ကိုဗစ်ကပ်ဘေး ပိုမိုဆိုးဝါးလာပြီး ကာကွယ်ဆေးပြတ်လပ်လာနေတာကြောင့် ဥရောပသမဂ္ဂ EU အနေနဲ့ကာကွယ်ဆေးတင်ပို့မှုကို အသေအချာထိန်းချုပ်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
အခုလို COVID-19 ကပ်ဘေးနဲ့တရုတ်ရဲ့ ရန်လိုမှု တိုးပွားနေတဲ့ ကာလမျိူးမှာ မဟာမိတ်တွေ ပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည် သက်ဝင်လှုပ်ရှားလာစေရေး ဘိုင်ဒန်အစိုးရရဲ့ ကတိကဝတ်အတွက် ကျယ်ကျယ်ပြန် ့ထောက်ခံမှုရရှိနေတယ်လို ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က Brussels မြို့မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသူ ရာနဲ့ချီပြီး ပြန်လွှတ်ပေးလိုက်ပေမဲ့ အရပ်သား အစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဆက်လက် ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အရေးပေါ် အစည်းအဝေးခေါ်ယူမယ့် အစီအစဉ် ပြီးဆုံးတဲ့ အချိန်အထိ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေး ဆိုင်းငံ့ထားဖို့ မလေးရှားအာဏာပိုင်တွေ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာဆန္ဒပြသူတွေကိုစစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာလည်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပြီး ထွက်ပြေးသူတွေ ထောင်နဲ့ချီရှိနေပါတယ်။ အေပီသတင်းကို အခြေခံပြီး ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းကို ဧပြီလ ၁ ရက်နေ့ ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ပုံမှန်ရုံးထုတ်စစ်ဆေးဖို့ တရားသူကြီးက သတ်မှတ်ထားတဲ့ မတ်လ ၂၄ ရက်နေ့ ဒီနေ့မှာ သူ့ကို ဘာကြောင့် တရားရုံးမထုတ်နိုင်သလဲဆိုတာ သဲသဲကွဲကွဲ မရှိပါဘူး။
အမေရိကန်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အာရှဒေသခရီးစဉ်အပြီးဖြစ်လာတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ လေကြောင်းအင်အားတိုးလာတာဟာ တရုတ်ရဲ့ အင်အားချဲ့ထွင်မှုကို အလျင်အမြန်အသေးစိတ်စောင့်ကြပ်နိုင်ဖို့ဖြစ်တယ်လို့ ဒေသတွင်း ကျွမ်းကျင်သူတွေက ယူဆပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာလုံးဆိုင်ရာ TB အဆုတ်ရောဂါတိုက်ဖျက်ရေးအောင်မြင်မှုတွေ ၁၀ စုနှစ် တစုကျော် နောက်ကျသွားခဲ့ရတယ်လို့ လာမယ့် မတ်လ ၂၄ မှာ ကျရောက်မယ့် ကမ္ဘာ့ TB အဆုတ်ရောဂါတိုက်ဖျက်ရေးနေ့မတိုင်မီ ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။
အာဏာသိမ်း စစ်တပ်က ဖမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရားရုံး ကြားနာဖို့ ရက်ချိန်းရှိပါတယ်။
ရဲတဦးအပါအဝင် လူ ၁၀ ဦးသေဆုံးစေခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် Boulder မြို့ပစ်ခတ်မှုအပြီးမှာပဲ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က နိုင်ငံတဝှမ်း တိုက်ခိုက်ရေး လက်နက်တွေအပေါ် ပိတ်ပင်ဖို့ အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး သြစတေးလျ စီးပွားရေး ပညာရှင် ပါမောက္ခ Sean Turnell ကို အစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ စစ်ဆေးမေးမြန်းနေပေါတယ်။
နောက်ထပ်ကြည့်ရှုရန်