မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်မှာ သောကြာနေ့က တခဲနက်တည်း အတည်ပြုလိုက်ပါတယ်။
ရာဇဝတ်မှုဆိုင်ရာ နောင်မှာ တရားစွဲဆိုမယ့် လုပ်ငန်းစဉ်တွေအတွက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစပြီး ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားတွေ စုဆောင်းနေတဲ့ ကုလသမဂ္ဂရဲ့လုပ်ရပ်ကို ရန်ကုန်အမေရိကန်သံရုံးက ကြိုဆိုလိုက်ပါတယ်။
COVID- 19 ကာကွယ်ဆေး တမျိုးဖြစ်တဲ့ AstraZeneca ကနေ ရတဲ့ အကျိုးကျေးဇူးတွေဟာ သူ့ကြောင့် အန္တရာယ် ဖြစ်လာနိုင်တာထက် အများကြီး ပိုသာနေတဲ့အတွက် ဒီဆေးကို အသုံးပြုဖို့ ထောက်ခံချက် ပေးကြောင်း WHO အဖွဲ့ကြီးရဲ့ ကာကွယ်ဆေး ဘေးကင်းရေး ကမ္ဘာလုံးဆိုင်ရာ အကြံပေးမှုကော်မတီက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာ၊ သတင်းသမားတွေအပါအဝင် လူတွေကို မတရားဖမ်းဆီးနေတာတွေဟာ “လုံးဝလက်ခံနိုင်ဖွယ်မရှိ”ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ပြောကြားလိုက်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖြုတ်ချခဲ့တဲ့နောက် မြန်မာ့ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ပါဝင်ဆောင်ရွက်နေတဲ့ ပြင်သစ်စွမ်းအင်လုပ်ငန်းအဖွဲ့ EDF - Électricité de France က သူ့လုပ်ငန်းတွေကို ဆိုင်းငံ့လိုက်ပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေအလွန်ဆိုးရွားနေပြီး လုံးဝထိန်းချုပ် လို့ မရတော့မယ့် အနေအထားရောက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလဌာနကိုယ်စားလှယ်က သောကြာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေက စက်ရုံအများစုက လစာမဲ့ခွင့်နဲ့ အလုပ်တွေပိတ်လိုက်တာကြောင့် နေထိုင်ရေး အခက်တွေ့လာတဲ့ အလုပ်သမားတွေဟာ နေရပ်ကိုပြန်နေကြရပါပြီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ကြာသပတေးနေ့က Alaska ပြည်နယ် Anchorage မှာ တွေ့ဆုံခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ဂျွန်လကတည်းက တရုတ်-အမေရိကန် အရာရှိတွေအကြား ပထမအကြိမ် နှစ်ဘက်တွေ့ဆုံမှုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ စင်္ကာပူကာကွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ကူးစက်မှုတွေလျော့ကျလာတာကြောင့် လပေါင်းများစွာ ရှည်ကြာခဲ့တဲ့ COVID-19 အရေးပေါ်အခြေအနေကို တနင်္လာနေ့က ရုပ်သိမ်းလိုက်ကြောင်း ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အာဏာပိုင်တွေ အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ တိုးလာနေတာကြောင့်၊ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ကြိုတင်ပြင်ဆင်နေပါတယ်။
နိုင်ငံတကာက သတိပေးနေတဲ့ ကြားမှာပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အာဏာပိုင်တွေ အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့လုပ်ရပ်တွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တာကြောင့် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်အောင် စဉ်းစားကြဖို့ ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းလိုက်ပါတယ်။
လှည်းတန်း ညသပိတ်စစ်တပ်နဲ့ ရဲက အပြင်းအထန် အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးတာတွေ လုပ်နေတဲ့ကြားကပဲ ရန်ကုန်၊ လှည်းတန်းမှာ ဒီကနေ့ညဦးပိုင်းက ထိုင်သပိတ်နဲ့ ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော်ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချားကျွန်းကို မနေ့ကစ၊ သုံးရက်ကြာခရီး ရောက်ရှိနေပါတယ်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်ထားတဲ့ ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်းနဲ့ New York မြို့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) နဲ့ ရဲတပ်ဖွဲ့ကတရားစွဲထားတယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ရန်ကုန်မြို့မှာဆိုရင် သာကေတ၊ အင်းစိန်၊ စမ်းချောင်း၊ လှိုင်၊ တာမွေစတဲ့မြို့နယ်တွေမှာ ပြည်သူရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ရဲနဲ့စစ်တပ်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေလည်းရှိပါတယ်။
အာရှ အမျိူးသမီး ၆ ဦးအပါအဝင် လူ ၈ ဦးသေဆုံးစေခဲ့တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က Atlanta မြို့ အာရှ အနှိပ်ခန်းတခုဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သံသယရှိသူဟာ လိင်အစွဲအလမ်း လွန်ကဲမှု sex addiction ပြဿနာကြောင့်လို့စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။
တိုင်းပြည်ထဲမှာ COVID-19 ကပ်ဘေး ဒုတိယလှိုင်းပေါ်ထွက်လာတာကို ချက်ချင်း ရပ်တန့်စေဖို့ လျင်မြန်ပြီး အရေးပါတဲ့ ခြေလှမ်းတွေကို လုပ်ဆောင်ဖို့အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တောင်းဆိုလိုက်ပါတယ်။
ဆေးထိုးပြီးသူတွေ သွေးခဲတဲ့ မှတ်တမ်းတွေ ရရှိပြီးနောက် ဥရောပနိုင်ငံတော်တော်များများမှာ AstraZeneca ကာကွယ်ဆေး အသုံးပြုမှု ယာယီ ရပ်ဆိုင်းထားတာကိုလည်း အေဂျင်စီအနေနဲ့အလေးထားတယ်လို့ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်