မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ဆန္ဒပြပြည်သူတွေ အပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေကို အပြင်းအထန်ရှုတ်ချကြောင်းနဲ့ လက်တုန့်ပြန် ဖို့ စဉ်းစားသုံးသပ်မှာ ဖြစ်ကြောင်း ဂျပန် ကက်ဘိနက်အဖွဲ့ အတွင်းဝန်ချုပ် Katsunobu Kato က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဂိုဘီသဲကန္တာရ ထဲမှာ လေပြင်းတိုက်ခတ်မှုကနေ ၁၀ နှစ်တာ ကာလအတွင်း အကြီးမားဆုံး သဲမုန်တိုင်းကြီ ဖြစ်ပေါ်နေပြီး ဘေဂျင်းမြို့တော်တလွှား မှာတော့ အညိုရောင် ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းနေပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လစစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဆန္ဒပြဆန့်ကျင်သူတွေကို အကြမ်းဖက် နှိမ်နင်းနေချိန်မှာပဲ ဖေဖေါ်ဝါရီ လကုန်လောက်က စပြီး မြန်မာနိုင်ငံကနေ အိမ်နီးချင်း အိန္ဒိယ ဘက်ကို ထွက်ပြေး ခိုလှုံလာသူ ၄၀၀ ကျော် ရှိနေပါပြီ။
စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့ရော ညပါ ပုံစံမျိုးစုံနဲ့ ဆင်နွှဲလာချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ညပိုင်းမှာ ပုန်းအောင်း ဖြိုခွင်းမှုတွေ ရှိလာနေပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ အဖမ်းဆီးခံနေရသလို နေအိမ်တွေမှာ လာရောက်ရှာဖွေ အနှောက်အယှက်ပေးတာတွေခံနေရပြီး တချို့ကတော့ ကြောက်ပြီးပုန်းအောင်း နေကြရတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO က ပြောပါတယ်။
အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ခြိမ်းခြောက်မှု၊ ထိပါးစော်ကားမှု၊ သေဆုံးဒဏ်ရာ ရစေတဲ့ အထိ အင်အားသုံးမှု၊ အကြမ်းဖက်မှု မှန်သမျှဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။
အီတလီ အဝတ်အထည် လက်လီဖြန့်ချီတဲ့ OVS ကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုပ်ငန်းကို အကန့်အသတ်နဲ့ ဆက်ဖွင့်ထားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း အာဏာသိမ်းထာတဲ့ စစ်တပ်ကို ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမားတွေ အပေါ်ခွဲခြားဆက်ဆံသူတွေနဲ့တော့ အလုပ်ဆက်လုပ်မှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
မြန်မာ စစ်တပ် ထိန်းချုပ်မှုအောက်မှာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေတာကြောင့် တုန်လှုပ်ခြောက်ခြားရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကြေညာချက် ထုတ်ပါတယ်။
မြန်မာ ဆန္ဒပြသူတွေကို စစ်တပ်ရဲ့ အကြမ်းဖက်မှုဟာ စာရိတ္တပျက်ပြား ကျင့်ဝတ် ချိုးဖောက်မှု ဖြစ်ပြီး ခွင့်လွှတ်နိုင်စရာ မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန်က ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူ အနည်းဆုံး ၁၃၈ ဦး သေဆုံးရပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး တနလာၤနေ့မှာ ထုတ်ပြန်လိုက်ပြီး ဒီ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါတယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ Lloyd Austin တို့ဟာ- ပစိဖိတ်တဘက်ကမ်းမိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေါ်ကီတော်ကီ ဆက်သွယ်ရေးစကားပြောစက်တွေ တရားမဝင် တင်သွင်းမှုနဲ့ ကနဦး တရားစွဲခဲ့ပြီး အဲ့ဒီနောက် ကိုဗစ်-19 ကာကွယ်ရေး စည်းမျဉ်းတွေကိုလည်း ချိုးဖောက်ခဲ့တယ်လို့ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ချိုးဖောက်မှုနဲ့ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီက တရားစွဲဆိုထားတာပါ။
ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေကို မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက စစ်အုပ်ချုပ်နယ်မြေအဖြစ် ကြေညာခဲ့သလို၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေကိုတော့ ဒီနေ့ မတ်လ ၁၅ ရက်နေ့မနက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ပြည်သူအများအပြား သေဆုံးထိခိုက်နေတာတွေ အမြန်ရပ်ဆိုင်းအောင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ကူညီဆောင်ရွက်ပေးဖို့ ပြည်ပရောက် အပြည်ပြည်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတို့က အကြမ်းဖက်မှုတွေ ကျူးလွန်လာမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဥပဒေနဲ့အညီ မိမိကိုယ်ကိုမိမိ ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၁၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ် နှစ်ခုကို စစ်အုပ်ချုပ်ရေး မာရှယ်လောနယ်မြေအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ကြောင်းအမိန့် ထုတ်ပြန်ချက်ကို မြဝတီရုပ်သံသတင်းဌာနက တနင်္ဂနွေနေ့ညက ကြေညာခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ထိန်းထိန်းသိမ်းသိမ်းရှိရေး ညှိနှိုင်းဆွေးနွေးရေး နဲ့ လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့် အပြည့်အဝလေးစားရေးတို့ကို မလုပ်ဆောင်ပဲ၊ နိုင်ငံတွင်း သွေးထွက်သံယိုမှုတွေ ဆက်ဖြစ်နေတဲ့အတွက် Christine Schraner Burgener က အပြင်းအထန်ရှုတ်ချ လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူ အုပ်ချုပ်နေတာ ၄၂ ရက်မြောက်တဲ့ ဒီနေ့မှာလည်း နိုင်ငံတဝန်း မြို့အစုံမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။
မတ်လ ၁၃ ရက်နေ့ မနေ့က မန္တလေးမြို့ စိန်ပန်းရပ်ကွက်မှာ ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၅ ယောက်ထဲက ၂ ယောက်ရဲ့ အသုဘအခမ်းအနားကို ဒီနေ့လုပ်ခဲ့ပါတယ်။
လှိုင်သာယာ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရမှု ဆန္ဒပြသူ ၇ ဦးထက်မနည်း သေဆုံး၊ ၁၅ ဦး ဒဏ်ရာပြင်းထန် လှိုင်သာယာမြို့နယ် ကြက်ခြေနီတပ်မှူး အတည်ပြု။
နောက်ထပ်ကြည့်ရှုရန်