"ကျနော့်အနေနဲ့ မြန်မာလူထုကရွေးချယ်ထားတဲ့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုသွားမယ်ဆိုတာကို ကနဦးအားဖြင့် တင်ပြလိုပါတယ်။"
ရန်ကုန်နဲ့ မန္တလေးက ဒီကနေ့ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က အင်အားသုံးနှိမ်နင်းခဲ့ပြီး ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး စွဲချက်တင်ခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘဲ ဒီအမှုကို လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စအပေါ် တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က စိုးရိမ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်နဲ့ ဆက်လက်လုပ်ဆောင်နေကြချိန်မှာပဲ ချက်ပြည်သူ့သမ္မတ နိုင်ငံကလည်း အပြည့်အဝ ထောက်ခံပံ့ပိုးပေးနေကြောင်း ချက်သမ္မတ Milos Zeman က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် ဆီကို စာရေးသား အားပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇား ကနေ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ထွက်ခွါပြီး ဘင်္ဂလားပင်လယ်အော် (Andaman Sea) ထဲမှာ မျောနေတဲ့ သဘောၤတစင်းကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က အကူအညီတွေ ပေးနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Anurag Srivastava က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး၊ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ အမေရိကန် အောက်လွှတ်တော်မှာ စတင်ပြင်ဆင်နေပါတယ်။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Barnaul မြို့ တိရိစ္ဆာန်ရုံအတွင်းက ကျားပေါက်တကောင်ဟာ သီချင်းဆိုသလိုမျိုး အသံထွက်အော်မြည်တတ်တဲ့ ဗွီဒီယိုဖိုင်တခု လူမှုကွန်ယက်ပေါ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တင်ထားတဲ့အတွက် လူအများရဲ့ စိတ်ဝင်စားတာကို ခံရပါတယ်။ အေပီသတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံက နောက်ထပ် မြန်မာစစ်အရာရှိ ၆ ယောက်ကို အရေးယူ ဒဏ်ခတ်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရမှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်က တိုက်ရိုက် ထောက်ပံ့နေတဲ့ အစီအစဉ်တွေကို ဆိုင်းငံ့လိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်ပြီး အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့အပေါ် မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ဒီနေ့လည်း နိုင်ငံအနှံ့က မြို့တွေမှာ ဆက်လုပ်နေကြပါတယ်။
Facebook အနေနဲ့ မြန်မာနိုင်ငံက အခြေအနေကို အရေးပေါ် အခြေအနေအဖြစ် ဆက်လက်ကိုင်တွယ်နေပြီး Facebook သုံးစွဲသူတွေနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လုပ်နေတယ်လို့ အဲဒီကြေညာချက်မှာ ပြောထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ အလွတ်သဘောသာဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပါတယ်။
ပုဂံညောင်ဦး ဆန္ဒဖော်ထုတ်ပွဲ မြင်ကွင်း။ ~~~~ ပုဂံညောငျဦး ဆန်ဒဖောျထုတျပှဲ မွငျကှငျး။
အာဏာသိမ်းယူတာနဲ့ပက်သက်ပြီး အကျပ်အတည်းတွေဖြစ်ပေါ်နေတာကြောင့် မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးက အိမ်နီးချင်းနှစ်နိုင်ငံစကားပြောဖို့ထိုင်းနိုင်ငံကို သွားရောက်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ နှိမ်နင်းရာမှာ ကလေးငယ်တွေပါ ထိခိုက်သေဆုံးနေတဲ့အပေါ် ကုလသမဂ္ဂက ထပ်မံသတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မတည်မငြိမ်အခြေအနေ ကြုံနေရချိန်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက နေရပ် ပြန်မပို့ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို နေရပ်ပြန်ပို့လိုက်တဲ့အတွက် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ စစ်တပ်နဲ့ရော ဖယ်ရှားခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပါ ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ထိခိုက်မှာ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်