အလျင်အမြန်ပြောင်းလဲဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့လူထုကြားမှာတချိန်အတိုင်းတာတခုအနေနဲ့ ရှိနေလိမ့်အုံးမယ်လို့သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ ကမ္ဘာ့လူဦးရေ ၂,၀၀၀,၀၀၀ ကျော်ကို သေစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာအရေးကြီးကြောင်းကိုလည်းသူတို့ကအတည်ပြုပြောခဲ့ကြတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံအခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာနိုင်ဖို့ သတ်မှတ်ထားတဲ့ အခြေအနေ တခုအောက်မှာ ကုလအထူးကိုယ်စားလှယ် လာရောက်ခွင့်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
ထိန်းသိမ်းထားတဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ကို အသုံးချပြီး အနောက်အင်အားကြီးနိုင်ငံတွေအနေနဲ့ ရုရှားကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြောင်း ရုရှားသမ္မတ Vladimir Putin က တနင်္ဂနွေနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပံ့ပိုးပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အစီအစဉ်မှာ ပါဝင်ခြင်းမရှိဖို့ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရက တနင်္ဂနွေနေ့က ကာကွယ်ပြောဆိုလိုက်ပါတယ်။
သေနတ်ပစ်ဖေါက် မျက်ရည်ယိုဗုံးသုံးဖြိုခွဲ၊ အသေအပျောက် ထိခိုက်ဒဏ်ရာ အဖမ်းအဆီးသတင်းအတိအကျမရသေးပါ။ (Citizen Journalist တဦးက ဗီဒီယို ပေးပို့သည်။)
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာအာဏာပိုင်တွေဘက်က အင်တာနက်တွေကို ကန့်သတ်ဖို့ ညွှန်ကြားချက်တွေကို ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံက ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ Telenor ကုမ္ပဏီက ပြောလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု အားကောင်းပြီးတော့ အခုတပတ်မှာ အောင်မြင်မှုရဖို့အတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ဒီနေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်ပြီးတော့ဖြစ်ပွားနေပါတယ်။
အမေရိကန်လွှတ်တော်ကို သူ့ကို ထောက်ခံတဲ့ လူအုပ်ကြီး ဝင်ရောက် စီးနင်းအောင် သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် အပြစ်ကင်းလွတ်ကြောင်း အထက်လွှတ်တော်က စနေနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတကို တိုင်တည်တဲ့ မုံရွာမြို့ဆန္ဒပြပွဲ။ (ဓာတ်ပုံမှတ်တမ်း) ~~~ အမရေိကနျသမ်မတကို တိုငျတညျတဲ့ မုံရှာမွို့ဆန်ဒပွပှဲ။ (ဓာတျပုံမှတျတမျး)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ရန်ကုန်မြို့ခံများ။ ~~~~~ စဈအာဏာသိမျးမှုကို ဆန့ျကငြျဆန်ဒပွကွတဲ့ ရနျကုနျမွို့ခံမြား။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ ဖေဖော်ဝါရီလ ၁၂ ရက်၊ သောကြာနေ့က ပြုလုပ်ခဲ့တာမှာ လူအင်အား ငါးသိန်းလောက် ပါဝင်ခဲ့တယ်လို့ ဦးဆောင်ကျင်းပသူတွေက ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေက စနေနေ့မှာ ဘန်ကောက်က လွတ်လပ်ရေးကျောက်တိုင်ဆီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုနည်းနဲ့ အာဏာဖီဆန် လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး လုပ်ငန်းခွင် မဝင်ရောက်ဘဲနေတဲ့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ကို ပြန်ဝင်ရောက်ဖို့ လက်ရှိ အာဏာသိမ်းယူထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက မနေ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပတ်သက်ခြင်း မလုပ်ဖို့ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေ လုပ်ပြီး စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်ဘဲ ဒီမိုကရေစီလိုလားကြောင်း ပြသနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ အမေရိကန်ဘက်ကလည်း ရပ်တည်နေတယ်လို့ အမေရိကန်သံရုံးက စနေနေ့မှာ တွစ်တာကနေ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလို့ ၁၃ ရက်မြောက်နေ့မှာပဲ ပြည်သူလူထုရဲ့ လုံခြုံဘေးကင်းရေးအတွက် ညအချိန်မတော်မှာ လူထုကိုယ်တိုင် ကြိုးပမ်းကာကွယ်နေကြရပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီးနေတာ သီတင်းနှစ်ပတ်ထဲ ရောက်လာချိန်မှာပဲ ဖမ်းဆီးနိုင်ခြင်း မရှိသေးတဲ့ လူသိများ လှုပ်ရှားတက်ကြွသူတချို့ကို မနေ့တုန်းက မြန်မာစစ်တပ်က တရားစွဲဆို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့ ၈ ရက်မြောက်လာပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တဝန်း ဆန္ဒပြသူတွေထဲမှာ အမေရိကန်နဲ့ တရုတ်သံရုံးတွေ အပါအဝင် နိုင်ငံတကာ သံရုံးတွေရှေ့နဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြသူတွေလည်း အများအပြား ရှိပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေတွေ အားလုံးဟာ တရားမဝင်ဘူးလို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကို ညဘက်တွေမှာ လိုက်ဖမ်းတာတွေ ရှိနေပြီး လူထုကလည်း သိတာနဲ့ ညမထွက်ရအမိန့် ထုတ်ထားတဲ့ကြားကပဲ လမ်းတွေပေါ် အုံနဲ့ကျင်းနဲ့ ထွက်လာပြီး သံပုံးတွေတီးပြီးတော့ တားဆီးကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်