မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအတွက် ပစ်မှတ်ထားအရေးယူမယ့် လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေစာရင်းကို အမေရိကန်ပြည်ထောင်စု အစိုးရက ဖေဖေါ်ဝါရီ (၁၁)ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံဥပဒေသစ်အရ တောင်တရုတ်ပင်လယ်ထဲက နိုင်ငံခြားသင်္ဘောတွေကို ပစ်ခတ်ခွင့်ပြုလိုက်တာကြောင့် အာရှဒေသတွင်းမှာ စိုးရိမ်တင်းမာမူတွေ တိုးလာနေပါတယ်။
တရုတ်သံရုံးရှေ့ဆန္ဒပြပွဲ
အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ အနုပညာရှင်တွေပူးပေါင်းစစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ပွဲမှာ အနုပညာရှင်တွေ အများအပြား ပူပေါင်းပါဝင်လာနေကြပါတယ်။
ဥရောပအနေနဲ့ COVID-19 ကာကွယ်ဆေးတွေကို အတည်ပြုပေးရာမှာရော ထိုးနှံပေးရာမှာပါ နောက်ကျခဲ့တယ်လို့ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula Von der Leyen က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။ သူတို့အနေနဲ့ကာကွယ်ဆေးတွေကို အချိန်မီ ထိုးနှံပေးနိုင်မယ်လို့ အထင်ကြီးခဲ့တယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပိုပြီး ကျယ့်ပြန်ကြီးထွား လာနေချိန်မှာပဲ NLD အစိုးရလက်ထက် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တချို့ကို စတင်ဖမ်းဆီးနေသလို ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ NLD ပါတီဗဟို တာဝန်ရှိသူ တချို့ကိုပါ လိုက်လံဖမ်းဆီး ခဲ့ပါတယ်။
မြန်မာနိုင်ငံက ဒီမိုကရေစီ နည်းလမ်းနဲ့ ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချလိုက်တာကြောင့် မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ တုန်းက စစ်တပ်အာဏာ သိမ်းလိုက်တာကို နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနေတာ ဗုဒ္ဓဟူးနေ့အထိ ၅ ရက် ဆက်တိုက်ရှိလာခဲ့ပါပြီ ။ တချို့နေရာတွေမှာ စစ်တပ်က ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွဲတာရှိနေတဲ့ ကြားက အခုလို ရက်ဆက် ဆန္ဒပြနေကြတာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO နဲ့ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့UNICEF ခေါင်းဆောင်ပိုင်းတွေက COVID-19 ကာကွယ်ဆေးအမြောက်အများ ထုတ်လုပ်ကြဖို့နဲ့မျှမျှတတ ဖြန့်ဝေကြဖို့မေတ္တာရပ်ခံ လိုက်ကြပါတယ်။
ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲတင်သွင်းထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချထားပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို ချက်ခြင်းလာခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးပါလို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပန်ကြားထားတဲ့ စာတစ်စောင်ကို သူ လက်ခံရရှိခဲ့တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုသ် ချန်-အိုချာက ဒီကနေ့ပြောပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲ ၅ ရက်မြောက်နေ့မှာတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်က ဝန်ကြီးဌာနပေါင်းစုံ ဆန္ဒပြတဲ့ထဲ ပါဝင်လာပါတယ်။
ပိုင်ရှင်က ကမ်းခြေအနီးမှာ စွန့်ပစ်လိုက်တဲ့ ရေနံတင်သင်္ဘော MT Iba ပေါ်မှာ မြန်မာတဦး အပါအဝင် သင်္ဘောသား ငါးဦးဟာ ၄ နှစ်နီးပါး ပင်လယ်ထဲမှာပဲ ခက်ခက်ခဲခဲနေထိုင်ခဲ့ရပြီး သူတို့ဟာ ခုချိန်ထိ မြေကြီးပေါ် မနင်းရသေးဘူးလို့ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရ ဖွဲ့နိုင်တဲ့ အထိ အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရ အဖွဲ့နဲ့ NLD ပါတီက တာဝန်ရှိသူတွေကို ဖမ်းပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို ထောက်ခံသူတွေရဲ့ တန်ပြန် ဆန္ဒပြမှုလည်း အနည်းငယ် ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို တရားဝင် မဖြစ်ရအောင် ဥရောပ သမဂ္ဂ EU က အသေအချာ ဆောင်ရွက်မယ်လို့ EU ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Josep Borrell က ဖေဖော်ဝါရီလ ၉ ရက် အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
COVID- 19 ကပ်ရောဂါဟာ ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့၂၀၁၉ ဒီဇင်ဘာလအတွင်း ပေါက်ကွဲပျံ့နှံ့ခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရှိရဘူးလို့တရုတ်နိုင်ငံထဲရောက်ရှိနေတဲ့ COVID-19 ရောဂါဇစ်မြစ် စုံစမ်းဖော်ထုတ်ရေး ကျွမ်းကျင်သူများအဖွဲ့ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အခုချိန်ထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၁,၄၄၈ ဦး ရှိသွားပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump အပေါ် တရားစွဲဆိုမှုကို စစ်ဆေးဖို့ အထက်လွှတ်တော်မှာ အင်္ဂါနေ့က မဲခွဲ အတည်ပြုလိုက်ပါပြီ။ Trump ရဲ့ ရှေ့နေတွေက ဒီလို စစ်ဆေးမှုဟာ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုတာကို အထက်လွှတ်တော်က ပယ်ချလိုက်တာပါ။
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာ့ အရေးကို အမေရိကန်က ဦးစားပေး အဖြစ်ထားရှိပြီး အာဏာသိမ်းတဲ့သူတွေ သိသာတဲ့ အကျိုးဆက် ခံစားရစေရေး အတွက် သုံးသပ် ဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်နေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှု ၄ ရက်မြောက်နေ့ အင်္ဂါနေ့မှာတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၂ ဖက်လုံးမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်