ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို တနလာၤနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီး ဆန္ဒပြပွဲတွေမှာ လူသေဆုံး ထိခိုက်ဒဏ်ရာရစေတဲ့အထိ လုံခြုံရေးအဖွဲ့တွေက အင်အားသုံးနေတာကို ရှုတ်ချခဲ့သလို ဒီလုပ်ရပ်တွေရပ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။
မန္တလေးမှာ စနေနေ့က ဆန္ဒပြပွဲ နှိမ်နင်းခံရမှု အတွင်းမှာ ကလေးတဦး သေဆုံးခဲ့ရပြီးနောက် မြန်မာလုံခြုံရေး အဖွဲ့တွေ အနေနဲ့ ကလေးငယ်တွေ၊ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ဖို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စုဘက်က နောက်ထပ် အရေးယူ ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
သမ္မတဟောင်း Donald Trump လက်ထက် အဆင်မပြေဖြစ်ခဲ့ရတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည် ကုစားဖို့ နှစ်ဘက်ဆွေးနွေးပွဲတွေ ပြန်လည်စတင် ပြုလုပ်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတဝှမ်းလုံး သီတင်းပတ်နဲ့ချီ ကန့်ကွက်နေကြတာမှာ ၂ ငါးလုံးအထွေထွေ သပိတ်ဆင်နွှဲနေကြတဲ့ ဒီကနေ့မှာတော့ မြန်မာနိုင်ငံမြို့ကြီးတွေက ဈေးဆိုင်တွေလည်း ပိတ်ထားကြပါတယ်။
Andaman ပင်လယ်ထဲ စက်လှေတစင်းပေါ်မှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုချက်ချင်း ကယ်တင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေငြာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို အာဏာသိမ်းထားတဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာကို လက်မခံနိုင်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
တင်းမာမှုတွေ တောက်လျှောက်ရှိလာခဲ့တဲ့ အိန္ဒိယနဲ့ တရုတ်နယ်စပ်က အနောက်ဘက် ဟိမဝန္တာဒေသ ရေကန်ကြီးတဝိုက် ဖြန့်ချထားတဲ့ တပ်တွေအားလုံးကို တရုတ်ရော အိန္ဒိယဘက်ကပါ ပြန်ရုပ်သိမ်းလိုက်ကြပြီလို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီး ဂျာမနီ ပြည်ထောင်စု နိုင်ငံခြားရေးရုံးက ဖေဖေါ်ဝါရီ ၂၁ ရက်နေ့စွဲနဲ့ ကြေငြာချက်တစောင် ထုတ်ပြန်ပါတယ်။ ကြေငြာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်ပြီး အာဏာသိမ်းယူထားတဲ့အပေါ် ဆန့်ကျင် ကန့်ကွက်မှုတွေ နိုင်ငံအနှံ့ မြို့တွေမှာ ဆက်လက်ရှိနေပါတယ်။ မနက်ဖြန်ကို ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ဆင်နွဲကြဖို့ ဆန္ဒပြသူတွေ ဆော်သြနေပြီး တနိုင်ငံလုံးက ဝန်ထမ်းတွေအားလုံး ပါဝင်ကြဖို့ တိုက်တွန်းနေပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေအပေါ် သေစေလောက်တဲ့ အင်အားသုံးတာ၊ ခြိမ်းခြောက် နှောင့်ယှက်မှုကို လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကပြောကြားလိုက်ပါတယ်။
အကြမ်းဖက်မှုဖြစ်အောင် ထိခိုက်နစ်နာအောင် မလှုံ့ဆော်ရဆိုတဲ့ စည်းကမ်းကို အကြိမ်ကြိမ် ချိုးဖောက်တဲ့အတွက် ဖယ်ရှားလိုက်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီပြောခွင့်ရက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လမ်းပေါ်ကနေလည်း တချို့က စောင့်ပြီး သူ့ရဲ့နောက်ဆုံးခရီးကို နှုတ်ဆက်ကြပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က သပြေကုန်းအဝိုင်းနားမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေကို ရဲက ပစ်ခတ်နှိမ်နှင်းစဉ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၂၀ ကျော်လာပါပြီ။ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်လမ်းမတွေပေါ်မှာ နေ့စဉ်လိုလို သောင်းနဲ့ချီတဲ့ လူထုဆန္ဒပြမှုတွေအပြင် ဒီသီတင်းပတ်ထဲမှာဆို စစ်သံချပ်ကာ ကားတွေပါ တွေ့မြင်လာရတာနဲ့အတူ မြန်မာ့ဘဏ်လုပ်ငန်း လည်ပတ်မှုဟာလည်း ကစဉ့်ကလျား ဖြစ်လာနေပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်အပေါ် အရေးယူ ဆောင်ရွက်ချက်တွေ ထပ်မံလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ပြောပါတယ်။
ဆန့်ကျင်သဘောထားကွဲလွဲခွင့် အခွင့်အရေးကို အသုံးချတာကြောင့် ဘယ်သူတဦးတယောက်ကိုမှ အန္တရာယ် မကျရောက်စေသင့်ဘူးလို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက စနေနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဆီကို ရှေ့သီတင်းပတ်ထဲ မလေးရှားကနေ ပြန်ပို့ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံသား ၁,၂၀၀ ထဲမှာ သူတို့ဆီမှာ မှတ်ပုံတင်ထားသူ အနည်းဆုံး ၆ ဦး ပါဝင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
လက်နက်မဲ့ အရပ်သားတွေကို အသက်သေစေနိုင်တဲ့ လက်နက်တွေနဲ့ အင်အားသုံး ပစ်ခတ်ဖြိုခွဲတဲ့ ပြစ်မှုကို ဘာအကြောင်းပြချက်နဲ့မှ ခုခံချေပလို့ မရဘူးလို့ စင်ကာပူနိုင်ငံက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို လူ့အသက်ဆုံးရှုံးစေတဲ့အထိ အင်အားသုံး နှိမ်နင်းနေမှုအပေါ် EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borrell က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စနေနေ့က ပစ်ခတ်နှိမ်နင်းတာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပါတယ်။
နောက်ထပ်ကြည့်ရှုရန်