မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်မှုကို ရှုတ်ချပြီး စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်ထုတ်ပြန်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူလိုက်ပါတယ်။
ရှေ့လကျရင်ကျင်းပမယ့် ဒေသဆိုင်ရာ အစည်းအဝေးတစ်ခုကိုတက်ဖို့ မြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားသူ ဦးဝဏ္ဏမောင်လွင်ကို သီရိလင်္ကာနိုင်ငံက ဖိတ်ကြားထားတဲ့အတွက် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
အစ္စရေးလ်နွယ်ဖွား ကနေဒါနိုင်ငံသားတစ်ဦးကို မြန်မာ အာဏာသိမ်း စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အမေရိကန် ဒေါ်လာ ၂,၀၀၀,၀၀၀ ပေးပြီး အကျိုးဆောင်အဖြစ် ငှားရမ်းထားတယ်ဆိုတာ အမေရိကန် တရားရေးဌာနရဲ့ မှတ်တမ်းတွေအရ သိရတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ဖို့ အထက်အရာရှိက အမိန့်ပေးခဲ့ပေမဲ့ သူမပစ်ဘဲ ငြင်းခဲ့တယ်လို့ အိန္ဒိယဘက် ထွက်ပြေးခိုလှုံနေတဲ့ ရဲဒုတပ်ကြပ် ထာပန်းက ပြောပါတယ်။
Google အင်တာနက်ပေါ်မှာ မြန်မာစစ်တပ်ဆက်သွယ်ရေး ကုမ္ပဏီတွေကနေ မကြာသေးခင်က ကြော်ငြာထားတာတွေကို ဆန်းစစ်နေပြီး၊ တပ်နဲ့ ဆက်နွယ်တဲ့ Google အင်တာနက် Account လိပ်စာတွေကိုလည်း ဖျက်သိမ်းထားတယ်လို့ Google ကုမ္ပဏီကဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရက စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေကို ကြိုဆိုလက်ခံသွားမယ်ဆိုတဲ့ သတင်းကို ပြောပါမယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က မလွှကုန်းမီးရထားဝင်းကို ရဲနဲ့ စစ်တပ်က ဝင်ရောက် စီးနင်းပိတ်ဆို့ထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က Taliban တွေ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ တိုင်းပြည်ရဲ့နာမည်ကြီး ဗုဒ္ဓရုပ်ထုကို သုံးဘက်မြင်ပုံရိပ်အနေနဲ့ပြန်လည်တွေ့မြင်နိုင်ပါပြီ။
အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီရတ်နိုင်ငံကို တနင်္လာနေ့က အလည်အပတ်ရောက်ရှိခဲ့ပြီး နိုင်ငံရဲ့ ဘာသာရေးနဲ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီက သတင်းထုတ်ဝေခွင့် ပိတ်ပင်ကြောင်း ကြေညာခံရပေမယ့်လည်း DVB ဒီမိုကရက်တစ်မြန်မာ့အသံ၊ မဇ္ဈိမသတင်းဌာန၊ Myanmar Now၊ နဲ့ ခေတ်သစ်မီဒီယာတွေ မူလ အတိုင်း သတင်းလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကြေညာချက် ထုတ်ခဲ့တဲ့ ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးထံ ပြောင်းရွှေ့မိန့် ထုတ်ပြန်ကြောင်း မြန်မာ စစ်တပ်ရဲ့ မြဝတီ ရုပ်သံက အင်္ဂါနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
မြန်မာ စစ်တပ်က ကိုယ့်ပြည်သူတွေ အပေါ်မှာ သေကြေ ဒဏ်ရာရစေတဲ့ အထိ ဆက်လက် အင်အားသုံးနေတာဟာ စက်ဆုပ် ရွံရှာစရာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ မြန်မာ စစ်တပ် အနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ ဆက်ပြီး တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ က ပြောပါတယ်။
“ဒီနေ့ ဆန္ဒပြပွဲကတော့ စစ်တပ်က ဒီနေ့ ပထမဆုံးပါလာတာပေါ့နှော်။ စစ်တပ်ပါလာတဲ့ နေ့မှာပဲ ပထမဆုံး ဖြိုခွင်းခံရတာပါ။ မျက်ရည်ယိုဗုံးသုံးတယ်၊ ပြီးတော့ သေနတ်အစစ်သုံးတယ်၊ ပြီးတော့ ရာဘာကျည်တွေ သုံးတယ်။ ထိခိုက်ဒဏ်ရာရတာက ရာဘာကျည်ထိတာတစ်ယောက် သေနတ် ကျည် အစစ်ထိတာတစ်ယောက်ပေါ့နော်”
တာမွေ - ကျောက်မြောင်း သပိတ်စစ်ကြောင်း၊ ကြည်မြင့်တိုင်၊ သုဝဏ္ဏ၊ လှိုင်မြို့နယ်၊ သမိုင်း - ဗဟိုလမ်း အပါအဝင်၊ မြောက်ဥက္ကလာပနဲ့ တခြားနေရာတွေမှာလည်း ဆန္ဒပြပြည်သူတွေဟာ နီးစပ်ရာအချင်းချင်း စုဝေးပြီး တက်ညီလက်ညီ ဆန္ဒပြခဲ့ကြတာပါ။
မန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အထိ ဖမ်းဆီးခံရသူအများ အပြားရှိနေတာမှာ တချို့ပြန်လွတ်လာသူတွေ ရှိသလို တချို့လည်း ဖမ်းဆီးထားစဉ်သေဆုံးသူတွေ ရှိနေတာပါ။
EU စစ်ဘက်ဦးစီးဌာန (EUMS) ရဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က စစ်ဘက် အုပ်ချုပ်ရေးကောင်စီ ဒုတိယအကြီးအကဲ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တယ်လီဖုန်းကတဆင့် ဆက်သွယ်ပြီး လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုချိန်အတွင်း အဲဒီလို တိုက်တွန်းခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အုပ်ချုပ်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတွေနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တချို့ လက်ရှိပြည်တွင်းအခြေအနေ ရိုက်ခတ်မှုကြောင့် တရုတ်ဂတ်စ်ပိုက်လိုင်း လုံခြုံရေးနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတခု လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
အိန္ဒိယအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက နယ်စပ်အခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တွေကို မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှာကို တားဆီးဖို့အတွက် အမိန့်ထုတ်ပြန်ထားတဲ့အခြေအနေနဲ့ ဒီအမိန့်အပေါ် အိန္ဒိယရောက် မြန်မာတွေရဲ့ အမြင်ကို တင်ပြပါမယ်။
မြောက်ကိုရီးယား အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ မူဝါဒတွေကို အမေရိကန်ဘက်က ပြန်သုံးသပ်နေချိန်မှာဘဲ မြောက်ကိုရီးယားနဲ့ သံတမန်ရေး လမ်းဖွင့်ထားလိုတဲ့ ဆန္ဒကို အမေရိကန်ဘက်က ကြိုပြီး ပြသထားဖို့ ကျွမ်းကျင်သူတွေက သမ္မတ Joe Biden အစိုးရကို တိုက်တွန်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်