အာရှတလွှား COVID – 19 ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ Shanghai နဲ့ Tianjin မြို့တွေမှာ ဒီကနေ့ ပြည်တွင်း ကူးစက်သူ နှစ် ဦး ရှိပါတယ်။ ကူးစက်သူ တယောက်နှစ်ယောက်ကနေ ပိုများလာမှာကို စိုးရိမ်တဲ့အတွက် ထိန်းချုပ်မှုတွေကို လုပ်နေပါတယ်။ ပြည်ပကပြန်လာသူတွေထဲ ရောဂါကူးစက်သူ ၂၀ လောက်ရှိပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ Remdesivir ကို ကိုဗစ်လူနာကုသတဲ့နေရာမှာ အသုံးမပြုဖို့ တားမြစ်ကြောင်း ကြေညာလိုက်ပေမယ့် အမေရိကန်မှာ ဒီဆေးကို တရားဝင် ဆက်ပြီးအသုံးပြုနေပါတယ်။
နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Ardern နဲ့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်တို့ COVID-19 တိုက်ဖျက်ရေးနဲ့အတူ ဒေသတွင်းအခြားစိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက်မယ့် အကြောင်းတယ်လီဖုန်းကပြောဆိုကြပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်ကြား စစ်ရေးဆက်ဆံမှု အားလုံးကို အပြင်းအထန် ဆန့်ကျင်ကြောင်းနဲ့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီးတဦး ထိုင်ဝမ်ကို လာရောက်တယ်ဆိုတဲ့ကိစ္စကိုလည်း တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောဆိုပါတယ်။
လာမယ့် သီတင်းပတ်တွေအတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုတိုးလာမယ့် အခြေအနေရှိပေမယ့် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်က အစိုးရသစ်ဖွဲ့တဲ့အခါမှာ တာဝန်ထမ်းဆောင်မယ့် ထိပ်တန်းသံတမန်တွေနဲ့ အမျိုးသား လုံခြုံရေးတာဝန်ခံတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
ကျောက်မဲမြို့ မဲဆန္ဒနယ်ရဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူ ဦးထိုက်ဇော် သတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက တနလာၤနေ့မှာ ကြေညာချက်ထုတ်ပါတယ်။
ရွေးကောက်ပွဲအပြီး ကျောက်မဲမြို့နယ်မှာ အနိုင်ရအမတ်တဦးပစ်သတ်ခံရတာအပါအဝင် ထူးခြားဖြစ်စဉ်တွေကို NLD ရဲ့ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို ဗွီအိုအေ(မြန်မာပိုင်း)က ဦးဝင်းမင်း မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၈၀,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ တနင်္လာနေ့ည ၈ နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် ၁,၂၅၉ ယောက်တိုးတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာဟာ ၈၀, ၅၀၅ ယောက်ဖြစ်ပါတယ်။
ဗြိတိန်နဲ့ ဘရာဇီးလ်နိုင်ငံမှာ လူတွေနဲ့စမ်းသပ်နေတဲ့ Astra Zeneca ဆေးကုမ္ပဏီရဲ့ COVID-19 ရောဂါကာကွယ်ဆေးတွေ ကောင်းကောင်း ထိရောက်မှု ရှိတာတွေ့ရကြောင်းနဲ့ ကိုယ့်သဘောနဲ့ ကာကွယ်ဆေး ထိုးစမ်းသပ်ခံထားသူ တယောက်မှ ဆေးရုံတင်ရတာဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မတွေ့ရဘူးလို့ ကုမ္ပဏီက တနင်္လာနေ့မှာပြောပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ G-20 ထိပ်သီးအစည်းအဝေး ပိတ်ပွဲနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား လူတိုင်းအတွက် COVID-19 ကာကွယ်ဆေးရအောင် တတ်စွမ်းသမျှ လုပ်ဆောင်ကြဖို့ ကတိပြုခဲ့ကြပါတယ်။
အီတလီနိုင်ငံ Pompeii ရှေးဟောင်းမြို့မှာ AD ၇၉ ခုနှစ်တုန်းက မီးတောင်ပေါက်ကွဲပြီး တမြို့လုံး ချော်ရည်ဖုံးလွှမ်းခဲ့တဲ့ ဖြစ်ရပ်မှာ လူတွေ အကြီးအကျယ် သေဆုံးခဲ့ရတဲ့အထဲက အမျိုးသား ၂ ဦးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှေးဟောင်းသုတေသန ပညာရှင်တွေ မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်တဲ့ ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ Open Skies Treaty သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စုက တနင်္ဂနွေနေ့မှာ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ Joe Biden က သူ့အစိုးရအဖွဲ့အတွက် တာဝန်ထမ်းဆောင်မယ့်သူတွေရဲ့ ကနဦး အမည်စာရင်းကို အင်္ဂါနေ့ကျရင် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ Mr. Biden ရဲ့ အိမ်ဖြူတော်အမှုထမ်း အကြီးအကဲ ဖြစ်လာမယ့် Ron Klain က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ၇၉,၂၄၆ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ တတိယလှိုင်းအဖြစ် ရိုက်ခတ်ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ဖို့ စည်းကမ်းသတ်မှတ်ချက်သစ်တွေ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို ပြည်နယ်တာဝန်ရှိသူတွေက အတည်ပြုဖို့ကိစ္စကို ရပ်တန့်ခိုင်းမှာ မဟုတ်ဘူးလို့ PA ပြည်နယ်က ဖက်ဒရယ်တရားသူကြီးက ပြောလိုက်ပါတယ်။
ဥရောပမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို အစိုးရတွေက အသေအချာ ကိုင်တွယ်ထိန်းချုပ်မှု မလုပ်ရင် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ကိုဗစ်တတိယလှိုင်း ဖြစ်လာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ COVID-19 ဆိုင်ရာ အထူးသံတမန်က ပြောကြားလိုက်ပါတယ်။
အဝေးရောက် တိဘက်အစိုးရ အကြီးအကဲရဲ့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သောကြာနေ့က သွားရောက်ခဲ့ပြီး ဒါဟာဆိုရင် တရုတ်အတွက် မကျေနပ်စရာကိစ္စတခု ဖြစ်လာနိုင်ပါတယ်။
အာဖဂန်အစိုးရ ညှိနှိုင်းရေးမှူးတွေနဲ့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အမေရိကန်ပြည်ထောင်စုဟာ ဘေးကနေထိုင်ပြီး ကိုယ်တတ်နိုင်တဲ့နေရာက အကူအညီပေးမှာဖြစ်ကြောင်း စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်