လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၂၅၀ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံထားရသူ ၁,၁၄၅ ယောက်ရှိတယ်လို့ ကျန်းမာရေ နဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စုစုပေါင်းဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၆၅,၅၉၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။