မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းရာက ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နဲ့တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ဒီရာစုရဲ့ ကမ္ဘာ့အကြီးဆုံး ပထဝီနိုင်ငံရေး အကဲစမ်းမှု တရပ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
၂၀၂၀ အတွင်း ကမ္ဘာတဝှမ်း လွတ်လပ်မှုအညွှန်းကိန်း ၁၅ နှစ်ဆက်တိုက်ကျဆင်းခဲ့ရတယ်လို့ Freedom House အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ငါးပုံတပုံ အောက်ပဲ အပြည့်အဝလွတ်လပ်ကြတာမို့ဒါဟာ ၁၉၉၅ ကတည်းက အနိမ့်ဆုံးအနေအထားပဲလို ့ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်ပေါက်နေပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိုလည်း နိုင်ငံတကာက မျက်ခြေမပြတ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ နှိမ်နင်းရာမှာ လက်နက်မဲ့ အရပ်သားတွေ၊ ကျန်းမာရေး လုပ်သားတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဥရောပသမဂ္ဂ (EU) က ပြောဆိုလိုက်ပါတယ်။
"ဒီကနေ့ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သွေးမြေကျမှု အများဆုံးဖြစ်ခဲ့တဲ့ နေ့တနေ့ ဖြစ်ခဲ့ပြီး ဒီနေ့မှာ သေဆုံးသူ ၃၈ ယောက် ရှိခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် သေဆုံးသူ ၅၀ ကျော်နဲ့ ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း"... အထူးကိုယ်စားလှယ် Christine Schraner Burgener
မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရင်း ကျည်ဆံထိမှန်သေဆုံးခဲ့သူ မကြယ်စင်ရဲ့ ဈာပန အခမ်းအနားဖြစ်ပါတယ်။ သူမဟာ ဒီကနေ့ မတ်လ ၃ ရက် မန္တလေးမြို့ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့သူ နှစ် ဦးထဲက တစ်ဦးလို့ ကနဦးသတင်းတွေအရသိရပါတယ်။ တနိုင်ငံလုံး ဒီနေ့တစ်ရက်ထဲ စုစုပေါင်း သေဆုံးသူ ၃၀ နီးပါးထိ ရှိလာပါတယ်။
ဒီညနေပိုင်းမှာ ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်က ဆန္ဒပြသူတွေ နောက်တစ်ကြိမ်စုဝေးပြီး ဆန္ဒပြကြတာကို စစ်တပ်နဲ့ရဲက ထပ်ပြီး ပစ်ခတ်ဖြိုခွဲတာကြောင့် နောက်ထပ် သေဆုံး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ပရဟိတ ကယ်ဆယ်ရေးလုပ်သားတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲနဲ့ စစ်တပ်က ဒီကနေ့မှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ လူငယ်အများစု ပါဝင်ပြီး ဦးခေါင်းကို တည့်တည့်ပစ်ခံရလို့ သေဆုံးသွားသူတွေရဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ယက်မှာ တွေ့ရပါတယ်။
မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကြမ်းဖက်ပြီး ဖိနှိပ်အကြပ်ကိုင်လို့ မရဘူးလို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိုပါ တောင်းဆိုခဲ့ပါတယ်။
ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူထားတဲ့ စစ်ဘက် အုပ်ချုပ်ရေးကောင်စီက ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံအဖြစ် ခန့်အပ်ကြောင်း အကြောင်းကြားထားသူ ဦးတင်မောင်နိုင် နုတ်ထွက်သွားပြီဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ CRPH ရဲ့ဒီကနေ့ အမိန့်ကြေညာချက် ထွက်လာတာပါ။
မြန်မာလူထုနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အမေရိကန်ပြည်ထောင်စုက ထောက်ခံတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အင်္ဂါနေ့က ပြောခဲ့ပါတယ်။
ကျောင်းသူ ၂၇၉ ဦးကို ပြန်ပေးသမားတွေက ပြန်လွှတ်ပေးလိုက်ပြီး သူတို့ဟာ ကျန်းမာရေးစစ်ဆေးပြီးနောက် မိသားစုတွေထံ ပြန်လည်ရောက်ရှိနေကြပြီလို့နိင်ဂျီးရီးယားနိုင်ငံရဲ့ Zamfara ပြည်နယ်အရာရှိတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တလကျော်လာချိန်ထိ လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြနေကြဆဲ ဖြစ်ပြီး အင်္ဂါနေ့မှာတော့ လုံခြုံရေး တပ်ဖွဲ့တွေက ညပိုင်း အထိ ရပ်ကွက်တွေထဲ ဝင်ပြီး ပစ်ခတ်ခဲ့ပါတယ်။
ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် COVID 19 ကာကွယ်ဆေး အခမဲ့ ဖြန့်ဝေပေးမယ့် Covax အစီအစဉ် အရ လာမယ့် ဇွန်လ မတိုင်ခင် ကမ္ဘာတလွှား COVID 19 ကာကွယ်ဆေး ၂၃၈ ဒသမ ၂ သန်း ဖြန့်ဝေဖို့ စီစဉ်ထားကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြကြတဲ့ တနင်္ဂနွေနေ့မှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ သေနတ်ကျည် ထိမှန် သေဆုံးခဲ့ရသူ တချို့ကို အင်္ဂါနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် ဘယ်သူ့ကို လက်ခံမလဲ ဆိုတာကို ကုလသမဂ္ဂဘက်က စဉ်းစား ဆုံးဖြတ်ဖို့ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ပြန်ပေးဆွဲ လုယူတဲ့ လုပ်ရပ်ဖြစ်သလို ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်စေခဲ့တယ်လို့ အမေရိကန်စစ်တပ် အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် သောကြာနေ့မှာ ဆွေးနွေး ကြဖို့ ဗြိတိန်က ပန်ကြားထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်