"မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့ စစ်တပ်က ကြိုးစားနေပြီး၊ တိုင်းပြည် အနာဂတ်အတွက် ရိုးရိုးရှင်းရှင်း ကိုယ့်ဆန္ဒကို ထုတ်ဖော်ကြတဲ့ ဆန္ဒပြသူတွေကိုလည်း ရက်ရက်စက်စက် ဖြိုခွဲနေပါတယ်။" -- ဝန်ကြီး Blinken
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို အဓိက ခံစားနေရသူတွေထဲမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်နေကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ဆီက ငွေလက်ခံယူမှုနဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်က စတင်စစ်ဆေးနေပြီလို့ မတ်လ ၁၇ ရက်နေ့ နိုင်ငံပိုင်သတင်းတွေမှာ ကြေညာသွားပါတယ်။
အမေရိကန်သမ္မတ Joe Biden အစိုးရအဖွဲ့ဝင်တွေထဲက ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အာရှဒေသမှာ ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့မှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါသေးတယ်။
မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့ မတရားအသင်းအဖွဲ့တွေကနေ ပယ်ဖျက်ကြောင်း CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ကြေညာပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ချိန်ကတည်းကစပြီး မြန်မာစစ်တပ် ခေါင်းဆောင်တွေ အမိန့်ပေး ကျူးလွန်ထားတဲ့ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းတွေကို စုဆောင်း သိမ်းဆည်းပြီး ပေးပို့ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) က ဒီကနေ့ ပန်ကြားလိုက်ပါတယ်။
အာရှအရှေ့မြောက်ပိုင်းခရီးစဉ်ထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နှစ်ဦး တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေပါပြီ။ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Chung Eui-yong နဲ့ ဒီနေ့ တွေ့ဆုံပါတယ်။
ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်မှာ တနင်္ဂနွေနေ့က တရုတ်ပိုင်စက်ရုံ ၃၀ ကျော် မီးရှို့ခံခဲ့ရပြီးတဲ့နောက် တရုတ် အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရက တောက်လျှောက် ပြောလာနေတာပါ။
မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြိုခွဲနေတာတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီကနေ့ ပန်ကြားလိုက်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော် ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်းချားကျွန်းကို ဒီကနေ့ ဗုဒ္ဒဟူးနေ့ကစလို့ သုံးရက်ကြာ ခရီးလာရောက်ဖို့ရှိနေပါတယ်။
ဒေသတွင်း တရုတ်ရဲ့ ရန်လိုမှုကို ရှုတ်ချတဲ့ အမေရိကန်နဲ့ဂျပန်တို့ရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ထိပ်တန်းဦးစားပေးမူဝါဒတွေနဲ့ ထိပ်တန်းအရာရှိတွေကို မြောက်ကိုရီးယားက သတိပေးချက် အသစ်တရပ် ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုကို ၄၀ ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမယ်လို့ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း မြန်မာ စစ်တပ်က ဖမ်းထားတဲ့ Open Society Myanmar က ဝန်ထမ်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဘီလျံနာ George Soros တည်ထောင်ထားတဲ့ Open Society Foundations က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပြီး တရားမဝင် ငွေကြေး စီးဆင်းမှုရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ စွပ်စွဲချက်ကိုလည်း ငြင်းဆိုလိုက်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသတွင်း ကြီးထွားလာနေတဲ့ တရုတ်လွှမ်းမိုးမှု စတဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ တိုကျိူမြို့မှာ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုကို ဥရောပ သမဂ္ဂ EU က နောက်သီတင်းပတ် အတွင်း အတည်ပြုမယ့် အကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။
သတင်းဌာနတွေအနေနဲ့ လွတ်လွတ်လပ်လပ်သတင်းဖော်ပြဖို့ လုပ်လာရင် အန္တရာယ်ကြုံရနိုင်သလို၊ တဘက်မှာ ဆင်ဆာဖြတ်တောက်ရေးသားရင်လည်း လူထုနဲ့ ရင်ဆိုင်ရမယ့်အခြေအနေမျိုးကြုံနေရတယ်လို့ ရန်ကုန်မြို့က ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ပေါ်မှာ မိမိတို့ ယုံကြည်ပြီး အာရှဒေသအပါအဝင် နေရာအများအပြားမှာ ဒီစံတန်ဖိုးတွေ ခြိမ်းခြောက်ခံနေရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောရင်း မြန်မာနိုင်ငံအခြေအနေကို ထည့်ပြောသွားပါတယ်။
၂+၂ လို့ သိထားကြတဲ့ ဒီစည်းဝေးပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၊ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့ အမေရိကန်ဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးကြတာပါ။ ဒါဟာဖြင့် သမ္မတ Joe Biden အစိုးရထဲက ဝန်ကြီးတွေရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေထဲက မရှိမဖြစ်လိုအပ်တာမဟုတ်တဲ့ ဝန်ထမ်းတွေ ပြန်ထွက်ခွာကြဖို့ တရုတ်အစိုးရက ပြောထားတယ်လို့ အဲဒီကုမ္ပဏီတွေအတွင်းက သတင်းရင်းမြစ်တွေကို ကိုးကားပြီး South China Morning Post သတင်းစာမှာ ရေးထားတဲ့အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး ကုန်စည်ကူးသန်းမှုနဲ့ အရောင်းအဝယ်တွေအပေါ် ထိခိုက်နေတာနဲ့အမ ျှ စားသောက်ကုန်နဲ့ လောင်စာဆီတွေ ဈေးတက်လာနေတဲ့အပေါ် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့ သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်