ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်နယ်နိမိတ်ထဲမှာ တရုတ်က သူပိုင်နယ်တွေအဖြစ် ကြေညာထားတာကို အမေရိကန်က စိန်ခေါ်ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ပြသတဲ့သဘောပဲဖြစ်ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က မြန်မာစစ်အာဏာသိမ်းမှုအပေါ် ရှုတ်ချလိုက်ပြီး ဒီမိုကရေစီကိုလေးစားဖို့တောင်းဆိုလိုက်ပါတယ်။ ထို့အတူပဲ အခြားသော ကမ္ဘာ့ခေါင်းဆောင်တွေကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးနေတာတွေကို လွှတ်ပေးဖို့တောင်းဆိုနေကြပါတယ်။
ဥရောပမှာတော့ ကာကွယ်ဆေးထိုးတာကို နိုင်ငံကူးလက်မှတ်အဖြစ် အသုံးပြုဖို့မျှော်လင့်ချက်တွေ နီးကပ်လာပါပြီ။
စစ်အာဏာသိမ်း အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အမှုထပ်တိုးလိုက်တဲ့ ကိစ္စကို အမေရိကန် နိုင်ငံခြားရေး ဌာနက ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် တရုတ်ဘက်က မြန်မာ့ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင် ရှုတ်ချဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
မြန်မာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အစိုးရကို တရားမဝင် ဖြုတ်ချပြီးနောက် အကြမ်းဖက်မှုတွေ တွေ့မြင်ခဲ့ရပြီး ဒီကနေ့ ဗုဒ္ဓဟူနေ့မှာတော့ ပိုပြီး အကြမ်းဖက်လာမယ့် အရေးကို စိုးရိမ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုချက်တွေကို ရုပ်သိမ်းပြီး လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ “ စွဲဆိုချက် အားလုံးကို ရုပ်သိမ်းပြီး သူမကို လွှတ်ပေးဖို့ တောင်းဆိုကြောင်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၆ ရက်၊ အင်္ဂါနေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ကလေးမြို့ပေါ်ရှိ လူတန်းစားအသီးသီးနဲ့ ဝန်ထမ်းပေါင်းစုံအပါအဝင် ကျေးရွာတွေကတောင်သူလယ်သမားတွေလည်း ပူပေါင်းပါဝင်ခဲ့ကြတယ်လို့ ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီမူတွေနဲ့ အခြေခံ ဥပဒေနဲ့ ညီတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တရားဥပဒေ စိုးမိုးရေးတို့ကို လေးစားလိုက်နာဖို့ တိုက်တွန်းထားတဲ့ အင်ဒိုနီးရှား နိုင်ငံက မြန်မာ့ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာရှဒေသက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာစစ်ဘက်နဲ့ စီးပွားရေးဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အပြင်းအထန် ဖိအားပေးတာနဲ့ ရင်ဆိုင်နေရပါတယ်။
နေပြည်တော်မှာ လုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ နိုင်ငံခြားငွေစီးဆင်းမှုတွေ တွေ့ရှိထားသလို၊ အချက်အလက်တွေလည်း ရရှိထားပြီးဖြစ်တယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။
ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ The Voice ၊ Eleven ၊ 7Day ၊ Myanmar Times ၊ Frontier တို့က စာနဲ့ ဆက်သွယ်မေးမြန်းတာမှာ တရုတ်သံအမတ်ကြီးက အဲဒီလိုဖြေဆိုထားတာဖြစ်ပြီး အမေးအဖြေ အပြည့်အစုံကို ရန်ကုန်မြို့၊ တရုတ်သံရုံးရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာကြောင့် စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ မလေးရှားအစိုးရက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁,၂၀၀ ကို နေရပ်ပြန်ပို့တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ စိုးရိမ်စရာကောင်းလာပေမဲ့ သာမန်ပြည်သူလူထုကို ထိခိုက်စေနိုင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်တာမျိုးကို မထောက်ခံဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာပြောလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ဒီကနေ့ နောက်ထပ်ပုဒ်မ တစ်ခုထပ်တိုးပြီးတော့ တရားစွဲလိုက်တဲ့အကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။
အရေးပေါ်တာဝန်မယူထားတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတွေ၊ မိသားစုတွေအနေနဲ့ သံရုံးကနေ ဆန္ဒအလျောက် ထွက်ခွာကြဖို့ ခွင့်ပြုလိုက်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ တနင်္လာနေ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်နဲ့ အာဖဂန်အစိုးရတို့ကြား မနှစ်ကစက်တင်ဘာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ခဲ့ချိန်ကစပြီး သတင်းသမားတွေနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ အသတ်ခံရမှု တဟုန်ထိုး များပြားလာတာတွေရတယ်လို့ အာဖဂန်အရေးအကူညီပေးတဲ့ ကုလသမဂ္ဂ UNAMA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ရရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ မြန်မာ စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ တနလာၤနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ စစ်တပ်က အာဏာယူပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ အင်တာနက် ဖြတ်တောက်ဖို့ ဖိအားပေး ခိုင်းစေမှုတွေကို ပြုစုဖော်ပြနေတဲ့ Telenor ဆက်သွယ်ရေး လုပ်ငန်းက ဝန်ထမ်းတွေရဲ့ လုံခြုံရေး စိုးရိမ်မှုကြောင့် ထပ်ပြီး မဖော်ပြတော့ဘူးလို့ တနလာၤနေ့မှာ ပြောပါတယ်။
“အောက်ခြေအဆင့် တာဝန်ရှိသူဘဲဖြစ်ဖြစ်၊စစ်သားတဦးဘဲဖြစ်ဖြစ်၊လမ်းပေါ်ကလူတဦးဦးဘဲ ဖြစ်ဖြစ် အထက်က ခိုင်းလို့လုပ်ရတာပါဆိုပြီး ဆင်ခြေပေးလို့ မရဘူးဆိုတာကိုသိရပါမယ်။အဲဒါနဲ့ အကြောင်းပြလို့မရပါဘူး။ဘယ်အဆင့်ကလူဘဲ ဖြစ်ဖြစ်တာဝန်ယူရ တာဝန်ခံရပါမယ်။ အားလုံးကစောင့်ကြည့်နေပါတယ်”-ကုလလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews
မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဥရောပကုန်သည်ကြီးများအသင်း အပါအဝင် ကုန်သည်ကြီးများအသင်း ၈ ခုက မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ရှိတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းအတွက် အထူးစိုးရိမ်ကြောင်း ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်