မြန်မာ့ စစ်အာဏာသိမ်းမှု အတွင်း သေဆုံးခဲ့ရတဲ့ မြန်မာ ပြည်သူတွေ အတွက် မီးထွန်းညှိ ဆုတောင်းပွဲ တရပ်ကို အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့တော်မှာ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၂၃ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က မတ်လ ၂၃ ရက် အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့လက်တွဲဘက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်တဲ့နေရာမှာ NATO မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေနဲ့ အရင်ဆုံး ဦးစားပေးဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နဲ့ အကယ်ဒမီရွှေ ၇ ပိဿာ ပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုထားတဲ့ ဗွီဒီယိုကို စစ်အုပ်ချုပ်ရေးကောင်စီရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြသပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဘန်းခဲ လဝကထိန်းသိမ်းရေးအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၄၉၀ ထဲက ၄၀၀ နီးပါး ကိုဗစ်ကပ်ပိုးတွေ့လို့ ထိုင်းအာဏာပိုင်တွေက ကိုဗစ်ကုသရေးအတွက်စီစဉ်ထားတဲ့ ယာယီဆေးရုံရှိရာကို ပို့ဆောင်ကုပေးနေပါတယ်။
NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် မူလနေရာကို ပြန်လည်တာဝန်ပေးလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြေညာပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့တနင်္လာနေ့က အကြီးအကျယ် မီးလောင်ခဲ့တာကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရံပုံငွေအဖွဲ့ UNICEF ကပြောပါတယ်။
COVID-19 ရောဂါပိုးရဲ့ ဇစ်မြစ်နဲ့ နောင်မှာ ဒီလိုကပ်ရောဂါ ထပ်ဖြစ်မလာအောင် ဘယ်လိုကာကွယ်ရမယ် ဆိုတာသိဖို့ တရုတ်နိုင်ငံမှာတင် မကပဲ အရှေ့တောင်အာရှ ဒေသတွေမှာပါ ဆက်ပြီး ရှာဖွေ ဆန်းစစ်ဖို့ သိပ္ပံပညာရှင်တွေလုပ်ဆောင်နေပါပြီ။
မြန်မာ့ ကျောက်မျက်နဲ့ ပုလဲတွေကို ဧပြီလ ၁ ရက်နေ့ကနေ စလို့ နေပြည်တော်မှာ ၁၀ ရက်ကြာ ခင်းကျင်း ရောင်းချမယ့် အကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီက ကြေညာပြီးနောက်မှာတော့ ကျောက်မျက်ပြပွဲမှာ အရောင်းအဝယ် လုပ်သူတွေကို အမည်ပျက်စာရင်းသွင်း အရေးယူမယ့် အကြောင်း CRPH က တနလာၤနေ့မှာ ကြေညာပါတယ်။
ယီမင်နိုင်ငံမှာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် အပစ်အခတ်ရပ်စဲကြဖို့ ဆော်ဒီအာရေဗျ နိုင်ငံက တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှင်ကျန်းဒေသက ဝှီဂါ မူစလင်တွေ အပေါ် လူ့အခွင့်ရေးချိုးဖေါက်မှုနဲ့ တရုတ်အရာရှိအတော်များများကို အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က အရေးယူဒဏ်ခတ်မှုတွေ တနင်္လာနေ့မှာ ချမှတ်လိုက်ပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၂၂၄ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှု လုပ်နေသူတွေအပေါ် အကြမ်းဖက်၊ အနှောင့်အယှက် လုပ်နေတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက လူ ပုဂ္ဂိုလ် နှစ် ယောက်နဲ့ လုပ်ငန်း နှစ် ခုကို အရေးယူ ဒဏ်ခတ်မှုတွေ ဒီနေ့ ချမှတ်လိုက်ပါတယ်။
အာရှနွယ်ဖွား အမေရိကန်တွေ တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်တွေ ပြီးခဲ့နှစ်ပိုင်းမှာ ပိုတိုးလာပြီး ဒါဟာ သမ္မတဟောင်း Donald Trump လက်ထက် ကပ်ရောဂါဆိုးကြီးကို တရုတ် ဗိုင်းရပ်စ်လို့ ခေါ်ဝေါ် ရှုတ်ချခဲ့တာရဲ့ အကျိုးဆက်ဆိုပြီး ဝေဖန်ပြစ်တင်မှုတွေ ရှိနေပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းနေတာကို အနောက်နိုင်ငံတွေက ဆက်တိုက်ပြစ်တင်ရှုတ်ချနေသလို ပြည်တွင်းရေး ဝင်မစွက်တဲ့မူ လက်ကိုင်ထားတဲ့ အိမ်နီးချင်းအာရှနိုင်ငံတွေကလည်း မြန်မာ့အရေး စိုးရိမ်မှုတွေ ပြောဆိုနေကြပါပြီ။
နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့ မတ်လ ၁၉ ရက်နေ့ သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ နေပြည်တော်အခြေစိုက် ဘီဘီစီမြန်မာပိုင်းသတင်းထောက် ဒီကနေ့မနက် ပြန်လွတ်လာပါတယ်။ သူနဲ့ အတူ အဖမ်းခံရသူ မဇ္ဈိမသတင်းထောက်ဟောင်းကိုတော့ အာဏာပိုင်တွေ ဆက်ပြီး ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံပဲ နွေဦးတော်လှန်ရေး အဖြစ်သတ်မှတ်ပြီး တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံတလွှားက ကျောင်းသားတွေ ပြည်သူတွေနဲ့အတူ ရခိုင်ကျောင်းသားအဖွဲ့ တွေကလည်း တသားတည်း ရပ်တည်မှာ ဖြစ်ကြောင်း ရခိုင်ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း ၁၁ ဖွဲ့က မတ်လ ၂၁ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အမိန့်ကို အကြမ်းမဖက် ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်မှုကို မတ်လ ၃၁ ရက်နေ့ အထိသာ လက်ခံတော့မှာ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မတ်လ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုဟာ အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကြီးအကဲ Zoramthanga က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီကနေ့အထိဆိုရင် ၂၄၀ ကျော်သွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်