နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်နဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း သရုပ်ဆောင် လူမင်းကို မြန်မာစစ်တပ်က စနေနေ့ညက ဖမ်းဆီးလိုက်ပါတယ်။
မန္တလေးမြို့က ဒီကနေ့ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၂ ဦး သေဆုံးတယ်လို့ မန္တလေးမှာရှိနေတဲ့ ဗွီအိုအေသတင်းထောက်က သတင်းပေးပို့ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာမက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အပြင်းအထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အပြီးတိုင်ချုပ်ငြိမ်းစေရေး လူထုရဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို ဂျပန်အစိုးရအနေနဲ့ အားပေးထောက်ခံပေးပါ ဆိုတဲ့အချက် အပါအဝင် ပန်ကြားချက် ၇ ချက်ပါ အိတ်ဖွင့်ပေးစာတစောင်ကို ချင်းတိုင်းရင်းသား လူငယ်တွေက ဂျပန်သံရုံးရှေ့မှာ သံအမတ်ကြီးလက်ထဲ ထည့်ပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အာဏာသိမ်းလှုပ်ရှားမှုတွေရဲ့ အခြေအနေသုံးသပ်ချက်၊ လူထုဘက်က ရှေ့ဆက်နိုင်တဲ့ ပုံစံ၊ ဒါတွေကို နိုင်ငံရေးသုတေသီ စိုင်းကြည်ဇင်စိုး၊ အထွေထွေသပိတ်ကော်မတီဝင် ကိုလင်းထက်နိုင်တို့နဲ့ ကိုမှူးသစ် မျက်မှောက်ရေးရာဆွေးနွေးခန်း အစီအစဉ်မှာ သုံးသပ်ထားပါတယ်။
G7 ညီလာခံကို အမေရိကန်သမ္မတအဖြစ် ပထမဆုံး တက်ရောက်ဖို့ရှိတဲ့ ဂျိုးဘိုင်ဒန်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူပြီး ဆင်းရဲတဲ့နိုင်ငံတွေကို ဖြန့်ဝေဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာ ကြိုးပမ်းမှုတွေအတွက် မကြာခင်မှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ချထားပေးတော့မှာ ဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေကို ကြေညာဖို့ရှိပါတယ်။
စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ တနေ့တခြား တင်းမာလာပြီး စီးပွားရေးအလုပ်အကိုင်တွေမရေမရာ ဖြစ်လာနေချိန်မှ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေ အတွက် ANA လေကြောင်းလိုင်းက ရန်ကုန်မှ တိုကျို နရီတာလေဆိပ်ကို ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ပျံသန်း ပေးခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို နိုင်ငံတဝှမ်း ဆန္ဒပြနေတဲ့အထဲ ရန်ကုန်မြို့က လူငယ်တွေ ကတော့ သံရုံး အသီးသီးကို သွားရောက်ပြီး သက်ဆိုင်ရာ သံရုံးတွေရဲ့ ဘာသာစကားတွေ အသုံးပြုပြီး ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အီရန်နျူကလီးယား အရေး ၂၀၁၅ နိုင်ငံတကာ သဘောတူညီချက်ပြန်အသက်ဝင်လာရေး အတွက် ညှိနှိုင်းမှုတွေ ပြန်လုပ်မှာ ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်ထပ်ဖြစ်လာစေမယ့် အမှားမျိုးကို ရှောင်ဖို့ဆန္ဒရှိကြောင်း သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့ တရုတ် နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ယူဆကြောင်းတရုတ်နိုင်ငံတော် ကောင်စီဝင်လည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီး လည်း ဖြစ်သူ Wang Yi က ပြောပါတယ်။
မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြင်သစ်ပိုင် Total စွမ်းအင်ကုမ္ပဏီက စိုးရိမ်ပူပန်မိတယ်လို့ပြော ကြောင်း လန်ဒန်မြို့ အခြေစိုက် စီးပွားရေးနဲ့ လူအခွင့်အရေး အရင်းအမြစ်စင်တာ (The Business & Human Rights Resource Centre) က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောကြားပါတယ်။
မြန်မာ ရဲတပ်ဖွဲ့က အင်အားသုံးလို့ ကွယ်လွန်သွားခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲကို ရန်ကုန်မြို့က ဆန္ဒပြသူတွေက ဆေးရုံ ကြီးရှေ့မှာ သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။
နေပြည်တော်က ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲတုန်း ရရှိတဲ့ သေနတ်ဒဏ်ရာနဲ့ ကွယ်လွန် သွားသူ မမြသွဲ့သွဲ့ခိုင် အတွက်အလွန် အမင်း စိတ်မကောင်းဖြစ်မိတယ်လို့ UN ကုလသမဂ္ဂ ပြောခွင့်ရ Farhan Haq ကပြောပါတယ်။
G-7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စကို ဆန့်ကျင်တဲ့အမြင်အပေါ်မှာ တစ်သဘောထားတည်း ရှိကြတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သောကြာနေ့က ပြောပါတယ်။
နေပြည်တော် ဆန္ဒပြပွဲတစ်ခုအတွင်း ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်တဲ့အတွက် ဦးခေါင်းမှာ အပြင်းအထန်ဒဏ်ရာရခဲ့သူ အသက် ၂၀ အရွယ်မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့မှာ ကွယ်လွန်သွားပါပြီ။ ဒီကနေ့ညနေပိုင်းမှာတော့ မမြသွဲ့သွဲ့ခိုင်အတွက် မန္တလေးမြို့၊ ၇၃ လမ်း ၃၈ လမ်းထောင့်မှာ ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။
မြန်မာရဲတပ်ဖွဲ့ကို Drone ဖျက်လက်နက် ရောင်းနေတဲ့ စင်္ကာပူကုမ္ပဏီတစ်ခုက စစ်အာဏာသိမ်းအပြီးမှာ နောက်ထပ်ရောင်းချတာကို ရပ်ဆိုင်းလိုက်ပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံက အဓိကလေဆိပ်နဲ့ လုပ်ငန်းသဘောတူညီချက်တစ်ခုကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ TRD လို့အတိုခေါက်ခေါ်တဲ့ စင်္ကာပူကုမ္ပဏီရဲ့ အရာရှိတစ်ဦးကဆိုပါတယ်။
နေပြည်တော်က ဆန္ဒပြပွဲအတွင်း သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားသူ မမြသွဲ့သွဲ့ခိုင်ဟာ သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလို့ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းဖို့ နိုင်ငံခြား စီးပွါးရေး လုပ်ငန်းကြီးတွေကိုတောင်းဆိုနေကြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတာကြောင့် ကုန်သွယ်ရေးမှာ မရှိမဖြစ်တဲ့ ဘဏ်တွေ၊ အစိုးရဌာနတွေပိတ်ကုန်ကြတဲ့အတွက် ပြည်တွင်းသုံးဖို့ လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းသွားပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှာ အွန်လိုင်းကနေတဆင့် ဒီကနေ့ ရုံးထုတ်ခဲ့တာမှာ ဦးဝင်းထိန်က အမိန့် တခါထဲချပေးဖို့ ပြောခဲ့တယ်လို့ တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်ဖြူဝင်းလတ်က သတင်းထောက်တွေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်