အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်တယ်ဆိုတာကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လက်မခံတဲ့အပေါ် သူ့အနေနဲ့ မစိုးရိမ်ပေမဲ့ ဒါဟာ သမ္မတထရမ့်ပ်နဲ့ တိုင်းပြည်အတွက် အရှက်ရစရာပဲလို့ သူယူဆကြောင်း ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေညာထားတဲ့ Joe Biden က အင်္ဂါနေ့မှာပြောပါတယ်။
ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ Veterans Day လို့ခေါ်တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို အမှတ်တရ ဂုဏ်ပြုတဲ့နေ့ဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က မနေ့ကပဲ ဂုဏ်ပြု ချီးမြှင့်မှုတခု ကြေညာခဲ့ပါတယ်။
တိုင်းပြည်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ ယူဆတဲ့ ဘယ်လွှတ်တော်အမတ်ကိုမဆို ဟောင်ကောင်အစိုးရအနေနဲ့ တရားရုံးတင်စရာမလိုဘဲ လွှတ်တော်အမတ်အဖြစ်ကနေ ပယ်ဖျက်နိုင်တယ်လို့ တရုတ် ဥပဒေပြုကော်မတီတခုက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ချက်ခြင်းဆိုသလိုပဲ ဒီလွှတ်တော်အမတ်တွေကို ပယ်ဖျက်လိုက်တာပါ။
လက်ရှိထွက်ပေါ်လာနေဆဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေမှာ အငြင်းပွားစရာတွေရှိနေပြီး ဥပဒေနဲ့မညီတာတွေ ရှိနေကြောင်း အထောက်အထားအခိုင်အလုံ မပြပဲ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဌ ဦးသန်းဌေးက မနေ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရကြောင်း ပြီးခဲ့တဲ့ စနေနေ့က ဂျိုးဘိုင်ဒန် ကြေညာခဲ့ပြီးတဲ့နောက် အာရှနဲ့ အာဖရိကမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။ အဲဒီထဲမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရပြီး တစ်ရက်အကြာမှာပဲ နောက်ထပ်ပင်တဂွန် ထိပ်တန်း အရာရှိတစ်ဦး ရာထူးကနုတ်ထွက်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတ လောင်း Jod Biden အနိုင်ရကြောင်း ခန့်မှန်းသတ်မှတ်ထားမှုတွေကို လက်မခံ ဘဲ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်ကို အရေးကြီးတဲ့ ရစ်ပတ်ဘလစ်ကန် ပါတီ ခေါင်းဆောင်တွေက ထောက်ခံမှု ပေးနေကြပါတယ်။
နိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပတဲ့ မြန်မာရွေးကောက်ပွဲ ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ထပ်ခြေလှမ်းအဖြစ် မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပါပလင်ကန် အမတ် Mitch McConnell က မနေ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
”ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အဆုံးအဖြတ်ဥပဒေ ၂၀၂၀” (Rohingya Genocide Determination Act of 2020) ကို ဒီသတင်းပတ်အတွင်း အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်းဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာအရေအတွက် ၁,၂၆၆ ယောက်ရှိကြောင်း အတည်ပြုလိုက်တဲ့အတွက် ရောဂါကူးစက်သူ စုစုပေါင်း ၆၃,၂၄၁ ယောက်ရှိပြီဖြစ်ပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူ ၂၄ ယောက်ရှိတဲ့အတွက် အခုထိသေဆုံးသူပေါင်း ၁,၄၆၁ ယောက်ရှိပါတယ်။
ပြီးခဲ့တဲ့ အပတ်ထဲ ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ မဲပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် ရှေ့နေချုပ် Bill Barr က ပြည်ထောင်စုတရားရုံးရှေ့နေတွေကို ခွင့်ပြုမိန့်ထုတ်ပြန်ပေးလိုက်ပါတယ်။
ဂျပန် အစိုးရအနေနဲ့ နောက်တက်လာမယ့် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သလို တိုင်းပြည်ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း အင်ပြည့်အားပြည့် ဆက်လက် အကူအညီ ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ပါရှိကြောင်း ဂျပန်အစိုးရက ပြောပါတယ်။
Nagorno-Karabakh ဒေသမှာ သီတင်း ၆ ပတ်ကြာ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေပေါ်ပေါက်ပြီး လူ ၁,၃၀၀ ထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ အင်္ဂါနေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဟောင်ကောင်ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးအောင်လုပ်ဆောင်ရာမှာ အဓိက ပါဝင်နေသူတွေတာဝန်ယူ တာဝန်ယူမှု ရှိလာစေဖို့ အမေရိကန်က အခုလိုလုပ်ဆောင်တာလည်း ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး အောင်မြင်မှု သတင်းနဲ့ Joe Biden အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိတယ်ဆိုတဲ့ သတင်း တွေက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို မြင့်တက်သွားစေခဲ့တာကြောင့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ရုတ်ချည်း ဦးမော့သွားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က နောက်တက်လာမယ့် သမ္မတအဖြစ် Joe Biden နဲ့ ဒုသမ္မတအဖြစ် Kamala Harris တို့ကို တနင်္လာနေ့မှာ ဂုဏ်ပြုကြိုဆိုလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်မှုအတွက် လူတွေ စိတ်ပျက်လာနိုင်ပေမယ့် ဒီရောဂါပိုးကတော့ မမောမပန်းဆက်ပြီး ဒုက္ခပေးနေမှာ ဖြစ်တာကြောင့် ဒီရောဂါတိုက်ဖျက်ရေးကို မနားမနေ ဆက်လက်လုပ်ဆောင်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲကို ကျန်းမာရေးအရ လုံခြုံမှုရှိရှိနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာကွယ်ရေးဝန်ကြီး Mark Esper ကို အလုပ်တာဝန်ကနေ ရပ်စဲလိုက်ကြောင်း တနင်္လာနေ့မှာ တွစ်တာကနေ ရေးပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲကာလအတွက် အရေးပါတဲ့ခြေလှမ်း တရပ်ဖြစ်တဲ့ နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေ နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှုတွေ ရှိနေကြောင်း တနင်္လာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်