စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီ ဘရစ္စဘိန်း၊ မဲလ်ဘုန်းနဲ့ ပါ့သ်မြို့တွေမှာ ဒီနေ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။
ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားတဲ့ ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။
မန္တလေး-မြစ်ကြီးနားရထားလမ်း၊ မဲဇာဘူတာနဲ့ ဘုံချောင်းဘူတာအကြားက သဲချောင်းတံတားကို ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် မီးရထားသွားလာဖို့ အခက်အခဲရှိနေသလို မီးရထားဝန်ထမ်းတွေကလည်း CDM ခေါ် အလုပ်မတက်ရေး သပိတ်မှောက်ရာမှာ ပါဝင်နေတာကြောင့် ပြင်ဆင်ဖို့ အခက်အခဲ ရှိနေပါတယ်။
အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေထဲက အယောက် ၂၀၀ ကျော်ဟာ သူတို့အဆိုအားဖြင့် အိန္ဒိယရဲတွေရဲ့ ခြိမ်းခြောက်မှုကနေ အကာအကွယ်ပေးဖို့ နယူးဒေလီမြို့တော်က ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) မှာ လာရောက်ပန်ကြားတဲ့အချိန် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အီတလီနိုင်ငံအခြေစိုက် Benetton အားကစားအဝတ်အထည် ကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့ရဲ့ အဝတ်အထည်တွေ နောက်ထပ်ချုပ်လုပ်တာကို ရပ်လိုက်ပြီလို့ သောကြာနေ့က ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် နေရပ်မပြန်ရဲကြတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်က အကာအကွယ်ပေးဖို့ ပြင်ဆင်နေကြောင်း အမေရိကန်သတင်းဌာန NPR က အစိုးရတာဝန်ရှိသူတဦးကို ကိုးကားပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထပ်မံသတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေအတွက် လက်တုန့်ပြန်မယ့်အကြောင်း အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက်မှာ မြန်မာ့ ပထမဆုံးဂြိုဟ်တုကို ကမ္ဘာ့မြေပြင်အထက် မိုင် ၂၅၀ ကျော်မှာ ရှိတဲ့ ISS နိုင်ငံတကာအာကာသ စခန်းမှာ အသုံးမပြုသေးပဲ ယာယီသိမ်းထားဖို့ ဂျပန်အာကာသအေဂျင်စီ နဲ့ ဂျပန်တက္ကသိုလ်တို့က ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်တက္ကသိုလ် တာဝန်ခံအရာရှိ တွေက ပြောပါတယ်။
ပိုလန်သတင်းထောက် တဦးဟာ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ တရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒုတိယမြောက် အဖမ်းခံရတဲ့ နိုင်ငံခြားသတင်းထောက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ လုံခြုံအောင် အကာအကွယ်ပေးဖို့ မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ပြောဆိုထားကြောင်း ပြင်ပကို ပေါက်ကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ထွန်းလာအောင် အမြန်ဆုံးကြိုးပမ်းဖို့ လိုအပ်နေကြောင်း အမေရိကန် အပါအဝင် ၄ နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ QUAD ခေါင်းဆောင်တွေ ပြောဆိုလိုက်ပါတယ်။
မြန်မာ အာဏာသိမ်း စစ်ကောင်စီက သတင်းထောက်တွေကို ဖမ်းဆီးပြီး တရားစွဲဆိုတဲ့အပေါ် ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ပြစ်တင် ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း အရပ်သားသေဆုံးဒဏ်ရာရတာတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ရုရှားနိုင်ငံက ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရုရှားအစိုးရက ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုတာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံးသွားသူတွေအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတခုကို ဒီကနေ့ညဦးပိုင်းက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဆရာတော်တွေနဲ့အတူ ပြည်သူတွေပါဝင်ပြီး ဒီကနေ့ ငြိမ်းချမ်းစွဲ ဆန္ဒထုတ်ဖော်ပြီးတော့ ပြည်သူလူထုအတွက် ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ သူ့ရဲ့ရှေ့နေက ပယ်ချလိုက်ပါတယ်။မြန်မာစစ်တပ် အုပ်ချုပ်ရေးကောင်စီအနေနဲ့ မတရားစွပ်စွဲ လုပ်ကြံအပုပ်ချနေတာလို့လည်း ရှေ့နေ ဦခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။
ရန်ကုန်က နေရာအသီးသီးမှာ ဒီကနေ့လည်း ဆန္ဒပြပွဲတွေဆက်ရှိသလို စစ်တပ်နဲ့ရဲကလည်း ပစ်ခတ်ဖြိုခွဲရှင်းလင်းဆဲဖြစ်ပြီး ဖမ်းဆီးခံရသူ အရေအတွက်လည်း ပိုတိုးလာနေပါတယ်။ ရန်ကုန်ဘက်က အခြေအနေတွေကိုတော့ ကိုရန်နိုင်က တင်ပြထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအကြောင်း သတင်းရယူရင်းအဖမ်းခံထားရတဲ့ သတင်းသမားတချို့ကို ဒီကနေ့ ဗွီဒီယိုအွန်လိုင်းကနေရုံးထုတ်ခဲ့ပါတယ်။ ထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေထဲမှာ ကျန်းမာရေးချို့တဲ့နေသူတွေရှိတယ်လို့ သူတို့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒီအကြောင်း ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်