ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ ရာထူးက နုတ်ထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင်း ပြဿနာရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်တပ်နဲ့ရော အတိုက်အခံအရပ်သားအစိုးရနဲ့ပါ အပြင်းအထန် ဆွေးနွေးပြောဆိုနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့နဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဒီကနေ့ ထိုင်းနိုင်ငံမှာရောက်နေချိန်မှာပဲ ရန်ကုန်မြို့က ထိုင်းနဲ့ အင်ဒိုနီးရှားသံရုံးတွေရှေ့မှာ ဆန္ဒပြသူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လိုရှိနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုများလာမှာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်တဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ထားတဲ့ ဗင်နီဇွဲလား၊ နီကွာရာဂါ၊ ကျူးဘားနဲ့ အီရန်လိုနိုင်ငံတွေ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ရှိမနေသင့်ဘူးလို့ ဝန်ကြီး Blinken က ဝေဖန်ပြောဆိုသွားပါတယ်။
မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဒီကနေ့တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရက အတည်ပြုပြောဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ဟာ သူအာဏာရယူပြီး ပထမဦးဆုံး နိုင်ငံခြားခေါင်းဆောင်တဦးကို တွေ့ ဆုံမှုအဖြစ် ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကို အင်္ဂါနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပါတယ်။
နာမည်ကျော် ဂေါဖ့် ကစားသမား Tiger Woods ကားမှောက်ပြီး ထိခိုက်ဒဏ်ရာရတာကြောင့် ဆေးရုံတင် ကုသနေရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ အခြေအနေတွေအပေါ် အထူးစိုးရိမ်မိကြောင်းဂျပန် နိုင်ငံခြားရေး ဝန်ကြီး Motegi Toshimitsu က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
မြန်မာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းခံထားရသူ အားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။
ကာကွယ်ဆေးထိုးပြီးသူတွေအတွက် စည်းမျဉ်းစည်းကမ်းသစ်တွေ မကြာမီ လာတော့မယ်လို့ကူးစက်ရောဂါဆိုင်ရာ အမျိူးသားဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ Dr. Anthony Fauci က ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အနေနဲ့ အာဏာစွန့်လွှတ်ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်အပ်ရမယ်ဆိုတဲ့ ပြောဆိုထားချက် အတိုင်း အမေရိကန်က ဆက်လက် ရည်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေအပေါ် ခြိမ်းခြောက် နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က သတိပေးလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ ကြာသပတေးနေ့ကျရင် မြန်မာနိုင်ငံကို နေ့ချင်းပြန် သွားရောက်မယ်လို့ ပေါက်ကြားခဲ့တဲ့ အစိုးရညှိနှိုင်းစာတခုထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအသစ် လုပ်မယ့်ကိစ္စ အင်ဒိုနီးရှားနိုင်ငံက ထောက်ခံတယ်ဆိုတာ မဟုတ်ပါဘူးလို့ ဒီကနေ့မှာပဲ ငြင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေအပေါ် အင်အားသုံး အကြမ်းဖက် နှိမ်နင်းတာကို လက်မခံနိုင်ဘူးလို့ ကမ္ဘာ့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကနေ့ပြောပါတယ်။
မုံရှာမွို့က စဈအာဏာသိမျးဆန့ျကငြျ ဆန်ဒပွမွငျကှငျး။ ~~~ မုံရွာမြို့က စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမြင်ကွင်း။
မြန်မာနိုင်ငံသား ၁၂၀၀ ကို မြန်မာရေတပ်သင်္ဘောတွေနဲ့ မြန်မာနိုင်ငံ ပြန်ပို့ဖို့ လုပ်နေတဲ့ မလေးရှား နိုင်ငံရဲ့ လုပ်ရပ်ကို ရပ်ဆိုင်းဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်နေချိန်မှာဘဲ မြန်မာ့ အခြေအနေကို စိုးရိမ်ကြောင်း၊ သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း တရုတ်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအတွက် တာဝန်ရှိတဲ့ စစ်ရေးယန္တရားနဲ့ ချိတ်ဆက်နေသူ နောက်ထပ်နှစ်ဦးကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန (OFAC) က တနင်္လာနေ့ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်