မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာချက် ထုတ်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၂၇၇ ဦး ထပ်တိုးပြီး သေဆုံးသူ ၁၈ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ ပိုပြီး အရေးပါတဲ့အဆင့်ကို ရောက်လာတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Robert O'Brien က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးတခု ရတော့မယ့် အလားအလာ တိုးတက်မှုရှိလာတဲ့အပေါ် သမ္မတ Donald Trump က သောကြာနေ့မှာ ဂုဏ်ယူပြောဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းက ဒီနေ့မှာ ပုံမှန်အတိုင်း ရှိနေပေမယ့် ဟိန္ဒဘာသာဝင်တွေရဲ့ ဒီပါဝလီ မီးထွန်းပွဲတော်ကာလ ဖြစ်နေတာကြောင့် မြို့တော် နယူးဒေလီမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေတာ အိန္ဒိယအာဏာပိုင်တွေ စောင့်ကြည့်နေကြပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး သမ္မတ Donald Trump က အထောက်အထားမဲ့ ပြောဆိုထားတာကို ထောက်ခံတဲ့အနေနဲ့ သမ္မတ Trump ကို ထောက်ခံသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီကနေ့ စုဝေးဆန္ဒပြကြဖို့ ရှိပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကြွေးမြီ သက်သာစေရေး အစီအစဉ် မူဘောင် တစ်ရပ်ကို G-20 နိုင်ငံတွေက သောကြာနေ့က သဘောတူချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ ဩစတြေးလျနိုင်ငံသားတွေ ပြန်လာနိုင်ရေး ဦးစားပေးလုပ်ဆောင်ဖို့ ရှိနေ တာကြောင့် နိုင်ငံရပ်ခြား ကျောင်းသားတွေကို လောလောဆယ် ပြန်လက်ခံဦးမှာ မဟုတ်သေးဘူးလို့ ဩစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ Arizona ပြည်နယ် မှာလည်း မဲအသာစီးရနေကြောင်းနဲ့ အခုလို အသာစီးရနေတယ် ဆိုတာကို သမ္မတဒေါ်နယ်ထရမ့်က လက်မခံကြောင်း အမေရိကန်သတင်းမီဒီယာ တွေမှာ ဖေါ်ပြနေပါတယ်။
တရုတ်နိုင်ငံက လူနည်းစု မူဆလင်တွေကို ဖိနှိပ်ဆက်ဆံနေတာနဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့အပေါ် ပြုမူဆက်ဆံနေမှုတွေအပေါ် ဝေဖန်ပြောကြားကြဖို့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို အမေရိကန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ၇ နိုင်ငံကို သွားရောက်မယ့် ဆယ်ရက်ကြာ ခရီးစဉ်ကို သောကြာနေ့မှာ စတင်လိုက်ပါတယ်။ ဒီခရီးစဉ်မှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာတွေကို ဦးစားပေးဆွေးနွေးဖို့ ရှိပါတယ်။
အာမေးနီးယား ဝန်ကြီးချုပ် Nikol Pashinyan က အဇာဘိုင်ဂျန်နဲ့ ရုရှားတို့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့တဲ့ နောက်မှာ ဗုဒ္ဓဟူးနေ့က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ Nagorno-Karabakh ဒေသမှာရှိတဲ့ အာမေးနီးယား တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေး ထုတ်ဖို့ကြိုးစားမှုတွေ အလ ျှင်အမြန် တိုးတက်မှုရှိလာတာ အတွက် ဂုဏ်ပြုချီးကြူးကြောင်းနဲ့ ဒီကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံအားလုံးက သုံးစွဲနိုင်အောင် လုပ်ရမှာ ဖြစ်ကြောင်း WHO နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ သောကြာနေ့မှာ WHO အကြီးအကဲ က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၃၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၆ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ ရက်ပေါင်း ၇၀ အတွင်းမှာ အများဆုံးဖြစ်လာခဲ့ပြီး တောင်ကိုရီးယားအစိုးရက အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းမတပ်တဲ့သူတွေကို စတင်ပြီးတော့ ဒဏ်ရိုက်နေပါတယ်။
အမေရိကန်မှာ မနေ့ကြာသပတေးနေ့က နေ့စဉ်ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်နဲ့ ဆေးရုံတက်ရသူအရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု စောင့်ကြည့်တဲ့စီမံကိန်းရဲ့ စာရင်းတွေအရတော့ အမေရိကန်မှာ မနေ့က ရောဂါကူးစက်သူ ၁၅၀,၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ရက်က ၁၄၄,၀၀၀ နဲ့ စံချိန်တင်ထားတာထက် ပိုများခဲ့ပါတယ်။
"အမေရိကန်ပြည်သူပြည်သားတွေရဲ့ ရွေးချယ်မှုကို တရုတ်နိုင်ငံက လေးစားပါတယ်။ Mr. Biden နဲ့ Ms. Harris တို့ကို တရုတ်နိုင်ငံက ဂုဏ်ပြုလိုက်ပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Wang Wenbin က ေအောက်တိုဘာ ၁၃ ရက်နေ့ သောကြာနေ့မှာကျင်းပတဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
မဲခေါင်ဒေသနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ်နိုင်ငံတွေကခေါင်းဆောင်တွေဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့နဲ့ ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံ ပြင်ပ သီးခြားဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါအခြေအနေ ဆိုးနေတာကြောင့် အဓိက အားလပ်ရပ်ကြီးတခုဖြစ်တဲ့ Thanksgiving ကျေးဇူးတော်နေ့မှာ နိုင်ငံတဝန်းက မိသားစုတွေတွေ့ဆုံရေး မရေမရာဖြစ်လာပါတယ်။
အာဖဂန်နစ်စတန်စစ်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ စေလွှတ်ခဲ့တဲ့ Australia တပ်သားတွေ စစ်ရာဇဝတ်ပြစ်မှု ကျူးလွန်ခြင်းရှိမရှိ စုံစမ်းဖို့ အထူးစုံစမ်းရေးမှူးကို Australia အစိုးရက မကြာခင်မှာ ခန့်အပ်တော့မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်