ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ ကြာသပတေးနေ့မှာ အရေးပါတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အွန်လိုင်းတွေ့ဆုံမှုတွေလုပ်ပြီး သူ့အစိုးရ အဖွဲ့ အကူးအပြောင်းကာလ အတွက် ဆက်လက်လုပ်နေသလို သမ္မတ Trumpကတော့ ရွေးကောက်ပွဲရလဒ် ပြောင်းလဲစေဖို့ တရားရေးဆိုင်ရာ ကြိုးပမ်းမှုတွေ ဆက်လုပ်ဆောင်နေတာပါ။
မြန်မာနိုင်ငံမှာ မကြာသေးခင်က လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပ ပြီးစီးသွားပြီဖြစ်တာကြောင့် ရုရှားနိုင်ငံအနေနဲ့ မြန်မာနဲ့ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ဆောင်လိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Maria Zakharova က ပြောကြားလိုက်ပါတယ်။
ဂျာမဏီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက စိုးရိမ်ရတဲ့အခြေနေမှာ ဆက်ရှိနေပေမယ့် နိုင်ငံတွင်း တချို့နေရာတွေမှာ lockdown ချ ကန့်သတ်မှုတွေ အလုပ်ဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ဂျာမဏီ ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ Robert Koch ဌာန အကြီးအကဲ Lothar Wieler က ပြောပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် ခံနေရတာဟာ ဒီနှစ် ၂၀၂၀ ထဲ ဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထားရေး လုပ်ဆောင်မှုကို အနှစ် ၂၀ လောက်အတွင်းမှာ အနည်းဆုံး ဖြစ်သွားစေသလို ဒုက္ခသည်တွေ အတွက် အကာကွယ်ပေးရေးကိုပါ ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ (UNHCR) က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
COVID-19 ရောဂါ ဖြစ်ပွါးစေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတွက် ထိရောက်ပြီး စိတ်ချရတဲ့ ကာကွယ်ဆေး ရဖို့ ကမ္ဘာတလွှားကြိုးစားမှုတွေကနေ ကြာသပတေးနေ့မှာလည်း ဗြိတိန်ဆေးကုမ္ပဏီ ဆီက သတင်းကောင်း ထွက်လာခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်တွေ ဆောင်းရာသီမှာ စောင်၊ အနွေးထည် အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်ပြီး ဆန္ဒပြနေတဲ့သူတွေကို ဥပဒေအားလုံးနဲ့ အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၇၅,၀၀၀ နီးပါးရှိသွားပြီဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မူတွေကို ဆန့်ကျင်ရှုတ်ချထားတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ဆုံးဖြတ်ချက်ကို မြန်မာဖက်က ပြင်းပြင်းထန်ထန်ပြန်ကန့်ကွက်လိုက်ပါတယ်။
တရုတ် ၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံ အစိုးရတွေက ကြောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေဟာ ကနေဒါနိုင်ငံကို ဆိုင်ဘာ-ရာဇဝတ်မှု ကျူးလွန်ဖို့ အဓိက ခြိမ်းခြောက်နေတယ်လို့ ကနေဒါနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရရဲ့လုပ်ပိုင်ခွင့် ဥပဒေတရပ်ကို ဂျာမနီ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြု ပြဌာန်းလိုက်ပြီးနောက် ထောင်ချီတဲ့ ပြည်သူတွေဟာ ဘာလင်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။
အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက လက်ရှိအောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ်ဆက်ပြီး နောက် ၂ နှစ်သက်တမ်း တာဝန်ယူနိုင်ဖို့ပြန်လည် အဆိုပြုလိုက်ပါတယ်။ ဇန်နဝါရီလမှာ ကျင်းပမယ့် အောက်လွှတ်တော်သက်တမ်းအသစ် စတင်တဲ့အခါဒီအဆိုပြုချက်ကို တရားဝင်အတည်ပြုမှာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့်ရက်ကို သတ်မှတ်ပေးရေး မြန်မာအစိုးရကို ဖိအားပေး တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့အတွက် မိတ်ဆွေနိုင်ငံတွေကိုလည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံက မြေအောက်စက်ရုံတွေမှာ ယူရေနီယံ ဗဟိုခွာစက်တပ်ဆင်မှု လုပ်ငန်းတွေ စတင်နေတာ သေချာတဲ့အကြောင်း၊ ကုလသမဂ္ဂအနုမြူ စွမ်းအင်အေဂျင်စီက အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံကတော့ နိုင်ငံရဲ့ ယူရေနီယံသန့်စင်တဲ့ စွမ်းဆောင်ရည်ဟာ အားလုံးခြုံကြည့်ရင် သိသိသာသာ တိုးလာတာမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
အာဖဂန် နစ္စတန် နဲ့ အီရတ်နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန်တပ်တွေကို လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန်ပြည်ထောင်စုကို ပိုပြီး ခေါ်ယူဖို့ရှိ အစီအစဉ်ရှိနေကြောင်း ပင်တဂွန် စစ်အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။
အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေ တာဝန်ခံရမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ၁၂ ကြိမ်မြောက် BRICS ထိပ်သီး ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ခံ သမ္မတ Joe Biden ဟာ အင်္ဂါနေ့က သူရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
သြစတြေးလျနဲ့ ဂျပန်ကြား ကာကွယ်ရေး သဘောတူညီချက် ရပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးက သိသိသာသာ ပြောင်းလဲ တိုးတက်လာကြောင်း သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ COVID -19 ကုသမှု ခံယူပြီး ထိုင်ဝမ်ကို ပြန်လာတဲ့ အမျိုးသား တဦး COVID19 ထပ်မံ ဖြစ်ပွားတာ တွေ့ရကြောင်း ထိုင်ဝမ်ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CECC က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။
Belarus နိုင်ငံမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် သမ္မတ Alexander Lukashenko ကို ထောက်ခံသူတွေအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူဖို့ ဥရောပ ခေါင်းဆောင်တွေကို Belarus အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်