မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်၊ ရှေ့ဆက်မြန်မာနိုင်ငံနဲ့ ဆက်သွယ်လုပ်ဆောင်ရမယ့် ကိစ္စတွေ အပေါ် သတိကြီး ကြီးထားရပ်တည်လုပ်ကိုင်သွားဖို့ ရှိတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ David Malpass က ကြာသပတေးနေ့ကပြောပါတယ်။ ဒါပေမဲ့ လက်ရှိ လုပ် လက်စစီမံကိန်းတွေကိုတော့ အပြီးတိုင် လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။
NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာပါ စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို သတ်မှတ်ချိန်ဖြစ်တဲ့ အမေရိကန်စံတော်ချိန် ၃ နာရီ ၅၅ မိနစ်မှာ အန္တရာယ် ကင်းကင်းနဲ့ ဆင်းသက်နိုင်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူထားတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြ တဲ့ အနေနဲ့ မြန်မာအစိုးရ ဝက်ဘ်ဆိုက်တွေကို မနေ့တုန်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဟက်ကာတွေက မြန်မာနိုင်ငံမှာ တရားမျှတမှု ရရှိစေဖို့ တိုက်ခိုက်ရတာလို့ ပြောပါတယ်။
မြန်မာ အာဏာသိမ်း ဗိုလ်ချုပ်ကြီး ၃ ဦးအပေါ် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုနဲ့ ဗြိတိန်နိုင်ငံက ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံအရေးကို အာရှဒေသတွင်းအင်အားကြီး နိုင်ငံ ၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံကို ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ ပေးအပ်နေတဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်ကြောင်း နော်ဝေနိုင်ငံက ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို တုံ့ပြန်ဖို့အတွက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင်တွေရဲ့ အမည်မဲစာရင်း တစ်ခုပြုစု ဖို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာနကို EU အဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ဥရောပသမဂ္ဂအကြား မနှစ် နှစ်ကုန်ပိုင်းက မူအားဖြင့် သဘောတူညီမှု ရရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အပေါ် အီးယူအဖွဲ့အတွင်းမှာရော၊ အဖွဲ့ပြင်ပကပါ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှု အမြင့်မားဆုံး အချိန်ကို ရောက်နေတာကြောင့် တောင်အာရှ နိုင်ငံတွေကြား ကာကွယ်ဆေးထိုးရေးလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ရေး အလေးပေးဆောင်ရွက်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းမှုကို တုံ့ပြန် အရေးယူမှုအဖြစ် ကနေဒါ နိုင်ငံက မြန်မာ စစ်တပ်က တာဝန်ရှိသူ ၉ ဦးကို ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီလို့ ကနေဒါနိုင်ငံက ကြေညာလိုက်ပါတယ်။
“အခုချိန်မှာ အရေးကြီးဆုံးက နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးအနေနဲ့ မြန်မာစစ်တပ်ကို သံတမန်ရေးအရ၊ စီးပွားရေးအရ ထိရောက်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အာရုံစိုက် လုပ်ဆောင်ရမှာဖြစ်တယ်လို့” လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ပြောသွားတာပါ။
အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်မလုပ်အောင် ရေနံနဲ့ သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်နေတဲ့ လုပ်ငန်းတွေရှေ့မှာ ဒီနေ့ တောင်းဆိုဆန္ဒပြကြပါတယ်။
ရန်ကုန်မြို့ နေရာအနှံ့မှာ ဒီကနေ့လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဝေးပြီးတော့လည်း ကန့်ကွက်ဆန္ဒပြကြပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ထံ ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီး နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ CDM မှာ ပါဝင်သူတွေကို ဖမ်းဆီး နေတာ သီတင်းသုံးပတ်ထဲ ရောက်လာတဲ့အချိန်မှာပဲ လူသိများ တဲ့ ရုပ်ရှင် သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေကို မြန်မာစစ်တပ်က တရား စွဲဆို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းမှုကို အနုနည်းနဲ့ အာခံတဲ့နည်း CDM အပါအဝင် နည်းအမျိုးမျိုးနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေချိန် မှာပဲ မြန်မာနိုင်ငံဗဟိုဘဏ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးတို့ရဲ့ တရားဝင် website တွေဟက်ကာ တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးမားဆုံး မြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်း အမှောင်ကျချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ် သံမျိုးစုံကို ကြားကြရပါတယ်။
ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး နှိမ်နင်းဖြိုခွဲမယ့်အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က ပြောခဲ့အပြီး နောက်တစ်ရက်မှာပဲ အခုလို ဆန္ဒပြပွဲကြီးဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံ အာဏာသိမ်း စစ်ကောင်စီက လင်းအားကြီး မနက် ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်တာ ၃ ရက်ဆက်တိုက်ရှိလာပါပြီ။
စစ်ကောင်စီက ဈေးပြိုင်စနစ်နဲ့ရောင်းမယ်လို့ ကြေညာထားတဲ့ အစိုးရ ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်