ကမ္ဘာတလွှား COVID-19 ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်ဘက်က အဆင်သင့်ရှိကြောင်း တရုတ်သမ္မတ Xi Jinping က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ဥရောပတလွှားမှာ အခုအခါ ၁၅ သန်းကျော်သွားပြီ ဖြစ်ပြီး ကမ္ဘာမှာ ဒီရောဂါဒဏ် အဆိုးဝါးဆုံးခံရတဲ့ဒေသ ဖြစ်လာတဲ့အတွက် ဒေသတွင်းနိုင်ငံတွေက အာဏာပိုင်တွေက အခြေအနေကို ထိန်းနိုင်အောင် Lockdown ချ ကန့်သတ်မှုအသစ်တွေ ချမှတ်နေကြပါတယ်။
ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံ ၂၀ ရဲ့ G-20 အွန်လိုင်းအစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံက ကမကထလုပ်ပြီး စနေနေ့မှာ စတင်ကျင်းပပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်သူ မြန်မာ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်တွေ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းက ရေးပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၃၄ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၇ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ် ဦးထိုက်ဇော်ကို အမည်မသိ သေနတ်သမား ၂ ဦးက ဒီနေ့ည ၆ နာရီကျော်ခန့်က သူ့နေအိမ်မှာ ဈေးဝယ်ဟန်နဲ့ ရောက်ရှိလာပြီး ပစ်ခတ်မှုကြောင့် ဒီနေ့ည ၇ နာရီဝန်းကျင်မှာပဲ ကျောက်မဲဆေးရုံအရောက်မှာ ကွယ်လွန်သွားပါတယ်။
မီရှီဂန်ပြည်နယ်မှာ သမ္မတရွေးကောက်ပွဲရလဒ် ပြောင်းသွားစေမယ့် ဘယ်လိုအချက်အလက်မျိုးမှ သူတို့မှာမရှိဘူးလို့ ပြည်နယ်လွှတ်တော် ခေါင်းဆောင်တွေက ပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ခံ သမ္မတ Joe Biden အနိုင်ရတယ်ဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာ ပြည်နယ် ထိပ်တန်းတာဝန်ရှိသူတွေက သောကြာနေ့က အတည်ပြုခဲ့ကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ CPTPP– အားလုံးပါဝင်သော ပစိဖိတ်ရပ်ဝန်းနိုင်ငံများတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အပေါ် အပြုသဘောဆောင်ပြီး ပွင့်လင်းတဲ့ အမြင် သဘောထား ရှိကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Gao Feng က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။
သောကြာနေ့က အွန်လိုင်းကနေ စတင်ကျင်းပတဲ့ အာရှပစိဖိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ပါ တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်က ကိုဗစ်ကူးစက်မှု အများ-အနည်းအလိုက် အခြေပြ ဇယားကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပုံမှန် ထုတ်ပြန်နေရာမှာ နိုဝင်ဘာ(၁၉)ရက် စာရင်းအရ နိုင်ငံပေါင်း (၂၃၀)မှာ မြန်မာနိုင်ငံက အဆင့် (၇၃)မှာရှိတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သောကြာနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်-ချန်အိုချာ နုတ်ထွက်ပေးရေးနဲ့ ထိုင်းဘုရင်မင်းမြတ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ လျှော့ချပေးရေး တောင်းဆိုနေတဲ့ လက်ရှိ ဆန္ဒပြပွဲတွေမှာ ထိုင်းသံဃာတော်တွေ ပါဝင်ခြင်း မပြုကြဖို့ ၊ ထိုင်း နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က ဗုဒ္ဓဟူးနေ့က အမိန့်ထုတ်ပြန်ထားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းခေါ်ဆိုရင်း ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့တာအတွက် ချီးကျူးပြောကြားပြီး ဒီ ရွေးကောက်ပွဲက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
Gilead ကုမ္ပဏီက ထုတ်တဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 ဝေဒနာရှင်တွေ အတွက် မသုံးကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လမ်းညွှန်ချက် ထုတ်ပြန်လိုက်ပြီးနောက်မှာ ဒီဆေးကို PQ ခေါ် သုံးစွဲဖို့သင့်တော်တဲ့ ဆေးအဖြစ်သတ်မှတ်ထားတဲ့ စာရင်းကနေ ခေတ္တ ရပ်ဆိုင်းထားကြောင်း သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့က သူတို့ရဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် သုံးစွဲခွင့်ပြုဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA မှာ သောကြာနေ့က လေ ျှာက်ထားခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဂျိုးဘိုင်ဒန် အာဏာရလာရင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို ပိုလုပ်လာစေဖို့ အီးယူ ဥရောပသမဂ္ဂက မေ ျှာ်လင့်ကြောင်း G20 ထိပ်သီးအစည်းအဝေး မစခင် တရက်ဖြစ်တဲ့ သောကြာနေ့မှာ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen က ပြောပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ကလေးသူငယ်တွေကို တပ်သားအဖြစ် စုဆောင်းအသုံးပြုနေတာတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ငန်းအစီအစဉ်တရပ်ကို ဒီကနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမှာတော့ အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်မှု နဲ့ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပါတယ်။US, India, Brazil Top COVID Case List
ဗီယက်နမ်ပြည်တွင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ရေးသားဖော်ပြနေကြတာတွေကို ဆင်ဆာလုပ်ဖို့ ဖိအားပေးနေတဲ့အပေါ် မလိုက်နာဘူးဆိုရင် ဗီယက်နမ်မှာ Facebook ကိုပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အကြောင်း Facebook ကုမ္ပဏီတာဝန်ရှိသူတဦးက ပြောပါတယ်။
မလေးရှားနိုင်ငံက ရာဘာလက်အိပ်ထုတ်လုပ်သူတွေဟာ အလုပ်သမားတွေကို အဓမ္မလုပ်အားခိုင်းစေမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်က မနှစ်နှောင်းပိုင်းက အော်ဒါမှာထားတာတွေကို တင်သွင်းမှုတွေ ရပ်တန့်လိုက်ပြီးတဲ့နောက် ကုမ္ပဏီ ပိုင်ရှင်တွေက ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို လုပ်အားခ နစ်နာကြေးတွေ ပြန်ပေးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်