အမေရိကန် အခြေစိုက် Pfizer ဆေးကုမ္ပဏီ က နိုင်ငံတွင်း ပြည်နယ် လေးခုကို စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေး သယ်ယူပို့ဆောင်တဲ့ အစီအစဉ် ကို စတင်စမ်းသပ်ပြုလုပ်လိုက်ပါတယ်။
ရွေးကောက်ပွဲ မဲဆန္ဒနယ်အများစု အနိုင်ရထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ပြီး - Covid -19 ကပ်ရောဂါနောက်ပိုင်း အခက်အခဲပေါင်းစုံ ကို နှစ်နိုင်ငံ အတူတကွကျော်ဖြတ်နိုင်ခဲ့ကြကြောင်း ဖော်ပြပါရှိ။
တမန်တော် မိုဟာမက် ကာတွန်းရုပ်ပြောင်ကို ပြင်သစ်မှာ ထပ်မံ ထုတ်ဝေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ပါကစ္စတန်မှာ ထောင်နဲ့ချီတဲ့ အစ္စလာမ် ဘာသာရေး အယူစွဲ ပြင်းထန်သူတွေ စုဝေးဆန္ဒပြတာကြောင့် မြို့တော် အစ္စလာမ္မာဘတ် အဝင် အချက်အချာ အဝေးပြေး လမ်းမကြီးကို ဒုတိယမြောက်နေ့ လုံခြုံရေး တပ်ဖွဲ့တွေက အဝင် အထွက် ပိတ်ဆို့ထားပါတယ်။
COVID-19 အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး နောက်တမျိုးရလာတာကို အားပေးကြိုဆိုပေမယ့် ဒီဆေးနဲ့ပတ်သက်ပြီး အချက်လက်တွေ ခုထက်ပိုသိရဖို့ လိုနေသေးသလိုကမ္ဘာတလွှား ဒီရောဂါ ကူးစက်မှုကလည်း ထပ်ပြီး တိုးလာနေတာကြောင့် ဒီအချိန်မျိုးမှာ မပေါ့ဆကြဖို့WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ က သတိပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ဆယ်ရက်ကြာ ခရီးစဉ်အတွင်း ပထမဆုံးသွားရောက်တဲ့ ပြင်သစ်နိုင်ငံမှာ ဝန်ကြီး Pompeo ဟာ တနင်္လာနေ့က ပြင်သစ်သမ္မတ Emmanuel Macron နဲ့ တခြားခေါင်းတွေနဲ့ တွေ့ဆုံပြီး စီးပွါးရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
COVID-19 ကပ်ရောဂါ အတွက် ကာကွယ်ဆေးရဖို့ ကမ္ဘာတလွှား ကြိုးစားနေကြချိန်မှာပဲ အမေရိကန်အခြေစိုက် Moderna ဆေးကုမ္ပဏီက သူတို့စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ ၉၄.၅ % ထိရောက်မှု ရှိတာ တွေ့ရတယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ အခု နောက်ဆုံး တကျော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုရဲ့ အဆိုးဆုံး အခြေအနေကို ကျော်လွန်သွားပြီလို့ မြို့တော် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ရဲ့ ကျန်းမာရေး ဝန်ကြီး Satyendar Jain က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စောလျင်စွာ ဌာနေပြန်နိုင်ရေး အတွက် ဂျပန် အစိုးရက မြန်မာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ ဂျပန် သံအမတ်ကြီး Ito Naoki က ပြောဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား ဒီရောဂါ ကူးစက်ခံရသူ ၅၄ သန်းကျော်သွားပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက Joe Biden အနိုင်ရတယ်ဆိုတာကို ပထမဆုံးအကြိမ်အဖြစ် သမ္မတ Donald Trump က အသိအမှတ်ပြုတဲ့ လက္ခဏာ တနင်္ဂနွေနေ့မှာ ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၉၈၃ ယောက်နဲ့ သေဆုံးသူ ၂၅ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
အီဂျစ်နိုင်ငံ Sinai ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ဒီသီတင်းပတ်ထဲ ပျက်ကျခဲ့တဲ့အထဲ အမေရိကန်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပါတယ်။
သမ္မတ Donald Trump ကို ထောက်ခံတဲ့သူတွေ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ မနေ့ စနေနေ့က စုဝေးပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
အာဆီယံ အပါအဝင် အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံ ၁၅ နိုင်ငံဟာ RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေကြား စည်းလုံးညီညွတ်မှု စွမ်းအားကို အကြမ်းဖက်ဝါဒစွဲက ဖြိုခွင်းလို့ မရနိုင်ဘူးလို့ ဂျာမနီပြည်ထဲရေးဝန်ကြီး Horst Seehofer က သောကြာနေ့ ဘာလင်မှာပြုလုပ်တဲ့ အီးယူ ပြည်ထဲရေးဝန်ကြီးတွေရဲ့ အွန်လိုင်းအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
သမ္မတ Trump ရဲ့ သက်တမ်းကာလ နောက်ဆုံးသီတင်းပတ်တွေ အတွင်း ကာကွယ်ရေးဆိုင်ရာမူဝါဒ အကြီးအကျယ် အပြောင်းအလဲလုပ်မှာကို စိုးရိမ်နေကြချိန်မှာပဲ အမေရိကန်ဦးဆောင်တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဌာန ယာယီဝန်ကြီး Christopher Miller ရဲ့ ဌာနဆိုင်ရာ ပထမဆုံး ထုတ်ပြန်တဲ့ စာထဲမှာ ရှေ့နောက်မညီတဲ့ သဘောတွေ တွေ့နေရပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ စနေနေ့ညက မြို့တော် ဘန်ကောက်ရဲ့ အထိမ်းအမှတ် ကျောက်တိုင်အနီးမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ အမေရိကန်နိုင်ငံမှာ သောကြာနေ့က တရက်အတွင်း ကူးစက်မှု ၁၈၄,၅၁၄ နဲ့ နောက်ထပ် စံချိန်သစ်တင်ခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး အထောက်ထားမပါတဲ့ သမ္မတ Donald Trump ရဲ့ ပြောကြားချက်တွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲ အတော်များများကို စနေနေ့က ဝါရှင်တန်ဒီစီမှာ ကျင်းပနေကြပါတယ်။
မြန်မာဘက်ခြမ်း မြဝတီမြို့ကနေ ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ အမှုဖွင့်ခံရမယ့်အကြောင်း ထိုင်း The Nation သတင်းက ရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်