မတ်လ ၁ရက်နေ့ ရန်ကုန်မြို့ ဆန္ဒပြပွဲတစ်ခုအတွင်း ရဲနဲ့ စစ်တပ်က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးသုံး နှိမ်နင်းခဲ့စဉ် လူနေတိုက်ခန်းများပေါ်မှ ရေဖြန်းကာ ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြသည်။
လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က မြန်မာစစ်ဘက်ကို တောင်းဆိုလိုက်ပါတယ်။
ဆင်းရဲ နွမ်းပါးတဲ့တိုင်းပြည်တွေကို ကာကွယ်ဆေး ထောက်ပံ့ပေးနေတာမှာ Ivory Coast နဲ့ Ghana နိုင်ငံမှာတော့ ကျန်းမာရေးလုပ်သားတွေနဲ့ မရှိမဖြစ်အရေးပါတဲ့ အလုပ်သမားတွေကို Astra Zeneca ကုမ္ပဏီထုတ်ကာကွယ်ဆေးတွေ တနင်္လာနေ့မှာ စတင်ထိုးနှံပေးနေပါတယ်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခေတ္တပြည်ထောင်စုဝန်ကြီး လေး ဦးကို ခန့်အပ် တာဝန်ပေးလိုက်တဲ့အကြောင်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ကလေးမြို့ဆန္ဒပြပွဲ မြင်ကွင်း။ ~~~ ကလေးမွို့ဆန်ဒပွပှဲ မွငျကှငျး။
မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွဲမှု အတွင်း ဆန္ဒပြသူတွေ သေဆုံး ထိခိုက်ဒဏ်ရာရမှု အပေါ် ဂျာမနီ အစိုးရက အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပြီး ဂျာမနီဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုလည်း တနလာၤနေ့က ဆင့်ခေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်း အဖွဲ့တွင်းက လူပုဂ္ဂိုလ်တွေကို အရေးယူနိုင်ရေး ဗြိတိန်က ဆက်လက် လေ့လာ သုံးသပ်နေတဲ့ အပြင် မြန်မာနိုင်ငံတွင်း စစ်တပ် ထိန်းချုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ စီးပွားရေး လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း သုံးသပ်နေကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က တနလာၤနေ့မှာ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေပါ အဖမ်းဆီးခံနေရတယ် ဆိုတဲ့ သတင်းတွေရရှိတာကြောင့် စိုးရိမ်ကြောင်းနဲ့ ဒီလိုဖမ်းဆီးဟာ COVID-19 ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုအတွက် သက်ရောက်မှုတွေ ရှိနိုင်သလို တခြားမရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကိုပါ ထိခိုက်စေနိုင်ကြောင်း”
အီရန်နျူကလီယားဆိုင်ရာ ၂၀၁၅ နိုင်ငံတကာသဘောတူညီချက် အတွက် ဆွေးနွေးပွဲတွေ ပြန်မစခင် အမေရိကန်ဘက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ချမှတ်ခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေကို အရင် ဖယ်ရှားပေးဖို့ အီရန်က တနင်္လာနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။
“အခုအချိန်ထိတော့ NLD ကို မြန်မာ အစိုးရ အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုထားဆဲ ဖြစ်ပါတယ်” အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အတွက် ကုလသမဂ္ဂ ဘက်က အတတ်နိုင်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တနလာၤနေ့မှာ ပုံမှန် အတိုင်းဘဲ ရုံးတက်ပြီး မူလတာဝန်ကို ထမ်းဆောင်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရေးတောင်းဆိုမှု အပါအဝင် မြန်မာ့အရေး ဆွေးနွေးဖို့ ဒီကနေ့ အင်္ဂါနေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းဝေးတရပ် ကျင်းပဖို့ရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှာမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမ္ဘာတလွှားက မဟာမိတ်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်လက်တွဲဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ က ပြည်သူများရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ နေကြတာကို ဒရုန်းကင်မရာနဲ့ ရိုက်ကူးထားသည့် ဗွီဒီယိုဖြစ်ပါသည်။
မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ဦးခေါင်းကို သေနတ်ထိမှန်သူ သေဆုံးသူ ၂ ယောက်အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပါတယ်။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို မန္တလေးကုတင် ၃၀၀ ဆန့် ဆေးရုံဝန်းက အပြင်မထွက်နိုင်အောင် လုံခြုံရေးတွေကပိတ်ဆို့ခဲ့ပြီး ညနေပိုင်းရောက်မှ ဖယ်ရှားပေးခဲ့ပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် အရပ်သားသေဆုံးမှုတွေနဲ့ ပြည်တွင်းမှာ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရမှုတွေ ခုထိ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က ပြောကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို သတင်းယူနေတဲ့ ဂျပန်အလွတ်တန်း သတင်းထောက်တယောက်ကို ရဲတွေက ခေတ္တ ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ရိုက်တာ သတင်းက ပြောပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းကိစ္စကို ဆွေးနွေးဖို့ အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးအဆင့် အထူး အစည်းအဝေးတစ်ရပ်ကို အင်္ဂါနေ့မှာ ကျင်းပဖို့ရှိလို့ အာဆီယံ သံတမန်သတင်းရပ်ကွက်က သောကြာနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ဖြိုခွင်းရင်း ရန်ကုန်မြို့မှာ ဖမ်းဆီးခံရသူ တွေထဲက တော်တော်များများ ပြန်လွတ်လာပါတယ်။
မြန်မာနိုင်ငံက မြို့ပြတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ ETC ကုမ္ပဏီရဲ့လုပ်ငန်းတွေနဲ့ သတင်းအချက်အလက်တွေကို စင်္ကာပူစတော့ခ်အိပ်ချိန်း Singapore Exchange (SGX) ကုမ္ပဏီက သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်