မြန်မာနိုင်ငံအတွင်း တင်းမာမှု ကြီးထွားလာနေတဲ့ အခြေအနေတွေကြောင့် ပြည်သူလူထုနဲ့ စီးပွားရေးကို ထိခိုက်မယ့်အရေး အလွန်အမင်း စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေရှိနေပေမယ့် ဆန္ဒပြသူတွေကတော့ ဆက်လက် ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဆန္ဒပြပွဲ နောက်ဆုံး အခြေအနေတွေကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီရေး လိုလားသူတွေကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းနေတာကြောင့် မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာပစ္စည်း တင်ပို့မှုတွေ ပိတ်ပင်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆိုင်းငံ့သွားမယ်လို့ တောင်ကိုရီးယားအစိုးရက ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံသားတွေ မြန်မာပြည်တွင်းက ထွက်ခွာကြဖို့နဲ့ ထွက်ခွာဖို့အခြေအနေမပေးရင်လည်း အိမ်ထဲမှာပဲ နေကြဖို့ ဗြိတိန်အစိုးရက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီး မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေ ပိုကြမ်းလာတာကြောင့်ဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က စစ်တပ်စခန်းတစ်ခုကို KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့က ဒီကနေ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ လူနေရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲတာကြောင့် ကလေးငယ်တချို့ အပါအဝင် အနည်းဆုံး လူ၄ ယောက် ထိခိုက်ခဲ့ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်ဒဏ်ခံစားနေရတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ အတွက် အထောက်အပံ့အဖြစ် ဒေါ်လာ ၁.၉ ထရီလီယံ ကူညီကယ်ဆယ်ရေး ရံပုံငွေချထားပေးဖို့ ကြာသပတေးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ခံစားခဲ့ရတဲ့ တနှစ်မြောက်နေ့ အထိန်း အမှတ်အဖြစ် ြ ပထမဆုံး ရုပ်သံမိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး နိုင်ငံသား သန်းတဝက်ကျော်အသက်တွေ ဆုံးရှုံးခဲ့ရတာအတွက် အောက်မေ့ဂုဏ်ပြုမှုနဲ့ အတူ အနာဂတ် လုပ်ဆောင်မှာတွေကို ပြောကြားမှာ ဖြစ်ပါတယ်။
ဗြိတိန်ကို လာချင်တဲ့ ဟောင်ကောင်ဒေသခံတွေ အတွက် အထူးဗီဇာ လျှောက်ထားနိုင်အောင် ဗြိတိန်အစိုးရက ပြင်ဆင်နေပါပြီ။ ဗြိတိန်နိုင်ငံသား အမြန်လုပ်ပေးမယ့် အစီစဉ်ကို ဗြိတိန်က စတင်ခဲ့တဲ့နောက် အခု သောင်းနဲ့ချီတဲ့ ဒေသခံတွေ လာရောက်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်လက် ပေါ်ပေါက်နေတဲ့အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်း ဖယ်ရှားလိုက်တဲ့ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အာဏာပိုင်တွေက နောက်ထပ်စွဲချက်တွေနဲ့ အရေးယူဖို့ ပြင်ဆင်နေပေမယ့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေမှာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တဲ့ အထောက်အထားတွေ ပိုမိုတွေ့ရှိလာနေရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကပြောလိုက်ပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားတာနေ ဒီကနေ့မှာပဲ အာဏာသိမ်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ပယ်ဖျက်လိုက်တာပါ။ ဒါပေမယ့် သူတို့အဖွဲ့အနေနဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ ပြောင်းမသွားသလို မြောက်ပိုင်းညီနှောင်မဟာမိတ်အဖွဲ့တွေနဲ့ အတူတူရပ်တည်သွားမယ်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကို အထူးစိုးရိမ်တကြီးနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ ထင်ရှားတဲ့ နိုင်ငံတကာဥပဒေအကျိုးဆောင်အဖွဲ့နဲ့ပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာမှာ အရေးယူဖို့ပြင်နေပါပြီ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ကန့်ကွက်ဆန္ဒပြနေသူတွေအပေါ် မြန်မာစစ်တပ်က စစ်ပွဲတွေမှာသုံးတဲ့ လက်နက်တွေနဲ့ အင်အားအလွန်အကျွံသုံးပြီး ဖြိုခွဲနှိမ်နင်းနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Jammu မြို့မှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည် ၂၂၀ လောက်ကို မြန်မာနိုင်ငံပြန်ပို့မယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြီးတဲ့နောက် အခုလိုတောင်းဆိုတာပါ။
မြိုင်မြို့ ဆန္ဒပြပွဲ ဖြိုခွင်းခံရတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - နောင်လင်းဟန်) ~~~ မွိုငျမွို့ ဆန်ဒပွပှဲ ဖွိုခှငျးခံရတဲ့ မွငျကှငျး။ (ဓာတျပုံ - နောငျလငျးဟနျ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အမျိူးသားလုံခြုံရေးအရာရှိ Jake Sullivan တို့ဟာ တရုတ်အဆင့်တူ အရာရှိတွေနဲ့လာမယ့်အပတ်ထဲ Alaska မှာ တွေ့ဆုံဖို့ရှိပြီး ဒါဟာ သမ္မတ ဂျိူးဘိုင်ဒန် အာဏာရယူပြီး ပထမဦးဆုံး အမေရိကန်-တရုတ် ထိပ်တန်းအရာရှိတွေရဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် အမေရိကန် ပြည်ထောင်စုက နောက်ဆက်တွဲ အရေးယူတဲ့ အနေနဲ့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားသမီး ၂ ဦးနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ၆ ခုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူတွေကို ထိုင်းနိုင်ငံက ပြန်မောင်းမထုတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်