မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်လက်အောက်က ရုပ်သံသတင်းဌာန ၅ ခုကို Alphabet Inc ကုမ္ပဏီရဲ့ YouTube ပေါ်ကနေ ဖယ်ရှားလိုက်ပါတယ်။"YouTube ကို အသုံးပြုတာနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာဥပဒေတွေအရ ဗွီဒီယိုအတော်များများနဲ့ ရုပ်သံလိုင်းတွေကို ဖယ်ရှားခဲ့တာဖြစ်တယ်" လို့ ဖြေကြားခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေအပေါ် ရဲနဲ့စစ်တပ်က နှိမ်နှင်းနေတာကြောင့် လူ ၄၉ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ လုပ်ရပ်တွေကိုရပ်တန့်ဖို့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Thomas Vajda က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သတင်းသမားတွေ ဖမ်းဆီးခံရ၊ ထိခိုက် ဒဏ်ရာတွေ ရတဲ့အပေါ် သတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေက သတိပေးနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ဘန်ကောက်မြို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းခဲ့တာအတွက် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဌာနတွေအပြင် ထိပ်တန်းမြန်မာစစ်တပ်ရဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေကို ကုန်သွယ်ရေးဆိုင်ရာ အမည်မည်းစာရင်းထဲ ထည့်သွင်းပြီး အမေရိကန်က ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးလာနေတာဟာ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်နေကြောင်းနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေရပ်ပစ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်ဟာ တရားဝင်မှုမရှိကြောင်းနဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်နေတာအတွက် ဒီစစ်အာဏာရှင်မှာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဂျာမဏီနိုင်ငံက လက်မခံဖို့ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ အကြမ်းမဖက်တဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပူးပေါင်း လာကြတဲ့ ပြည်ပရောက် မြန်မာသံရုံးဝန်ထမ်းတွေ တိုးလာနေပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်၊ မြန်မာနိုင်ငံသံံရုံးက သံဝန်ထမ်း ၅ ဦးဟာ CDM လို့ခေါ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်လိုက်တဲ့အကြောင်း ဒီကနေ့မှာပဲ သူတို့ိကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ အသီးသီး ကြေညာကြပါတယ်။
စစ်အာဏာပိုင်တွေကို ထောက်ပံ့ရာရောက်မယ့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆိုင်းထားလိုက်တဲ့အကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ ကော်မတီကို EU က အကြောင်းကြားခဲ့တယ်လို့ ဂျီနီဗာမြို့အခြေစိုက် ကုန်သွယ်ရေးဆိုင်ရာတာဝန်ရှိသူ တယောက်ရဲ့အပြောကို Reuters သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့အပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတချို့က ပစ်မှတ်ထားဒဏ်ခတ်မှုတွေ လုပ်နေချိန်မှာပဲ ဒီဒဏ်ခတ်မှုတွေကို မမှုတဲ့ပုံစစ်တပ်က တုံ့ပြန်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener ကပြောကြားပါတယ်။ ြ
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်ကို ဆက်ပြီး မနာခံချင်တော့လို့ဆိုပြီး မြန်မာ ရဲတပ်ဖွဲ့ဝင်သုံးဦး အိန္ဒိယနိုင်ငံဘက် ထွက်ပြေး ခိုလှုံလိုက်ပါတယ်။
နိုင်ငံတဝန်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နေတာဟာ အင်မတန် စက်ဆုပ်ရွံရှာစရာဖြစ်တယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီး ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြင်းထန်တဲ့ အသုံးအနှုန်းနဲ့ အပြစ်တင်ထားပါတယ်။
မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်နေတဲ့ ဂျပန် Kirin ဘီယာကုမ္ပဏီကို နော်ဝေး ငွေကြေးစုဆောင်းမှု ရန်ပုံငွေအဖွဲ့ထဲကနေ ထုတ်ပစ်နိုင်ခြေ အလားအလာအတွက် စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းလိုက်ပြီလို့ နော်ဝေးဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ကပြောပါတယ်။
မြန်မာနိုင်ငံထဲက သက်ဆိုင်သူအားလုံးနဲ့ အဆက်အသွယ်ရှိပြီး တင်းမာမှုတွေ လေ ျာ့ကျသွားရေးအတွက် တက်တက်ကြွကြွ တိုက်တွန်းနေပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။
စင်္ကာပူနဲ့ မြန်မာနိုင်ငံအကြား သံသယဖြစ်ဖွယ် ငွေအလွှဲအပြောင်းတွေကို သတိထားစောင့်ကြည့်ဖို့ ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို စင်္ကာပူဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။
မုံရွာ ဆန္ဒပြပွဲအတွင်းကျဆုံးခဲ့သူတွေရဲ့ ဈာပန မြင်ကွင်း။ ~~~ မုံရှာ ဆန်ဒပွပှဲအတှငျးကဆြုံးခဲ့သူတှရေဲ့ ဈာပန မွငျကှငျး။
မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို ပြောကြားခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဒီကနေ့ ရန်ကုန်မြို့အပါအဝင် အနယ်နယ် အရပ်ရပ်မှာ ဆက်လက် ပြုလုပ်နေတာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အကြမ်းဖက် ဖြိုခွင်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်