မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၂၁ ဦး ထပ်တိုးပြီး သေဆုံးသူ (၄) ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သောကြာနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်က Cyber လုံခြုံရေး ကျွမ်းကျင်သူတဦးက VOA ကို ပြောဆိုရာမှာတော့ တရုတ်နိုင်ငံက နည်းပညာပိုင်းထောက်ပံ့တာမို့ တရုတ်မှာတရုတ်နိုင်ငံသားတွေကို Great Firewall နဲ့ပိတ်ပင်ထားသလိုပဲ မြန်မာစစ်တပ်က Cyber Firewall ကို စတင်အသုံးချနိုင်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက တစုံတရာ ပြစ်တင်ရှုတ်ချခြင်းမရှိတာကို ကန့်ကွက်တဲ့ ဆန္ဒပြ သူတွေက မနေ့တုန်းက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိနေကြောင်း ဒါဇင်နဲ့ ချီတဲ့ ဖိလစ်ပိုင် လူမျိုးတွေက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ သံပုံးတီး ဆန္ဒပြခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်က အာဏာသိမ်းမှုကို ပြောင်းပြန်လှန်ပစ်ရေး နိုင်ငံတကာ အသိုက်အဝန်းက အခိုင်အမာ ပြောဆိုလုပ်ကိုင်လိမ့်မယ်ဆိုတာကို ပြသလိုက်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။
ဖေဖော်ဝါလ ၁ ရက်နေ့ အာဏာသိမ်းယူပြီးကတည်းက နိုင်ငံရေး ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲ တာဝန် ရှိသူတွေကို ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်က အခုအခါ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လို့ ခေါ်တဲ့ အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေကို အရှိန်မြှင့် ဖမ်းဆီးမှုတွေ ပြုလုပ်လာနေပါတယ်။
လတ်တလော အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်က မနေ့ သောကြာနေ့တုန်းက အကျဉ်းသား ၂၃,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်း သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
မနေ့ သောကြာနေ့က ကျင်းပတဲ့ မြန်မာ့ အရေးကိစ္စ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူး အစည်းအဝေးက မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်ရေး အမြန်ဆုံး ပြန်လည် တည်ဆောက်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။
အမေရိကန်အစိုးရက နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီပေးနေတဲ့ USAID အဖွဲ့က မြန်မာနိုင်ငံအတွက် ပေးနေတဲ့ အကူအညီတွေကို အာဏာသိမ်း စစ်အုပ်စုအတွက် အထောက်အပံ့မဖြစ်အောင် ပြန်လည်သုံးသပ်ပြီး ကူညီငွေ ဒေါ်လာ ၄၂ သန်းကျော်ကို ချက်ချင်း နေရာပြောင်း ကူညီတာတွေ လုပ်ဆောင်လိုက်တယ်လို့ ပြောပါတယ်။
မြန်မာစစ်ဘက်က ရေးသားဖော်ပြတာတွေအားလုံးကို လူတွေမြင်နိုင်အောင် ပို့ပေးတာ လျှော့ချသွားမယ်လို့ Facebook ကပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင်တွေကို ဖမ်းထားပြီးတဲ့နောက် စစ်တပ်ဟာ "သတင်းမှားတွေကို ဆက်ဖြန့်နေတယ်။" လို့ Facebook ကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းဖို့ပြင်ဆင်နေတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းဟာအသေးစိတ် ဆွေးနွေးပြင်ဆင်ဖို့လိုအပ်နေပြီးတော့ အခုအချိန်အခါဟာလည်းဒီဥပဒေကိုပြဌာန်းဖို့ အချိန်အခါကောင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံမှာဖွဲ့စည်းထားတဲ့ ကွန်ပျူတာဆိုင်ရာအသင်းတွေအားလုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပေါ် နည်းလမ်းမျိုးစုံသုံးပြီး အရေးယူဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာက ပြည်တွင်းရေးသာဖြစ်တယ်လို့ တရုတ်နိုင်ငံကပြောပြီး မြန်မာနိုင်ငံတွင်းမှာ အခြေအနေတွေ အေးဆေးပြီးတော့ ပုံမှန်အနေအထားပြန်ရောက်ဖို့ သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ် ပြောဆိုနေတယ်လို့ဆိုပါတယ်။
မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၁,၂၀၀ ကို ပြန်ပို့မယ့်အကြောင်း ရိုက်တာသတင်းမှာဖော်ပြခဲ့ပြီးနောက် မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို ပြန်မပို့သင့်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် စိုးရိမ်ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Chung Eui-yong တို့ စကားပြောအပြီး နှစ်ဘက်လုံးရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ဖော်ပြထားပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ အနီးဝန်းကျင်တဝိုက်မှာ ဒီကနေ့မနက်ပိုင်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာမှာ လုံထိမ်းတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့တာမှာ အနည်းဆုံး (၆) ဦးလောက် ထိန်းသိမ်းခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ပြန်လွှတ်ပေးပြီး အရပ်သား အစိုးရအုပ်ချုပ်မှု ပြန်ပေးရေး အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တောင်းဆိုဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ကို အီးယူ ဥရောပသမဂ္ဂက အဆိုပြု မူကြမ်းတရပ်ကို တင်သွင်းလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးဆိုင်ရာ အကြံပေးနေသူ တဦးဖြစ်တဲ့ အဖမ်းခံထားရတဲ့ Sean Turnell ကို အမြန်ပြန်လွှတ်ပေးဖို့ Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne က ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံတောင်းဆိုလိုက်ပါတယ်။
"အခုအခါ နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မိမိတို့ရဲ့လုပ်ငန်းခွင်တာဝန်များမှာ ပျက်ကွက်နေကြတယ်။အခက်အခဲများကြားက တာဝန်ထမ်းဆောင် နေကြတဲ့သူတွေကိုလည်း နည်းအမျိုးမျိုး အသုံးပြုပြီး နှောင့်ယှက်တားဆီးနေကြတယ်။ ဒီလုပ်ရပ်တွေကို ထိထိရောက်ရောက်ဟန့်တားဖို့ ဆက်လက် ဆောင် ရွက်မယ်"
သမ္မတဟောင်း Donald Trump ကို အထက်လွှတ်တော်မှာ တရားစွဲဆိုထားတာဟာ အခုကြာသပတေးနေ့မှာတော့ အဆုံးသတ်ပိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်