စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့ လူထု တောင်းဆို ဆန္ဒပြမှုတွေ နိုင်ငံအဝှမ်း အရှိန်မြင့် ဖြစ်ပေါ်နေချိန်မှာဘဲ အာဏာဖီဆန်ရေး သပိတ်လှုပ်ရှားမှုမှာ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံက လုပ်သားတွေအားလုံး ပါဝင်လာဖို့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေ စုပေါင်းပြီး တိုက်တွန်းလိုက်ကြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်နေကြတဲ့ မြန်မာဘက်ကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာကြသူတွေကို ယာယီ ခိုလှုံရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း မီဇိုရမ် ပြည်နယ် အကြီးအကဲ Zoramthanga က မေးမြန်းခန်း အတွင်း ပြောဆိုကြောင်း ရိုက်တာ သတင်းက တနလာၤနေ့မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူ ဒေါ်ဖြိုးဖြိုးအောင် အပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်အရေး၊ အမျိုးသမီးတွေ စွမ်းရည်မြှင့်တင်ရေး၊ ကျားမ တန်းတူမှု အရေးကိစ္စတွေမှာ ဦးဆောင်နေကြတဲ့ အမျိုးသမီး ၂၁ ဦးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုတွေ တနလာၤနေ့က ချီးမြှင့်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မတ်လ ၈ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောကြားချက်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ တရက် စစ်တပ်က အာဏာသိမ်းပြီး အရေးပေါ်အခြေနေ ကြေညာခဲ့တာအတွက် အလွန်စိုးရိမ်နေကြောင်းနဲ့ အရပ်သားပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေ လုံးဝရပ်ဆိုင်းဖို့ ဂျပန်အစိုးရက ပန်ကြားလိုက်ပါတယ်။
ရန်ကုန်မြို့ စမ်းချောင်းမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ နာရီပေါင်းများစွာ ပိတ်မိနေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က အနီးကပ်စောင့်ကြည့်နေပြီး သူတို့ကို ရဲတွေက အကြမ်းမဖက်ဖို့၊ ဖမ်းးဆီးတာတွေ မလုပ်ဖို့ တောင်းဆိုလိုက်တယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ က ပြောပါတယ်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက တချို့နေရာတွေမှာ လုံခြုံရေးတွေက လမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေနဲ့ အနီးအနားမြို့နယ်တွေက ပြည်သူတွေ လမ်းတွေပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံတွင်း သတင်းဌာနတွေဖြစ်တဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံ၊ မဇ္ဈိမသတင်းဌာန၊ Myanmar Now၊ 7 Day နဲ့ ခေတ်သစ်မီဒီယာတွေရဲ့ လုပ်ငန်းလိုင်စင်ရုပ်သိမ်းလိုက်ပြီလို့ မြန်မာစစ်တပ် အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက်ရော၊ နိုင်ငံတကာအမျိုးသမီးများနေ့ အဖြစ်နဲ့ပါ ကလေးမြို့မှာ မတ်လ ၈ ရက်နေ့ လူထုချီတက်ပွဲ ပြုလုပ်ခဲ့တဲ့ မြင်ကွင်းများ။ ~~~ စဈအာဏာရှငျဆန့ျကငြျရေးအတှကျရော၊ နိုငျငံတကာအမြိုးသမီးမြားနေ့ အဖွဈနဲ့ပါ ကလေးမွို့မှာ မတျလ ၈ ရကျနေ့ လူထုခြီတကျပှဲ ပွုလုပျခဲ့တဲ့ မွငျကှငျးမြား။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်က ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ထဲက ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးကို ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းတာ၊ ဖမ်းဆီးတာတွေ ရှိနေပေမဲ့ ဒီကနေ့မှာလည်း မြန်မာနိုင်ငံတဝန်း လမ်းပေါ် ထွက်ဆန္ဒပြခဲ့ကြတာပါ။
မြန်မာအစိုးရနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို Australia က ဆိုင်းငံ့ထားလိုက်ပြီး မြန်မာအစိုးရ အတွက် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေကို အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေကို ပြောင်းလဲပေးအပ်မှာ ဖြစ်ကြောင်း Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ တင်းမာမှုတွေပြေလျော့အောင် ဘက်မလိုက်ပဲ သမာသမတ်ကျကျ ညှိနှိုင်းပေးလိုတယ်လို့ တရုတ် နိုင်ငံတော်အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi က တနင်္ဂနွေနေ့ မှာ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ရပ်ဆိုင်းအောင် ကြိုးစားတဲ့အနေနဲ့ တနိုင်ငံလုံး “အလုပ်မဆင်း၊ အလုပ်ရပ် လှုပ်ရှားမှု လုပ်ဆောင် ကြဖို့ မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂနဲ့ အဖွဲ့အစည်းပေါင်း ၁၈ ခုက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံအကြပ်အတည်းမှာ နိုင်ငံတကာအခန်းကဏ္ဍ၊ ပြီးတော့ CRPH က နိုင်ငံတကာကို ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာတွေကို ဒေါက်တာမင်းဇော်ဦး (MIPS အမှုဆောင်ဒါရိုက်တာ)၊ ဖဒရယ်နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထက်မင်းလွင်တို့နဲ့ Channel FFE မီဒီယာက ကိုမှူးသစ် မျက်မှောက်ရေးရာဆွေးနွေးခန်းအစီအစဉ်မှာ သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အရေးယူ ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံသားတွေရဲ့ အားကိုးမျှော်လင့်မှုတွေ လျော့ပါးလာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schreiner Bergner က သတိပေးလိုက် ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဗြိတိန်နိုင်ငံက အနီးကပ် ဆက်လက်စောင့်ကြည့်နေသလို မကြာခင် ရက်တွေ အတွင်း လုံခြုံရေးကောင်စီကနေ တဆင့် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်သွားဖို့ ရှိကြောင်း ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward ပြောပါတယ်။
မြန်မာနိုင်ငံမှာ အဖမ်းခံခဲ့ရတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် ပါတီကြီး၂ ရပ်စလုံးပါဝင်တဲ့ အောက်လွှတ်တော် သတင်းလွတ်လပ်ခွင့်အဖွဲ့က ပူးတွဲ ဥက္ကဌတွေ ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ်က Adam Schiff နဲ့ ရီပတ်ဘလစ်ကင်ပါတီဝင် Ohio ပြည်နယ်က Steve Chabot တို့က ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်မှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေသူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ အသက်ဆုံးရှုံးမှုတွေအတွက် ခင်ပွန်းဖြစ်သူ သမ္မတဟောင်း Bush နဲ့အတူ ဝမ်းနည်းကြေကွဲရသလို ဒေါသလည်း ထွက်ခဲ့ရကြောင်း အမေရိကန်သမ္မတကတော်ဟောင်း Laura Bush က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆို။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အမိန့်နာခံဖို့ ငြင်းဆန်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် အိန္ဒိယအာဏာပိုင်တွေက နယ်စပ်လုံခြုံရေး တိုးမြှင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်